Showing posts with label Burmese News. Show all posts
Showing posts with label Burmese News. Show all posts
မလေးရှား ကွာလာလမ်ပူ မြို့, ပူချွန်း ရပ်ကွက် မှာလူသတ်မှု ဖြစ်ပွား
Thang Sian Dim
€€€€€€€€€€€€€€€€€€€€€€€€€€€€€€€ ဖေဖော်ဝါရီလ (၁၆)ရက်နေ့ ကွာလာလမ်ပူ မြို့ ပူချုန်းရပ်ကွက် မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုမှာ ခလုပ်တိုက်မိတာ မဟုတ်ပဲ ဖန်ရန်ဖန်ကာ တမင်သက်သက် တိတိကျကျ အကွက်ဆင် သတ်ဖြတ် မှုဖြစ်ကြောင်း ပေါ်လွန် ထင်းရှားခဲ့ပါတယ်။ ထောင့်စုံမှကြည့်လျှင် ထောက်ပြ စရာ အများကြီးရှိတယ် ဆိုတာတော့ ထပ်ပြီးတော့ ပြောစရာ လိုမယ် မထင်ပါဘူး။ ဇန္နဝါရီလ (၂၅) ရက်နေ့က မောင် သက်ဝေ ဆိုသူ ၏ ပိုက်ဆံ မလေးရှားရိန်းဂစ် ၅ထောင် လောက် ပျောက်သွား တယ်လို့သိရပါတယ်။ ဤအကြောင်းနင့် ပတ်သက် ပြီးတော့ မောင် သက်ဝေ က သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေတင် မက အခန်းဖော် ဖြစ်သည့် မြန်မာနိုင်ငံ သားတွေကို တစ်ယောက်ပြီးတစ် ယောက် ခိုးသူဟု စွပ်စွဲ အပြစ်ဆိုခဲ့သည်။ ထိုအပြစ်တင် ဆူပူ ခြင်းကို သူ၏ အလုပ်ရှင်(သူဌေး) သိတော့ မောင် သက်ဝေအား ပျောက်သွားတဲ့ ပိုက်ဆံ အတွက် ရိန်ဂစ် ၂ထောင် ပေးပြီး မင်းဒီလောက်နဲ ကျေနပ် လိုက်ပါ၊ နောက်လို့ထပ် ပြဿ နာ မရှာနဲ့တော့ လို့ ပြောခဲ့ပေမဲ့မောင် သက်ဝေ မှာ သူ့ရဲ့ ဒီလို ဖြစ်ရပ် ကြံစည် မှုကို လက်မလွတ်နိင်ဘူး ဖြစ်နေသည်။ သူတို့ အိမ်ခန်း မှာ တဆိုင်တမှာည်းမှာပဲ အလုပ် လုပ်ကိုင် သည့် ဗမာ နှစ်ဦး မောင် အောင်စုဦး နင့် သူငယ်ချင်း ၊ မွန် လူမျိုး လင်မယား နှစ်ဦး ရေ ပြီးတော့ သေဆုံးသူ မထန်ရှင်းဒိမ်း နဲ့ သူ့ အမျိုးသား ဦး ခိုင်ရှင်းခမ် တို့ လင်မယားရေ.. သူ့ မောင်လေး ပြောင်ဒိတ်ရှင်းမွမ်း တို့ အတူတူ နေရကြောင်း သိရှိရပါတယ်။ ဤ ကိစ္စ နင့် ပတ်သြက်ပီးတော့ ထို မွန်အမျိုးသမီးက မောင် သက်ဝေ အား သွေးထိုးကာ ပြောဆိုနေတဲ့အတွက် မောင် သက်ဝေ မှာလဲ သံသယ က ကြီးမား လာတယ် ပေါ့။ ပြီးတော့ မထန်ရှင်းဒိမ်း တို့ အိမ်ခန်း နံရံ မှာ လူတစ်ယောက်စာ လောက် အပေါက်ရှိတယ် လို့လည်း သိရပါတယ်။ ထို အပေါက် ဟာ အစကတည်း က ရြှိပီးသား မဟုတ်ပါဘူး ။ ဒီလို အခြေအနေရောက်ခါနီး မှ ခိုးသူ ဟု စွပ်စွဲ ကောင်းအောင် မောင်သက်ဝေ ဖက်မှ တမင် ဖောက်ထားတာ ဖြစ်ပါ တယ်။ ဒီလိုနဲ သူတို့ ကိစ္စ က အတော်လေးကို ကြီးမား လာပြီး ဖေဖဝါရီ ၁၆, ၂၀၁၆ , မနက် ၀၆:၀၀နာရီ လောက်မှာ သေဆုံးသူ ၏ ခင်ပွန်း ဖြစ်သော ဦး ခိုင် ရှမ်း ခမ် ၊ မောင် သက်ဝေ နင့် သေဆုံးသူ မ ဒီဒိမ်း ရဲ့ မောင်လေး မောင် ပြောင် ဒိပ် ရှမ်း မွမ်း တို့ အတူ အလုပ်အတူတူဆင်း ကြတာဖြစ်တယ်။ ပြီးတော့ အဲဒီနေ့ နေ့ မနက် ၀၈း၀၀ နာရီ လောက်မှာ မောင် သက်ဝေ က ဆိုင်ရဲ့ အနောက်ဘက် ကနေ ခိုးထွက် ကာ အိမ်ခန်းသို့ ပြန်သွားပြီး ယခုလို လူသတ်မှု ကျူးလွန် ခဲ့တယ် လို့ သိရပါတယ်။ ဤ အကြောငး်ကို ဦးခိုင်ရှမ်းခမ် က သူ့ဘေးကလူတွေ ဖုန်းပြောနေတာကို မသင်္ကာ လို့ ချက်ချင်း အိမ်သို့ လိုက်သွား သော်လည်း မ ဒီဒိမ်း ရဲ့ ဒဏ်ရာက ပြင်းထန်လွန်း သည့်အတွက် သူမရဲ့ အသက်က်ိုပါ ဆုံးရှုံး သွားပါတယ်။ လူသတ်မှု ဖြစ်ပွားခဲ့တဲ့ အခင်းမှာ သူတို့နင့် အတူ ဗမာ နှစ်ယောက်ရေ၊ ထားဝယ် သားအမိ နစ်ယေက်ရေ ရှိနေတယ် လို့လဲ သိရပါတယ်။ အကယ်လို့ ဒီလို လူသတ်မှု ဖြစ်စဉ်မှာ သူတို့က တားဆီး ပိတ်ပင် လိုက်ရင်တော့ ဒီလို ရက်ရက်စက်စက် လူသတ်မှု မျိုးဖြစ်ချင်မှ ဖြစ်မယ် ထင်ပါတယ်။ ပြီးတာနဲ မောင်သက်ဝေ အား ဘေးမှာရှိနေတဲ့ သူတွေက ထွက်ပြေးခိုင်း တယ် လို့လည်း သိရပါသည်။ သေဆုံးသူ မ ထန်ရှင်း ဒိမ်းရဲ့ ဒဏ်ရာ ကတော့ ဗိုက်နှင့် လည်ပင်း မှာ ဓားဒါဏ်ရာ ကြီးကြီးကျယ်ကျယ်ရရှိထားတယ်ရလို့ သိရပါတယ်။ ဒါတွေမက သူမက်ို သချၤိုင်းကုန်းမှာသွား သူဂြိုလ် တုန်း က သူ့ဆံပင်တွေ တစ်စည်းစာလောက် ကျွက်ကျနေတယ် လို့လဲ မျက်မြင် သက်သေ တွေကပြောပါတယ်။ ထို့ကြောင့် ဤသို့သတ်ဖြတ်မှုမှာ ဓားနဲ့ တစ်ခါတည်း ဝင်ထိုးတာ မဟုတ်ဘဲ ခွန်အားဗလ နင့် အနိင်အထက် ကျင့်နေမယ် လို့ ထင်မြင် ယူဆ ရပါတယ်။ သေဆုံးသူ မထန်ရှင်းဒိမ်း ရဲ့အလောင်းဘေးမှာ ဓားနှစ်လက် ရှိနေတယ် လို့လည်း