ကုလားတန်မြစ်တံတားအား အတည်ပြုချက်ရယူ၍ ဆောက်လုပ် သွားမည်

ဇွန်လ ၁၀ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပလက်ဝ မဲဆန္ဒနယ်မှ ဦးပိုက်လင်းက ကုလားတန်မြစ်ကူးတံတား သံကူကွန်ကရစ် သံပေါင် ကြိုးတံတား တည်ဆောက် ပေးစေ လိုရေး ကိစ္စနှင့် စပ်လျဉ်း၍ မေးခွန်းမေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒု-ဝန်ကြီး ဦးစိုးတင့်က ကျောက်တော် - ပလက်ဝ လမ်းပေါ်ရှိ ကုလားတန်မြစ်တံတား (ပလက်ဝ) အားဆောက်လုပ်ရန်အတွက် အသေးစိတ် ပုံစံထုတ်လုပ်ခြင်းနှင့် ခန့်မှန်း ကုန်ကျစရိတ် တန်ဘိုးများ တွက်ချက်ပြီးပါက ဒုတိယ(၅)နှစ် စီမံကိန်း၏ ပထမနှစ်ဖြစ်သော ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် တွင် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ အတည်ပြုချက်ရယူပြီး တည်ဆောက်သွားမည် ဖြစ်ပါကြောင်းပြန်လည် ဖြေကြားခဲ့ပါသည်။

မေးမြန်းဖြေကြားချက်အပြည့်အစုံသို့=>
Previous
Next Post »
0 Komentar