ZCD will use Zomi instead of Chin during campaign for Election

ZCD ပါတီမှ ချင်းဟူသည့်အမည်အစား ဇိုမီးဟုပြောင်းလဲရေး စည်းရုံးရေးကာ လတွင် ထည့်သွင်းလုပ်ဆောင်မည်
=========================
၎၊ ဇွန် ၂၀၁၅
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) ပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲစည်း ရုံးရေးကာလများတွင် ချင်းဟူသည့် အမည်အား ဇိုမီးဟုအမည်ပြောင်း လဲရေးကိုပါ အဓိကထားပြီး စည်းရုံးရေးကာလတွင် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌပူးကျင်ရှန်ထန်က ဇွန်လ(၄) ရက်နေ့တွင် ပြောသည်။
ပူးကျင်ရှန်ထန်က “ ချင်းဆိုတဲ့စကားလုံးက မူရင်းစကားလုံးမဟုတ်ဘူး။ ချင်းပြည်နယ်မှာရှိတဲ့ မြို့နယ်တိုင်း၊ လူမျိုးတိုင်းရဲ့စကားလည်းမဟုတ်ဘူး။ အပြင်ကလာတဲ့အခေါ်အဝေါဖြစ်တယ်။ ဒီကျွန်တော်တို့ရဲ့ ပါတီမူဝါဒကို လက်ခံတဲ့သူလည်းရှိတယ်။ လက်မခံသေးတဲ့သူလည်းရှိတယ်။ ကျွန်တော် တို့စည်းရုံးရေးလုပ်တဲ့အချိန်မှာ ဒါကိုထည့်သွင်းသွားမှာဖြစ်တယ်။ ဒါပေမယ့် ဒီတစ်ခုတည်းကိုလုပ်မယ်ဆိုတာမျိုးမဟုတ်ဘူး။ ကျန်တာတော့ တခြားပါ တီတွေနဲ့အတူပါပဲ။ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး၊ ဖွဲ့စည်းပုံပြင် ဆင်ရေးတွေဖြစ်တယ်” ဟုပြောသည်။
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ခုနှစ်ကဇိုမီးအမျိုးသားကွန်ကရက် အမည်ဖြင့် ပါတီထောင်ယှဉ်ပြိုင်ခဲ့ကာ တစ်နေရာအနိုင်ရရှိခဲ့သည့်ပါတီဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် အဆိုပါအမည်မှ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ဟုပြောင်းလဲ မှတ်ပုံတင်ရရှိခဲ့သည်။
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းပြည် နယ် တီးတိန်မြို့၊ တွန်းဇန်မြို့နှင့် စစ်ကိုင်းတိုင်း ကလေးမြို့၊ တမူးမြို့နယ်များ တွင်ဝင်ရောက်အရွေးခံမည်ဖြစ်သည်။
“ ကျွန်တော်တို့ပါတီကတော့ လေးမြို့နယ်မှာယှဉ်ပြိုင်မယ်။ မဲဆန္ဒနေရာ အများဆုံး (၁၅) နေရာလောက် ယှဉ်ပြိုင်မှာဖြစ်တယ်” ဟုပူးကျင်ရှန်ထန် ကပြောသည်။
ZCD ပါတီအနေဖြင့် ကိုယ်စားလှယ်လောင်းများကို နိုင်ငံတော်အစိုးရမှ ရွေးေ ကာက်ပွဲအောင်နိုင်ရေးဖွဲ့ခွင့်ပေးပြီး စည်းရုံးရေးလုပ်ဆောင်ခွင့်ပေးလာသည့် အချိန်တွင်သာ အောင်နိုင်ရေးဆိုင်းဘုတ်များထောင်ပြီး ကိုယ်စားလှယ် များ၏ အမည်စာရင်းကိုပါ တစ်ပါးတည်း ကြေညာသွားမည်ဖြစ်ကြောင်းအဆိုပါ ပါတီမှ သိရသည်။ 
Src: Chin World
Photo: Google
Previous
Next Post »
0 Komentar