သိရပါတယ်။ ဘေးက ရှိနေတဲ့ လူတွေကလဲ တားဆီး ပိတ်ပင် မယ့် အစား မောင်သက်ဝေနင့်အတူ လူသတ်မှုကျူးလွန်မှာ မဟုတ်ဘူး လို့ ဘယ်သူမှမပြော နိင်ပါဘူး ။ ဒီလိုရက်ရက် စက်စက် သတ်ဖြတ် မှုကြောင့် ကျွန်တော်တို့ အတိုင်းအဝိုင်း၊ ဆွေမျိုး တွေတောင်မက အနီးအနား ရှိ မိတ်ဆွေ သိင်္ဂဟများလည်း ယုံကျုံး မရ နာကျင် ကြေကွဲ ခဲ့ရပါသည်။ မြန်မာ တနိင်ငံလုံးရဲ့ ဂုဏ် သိက္ခာ ကို လည်း ထိပါး စော်ကား ခဲ့ပါတယ်။ ဒီအဖြစ်အပျက် နဲ့ ပတ်သက်ပြီး မလေးရှားရဲ ကို တိုင်တန်း ခဲ့သော်လည်း အခုထိ အမှု လိုက် စစ်ဆေးပေးတာ မျိုး၊ လူသတ်မှုကျူးလွန်သူ မောင်သက်ဝေ ကိုကော ဖမ်းဆီးထိန်းသိမ်းတဲ့ သတင်း ဘာမှ မကြာရသေးပါဘူး။ ဒီမှုခင်းက အဓိကလူသတ် တရားခံမှာ ဘာမှ စာရွက်စာတမ်း အထောက်အထား မရှိထားဘူး လို့လဲ သိရှိရပါတယ်။ ဒီ လို ရက်ရက်စွာ သတ်ဖြတ်တဲ့ မှုခင်းကို ပြန်လည် စမ်းစစ်ကြည့်လိုက်သော် တိုင်းရင်းသားတွေကို အကြမ်းဖက်သော တိုက်ခိုက်မှု ဟုလည်း တစ်ဖက်နင်း မစောင်းသောအမြင်ဖြင့်တွေ့မြင်နေရ ပါတယ်။ ပေးပို့သူ သေဆုံးသူ အတိုင်းအဝို်င်းမှ မှတ်ချက်။ ။ ဤအမှုနဲ့ ပတ်သက်ပြီး အကြောင်းတစ်ခုခု ထူးခဲ့လျှင်တတ်နိုင်သလောက် ပြန်လည် တင်ဆက်ပေးမည်ဖြစ်ကြောင်း။
ဒီမိုက​ရေစီနှင့်​ လူ့အခွင့်​အ​ရေးပါတီ
ဒီမိုက​ရေစီနှင့်​ လူ့အခွင့်​အ​ရေးပါတီ
၁။ ဥက္ကဋ္ဌ - ဦးကျော်မင်း
၂။ ပါတီဝင်အရေအတွက် - တစ်သောင်းခန့်
၃။ ၀င်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်အပါအ၀င် မဲဆန္ဒနယ် ၄၀ ခန့်တွင် ၀င်ရောက်ယှဉ်ပြိုင်မည်။
၎။ ပါတီဆောင်ပုဒ်နှင့်မူဝါဒ - ဒီမိုကရေစီနှင့်လူ့အခွင့်အရေး ရှင်သန်ရေး။
၅။ ကိုယ်စားလှယ်လောင်းသတ်မှတ်ချက် - လူကောင်းဖြစ်ရမည်။ ပြည်သူလက်ခံနိုင်မည့်သူဖြစ်ရမည်။ နိုင်ငံရေးအတွေးအမြင်နှင့် အတွေ့အကြုံရှိသူဖြစ်ရမည်။
တိုင်းရင်းသားပြည်သူများနှင့် ဆက်ဆံရေးပြေပြစ်သူဖြစ်ရမည်။
၆။ ရန်ပုံငွေ - ဗဟိုအလုပ်အမှုဆောင်အပါအ၀င် ပါတီဝင်များ၏ ထည့်ဝင်ငွေဖြင့် အဓိကလည်ပတ်သည်။
၇။ ပါတီနောက်ခံသမိုင်းကြောင်း ​-၁၉၉၁ က ဖျက်သိမ်းခဲ့သော အမျိုးသားလူ့အခွင့်အရေးနှင့် ဒီမိုကရက်တစ်ပါတီကိုအခြေခံ၍ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီကို
၂၀၁၃ မတ်လ ၁၃ ရက်တွင် ခွင့်ပြုမိန့် အမှတ်စဉ် (၆၃) ဖြင့် တည်ထောင်ခဲ့သည်။
ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ
လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လိုမျိုးစွမ်း ဆောင်နိုင်မလဲ။
နိုင်ငံတစ်နိုင်ငံဆိုရင် ဦးတို့သိထားတာ ဖွဲ့စည်းပုံတစ်ခုရှိရမယ်။ အဲဒီတော့ ဖွဲ့စည်းပုံတစ်ခုရှိနေတာပဲ။ အဲဒါကို ဘာကိစ္စပြင်ဆင်ဖို့လိုသ လဲဆိုတဲ့ ရည်ရွယ်ချက်က အရေးကြီးတယ်။ ရည်ရွယ်ချက်သည် အများ ပြည်သူအတွက်ဆိုရင် မြန်မာပြည်မှာရှိတဲ့ လူမျိုးစုံအားလုံးအတွက် ကောင်းမယ်ဆိုရင် ဒါပြင်ဆင်ရမှာပဲ။ လက်ရှိဖွဲ့စည်းပုံကိုစစ်အစိုးရက ဦးဆောင်ပြီး ရေးဆွဲခဲ့တာကိုး။ ဒီတော့တချို့တချို့ကိစ္စတွေက ပြည်သူ တွေအတွက် မကောင်းတာရှိတယ်။ စစ်တပ်သြဇာလွှမ်းမိုးမှုများတယ်။ ပြင်ဆင်ရမှာပဲ။ ဦးတို့က ပြင်ဆင်ရမယ်ဆိုတာကို အခြေခံအားဖြင့် သ ဘောတူတယ်။ ဒီဖွဲ့စည်းပုံကို မြန်မာပြည်မှာ လက်ရှိရှိနေတဲ့ လက်နက် ကိုင် အဖွဲ့အစည်းတွေကလည်း ပြင်ဆင်ချင်တယ်။ အဲဒီတော့ ဖွဲ့စည်း ပုံမပြင်နိုင်ရင် သူတို့ကလည်းငြိမ်းချမ်းရေးယူမှာမဟုတ်ဘူး။ အစိုးရနဲ့ မယူဖို့ဆိုတာကများတယ်။
လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်မှာဘယ်လိုပါ ၀င်ဆောင်ရွက်ဖို့ရှိပါလဲ။
Peace Process ဆိုတာ အခုအကျိုးစီးပွားနှစ်ခုက ဘာဖြစ်နေလဲ။ အားပြိုင်မှုရှိနေတယ်။ အဲဒါအကြမ်းအားဖြင့်ပြောတာ။ အတိအကျပြော ဖို့တော့ ခက်တယ်။ တစ်ဖက်က တိုင်းရင်းသားလူမျိုးစုများ၊ နောက် တစ်ဖက်က လက်ရှိအုပ်ချုပ်နေတဲ့ အုပ်ချုပ်သူများပေါ့။ အုပ်ချုပ်တဲ့ အထဲမှာ တပ်ကလူများတာကိုး။ တချို့တိုင်းရင်းသားတွေက ပွင့်ပွင့် လင်းလင်းပြောရင် ဗမာနဲ့တိုင်းရင်းသားလူမျိုးစုများနဲ့ အားပြိုင်မှုလို့မြင် နေတယ်။ အဲဒီအမြင်ပျောက်ဖို့လိုတယ်။ ဗမာလည်းတိုင်းရင်းသားပဲ။ တိုင်းရင်းသားလည်း တိုင်းရင်းသားပဲ။ အားလုံးအတူတူပဲ။ ဒီနိုင်ငံအ ကျိုးစီးပွားအတွက် တူတူလုပ်ရမယ်။ ပူးတွဲလုပ်ရမယ်။ ညီတူညီမျှလက် တွဲပြီးတော့ မြန်မာဆိုတဲ့စိတ်ဓာတ်နဲ့ လုပ်ရမယ်။ အဲဒီစိတ်ဓာတ်ဖြစ် အောင် ပထမဆုံးလုပ်ရမယ်။ မဟုတ်ရင် ဒီသံသယကအလယ်မှာရှိနေ ရင် ဗမာနဲ့တိုင်းရင်းသားများဆိုတာ အဲဒါမကောင်းဘူး။ တိုင်းပြည်အ တွက်။ အဲဒါဖြစ်လာဖို့အတွက် တိုင်းရင်းသားတွေရဲ့တောင်းဆိုမှုတွေ ကိုလည်း ပြည်မဗဟိုအုပ်ချုပ်တဲ့သူတွေက အထိုက်အလျောက် လိုက် လျောပေးရမှာပေါ့။
စီးပွားရေးနဲ့ပတ်သက်လို့ကော ပြည်သူတွေရဲ့ဝင်ငွေနဲ့ ထွက်ငွေမျှတ အောင် ဆောင်ရွက်ပေးဖို့ရှိပါသလား။
အခွင့်အလမ်းမရှိတဲ့သူကို အခွင့်အလမ်းရှိတဲ့သူက၊ အာဏာမရှိတဲ့ သူကို အာဏာရှိတဲ့သူက ခေါင်းပုံဖြတ်တာ။ ဒီစနစ်တွေပျောက်မှပဲတိုင်း ပြည်စီးပွားရေးတိုးတက်မယ်လို့ ဦးတို့ကခံယူတယ်။
အကယ်၍ သမ္မတရွေးချယ်ခွင့်ရမယ်ဆိုရင် ဘယ်လိုလူမျိုးက သမ္မတ ဖြစ်သင့်တယ်ထင်ပါလဲ။
အများစုကထောက်ခံအားပေးပြီးတော့ တင်လိုက်တဲ့သူက ပိုပြီး သိက္ခာရှိမယ့်သူဖြစ်မယ်။ ပိုပြီးတော့ အားရှိမယ့်သူဖြစ်မယ်။ ဂုဏ်ရှိတဲ့ သူဖြစ်မယ်။ပါဝါလည်းပိုများလာမှာပေါ့။ အဲဒီတော့ လွှတ်တော်တစ်ခု က ရွေးတဲ့သမ္မတထက် မဲပေးပိုင်ခွင့်ရှိတဲ့ပြည်သူအားလုံးက မဲထည့်ပြီး တော့ တက်လာတဲ့သမ္မတသည် ပိုပြီးတော့ ဂုဏ်သိက္ခာရှိသော၊ အာဏာ ရှိသော၊ ကြည်ညိုလေးစားဖို့ကောင်းသော သမ္မတဖြစ်မယ်လို့ဦးလေးက ခံယူတယ်။
ဘာကြောင့်ပြည်သူတွေက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီကို မဲပေးသင့်လဲ။
ဦးတို့က လွယ်လွယ်နဲ့ရှင်းရှင်းပဲ ပါတီနာမည်ပြောတာနဲ့ ပြည်သူ တွေက နားလည်သွားပြီ။ ကျွန်တော်တို့ဆီမှာ ဒီမိုကရေစီလည်းအပြည့် အ၀မရှိဘူး။ နာမည်(အမည်)ခံပဲရှိတယ်။ လူ့အခွင့်အရေးဆိုတာတော့ အများကြီးဆုံးရှုံးနေတယ်။ ဒီပါတီက အဲဒါတွေကို ဖော်ဆောင်ပေးမယ်။ ထိန်းသိမ်းပေးမယ်။ အဲဒါတွေရှိလာဖို့အတွက် ရုန်းကန်ပေးမယ့်ပါတီဆို တော့  ဒီပါတီကိုမဲထည့်ရမယ်လို့ သူတို့ခံယူမှာပါ။
ပါတီဥက္ကဋ္ဌအသက်-(၇၀)နှစ်
ပညာအရည်အချင်း-B.Com, B.Ed
နိုင်ငံရေးအတွေ့အကြုံ-၁၉၈၈ အရေးအခင်းတွင် ပါဝင်လှုပ် ရှားမှုကြောင့် အလယ်တန်းကျောင်းအုပ်အဖြစ်မှ ထုတ်ပယ်ခံရ။ အမျိုး သားလူ့အခွင့်အရေးနှင့် ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင်၊ ၁၉၉၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ပြီး အရွေးခံရ၊ လွှတ်တော်ကိုယ် စားပြုကော်မတီ (CRPP)တွင်ပါဝင်၊ ၂၀၀၅ တွင် မိသားစုဝင် လေးဦးနှင့် အတူ ထောင်ဒဏ် ၄၇ နှစ်ချမှတ်ခံရပြီး ၂၀၁၂ တွင် သမ္မတလွတ်ငြိမ်းချမ်း သာခွင့်ဖြင့် လွတ်မြောက်လာ။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။
အလုပ်အကိုင် -အလယ်တန်းကျောင်းအုပ်(ငြိမ်း)၊ နိုင်ငံရေးသမား
စံပြပုဂ္ဂိုလ် - မိဘ
ဆက်သွယ်ရန်လိပ်စာ-  ၀၉-၇၃၂၄၇၈၈၇
Src: 7day Daily
တို့ဗိုလ်ချုပ်ကို အမှန်တကယ် ဘယ်သူသတ်ခဲ့သလဲ (အပိုင်း ၂)
ဦးနေမင်းဟာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကာလမှာ ဘီဘီစီသတင်းဌာနကို သတင်းပေးပို့လို့ စစ်ထောက်လှမ်းရေးတွေရဲ့ဖမ်းဆီးမှုကို အကြိမ်ကြိမ်ခံခဲ့ရသူဖြစ်ပြီး ၂ဝ၁၁မှာ ပြန်လည်လွတ်မြောက်လာခဲ့သူ သတင်းသမားတစ်ဦးဖြစ်ပါတယ်။ ဗိုလ်ချုပ်နဲ့ရင်းနှီးတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စက်ရောင်က ဂဠုန်ဦးစော ဗိုလ်ချုပ်အောင်ဆန်းနဲ့ အစိုးရအဖွဲ့ကို လုပ်ကြံဖို့ ဗမာပြည်ဆိုရှယ်လစ်ပါတီက ဇာတ်လမ်းဆင်ခဲ့တာလို့ အင်းစိန်ထောင်ထဲမှာ သူ့ကိုပြောခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးနေမင်းက ပြောပါတယ်။
အောင်ဆန်းအက်တလီစာချုပ်အတွက် ဗိုလ်ချုပ်တို့ လန်ဒန်ကိုသွားတဲ့အချိန် လွတ်လပ်ရေးကို အနုနည်းနဲ့မရရင် အကြမ်းနည်းနဲ့တောင်းဖို့ပြင်ဆင်ချိန်မှာ ဗမာပြည်ဆိုရှယ်လစ်ပါတီနဲ့ ပြည်သူ့ရဲဘော်အောက်ခြေပိုင်းတွေမှာ ကြိုတင်ပြင်ဆင်ခဲ့ပြီး ဆိုရှယ်လစ်ပါတီ လူငယ်စစ်ရေးခေါင်းဆောင်အဖြစ် စောရန်နောင် ပြည်သူ့ရဲဘော်ဘက်က ဗိုလ်စိန်မှန်ကို နာမည်တွေတင်ခဲ့ကြပါတယ်။ ဒါပေမယ့် ဗြိတိသျှနဲ့စာချုပ်ချုပ်နိုင်ခဲ့လို့ အကြမ်းနည်းနဲ့ဖြေရှင်းတဲ့လမ်းကို မရောက်ခဲ့ပေမယ့် လုပ်ကြံမှုကြီးပြီးလို့ ဦးစောအိမ်မှာ ဖမ်းဆီးမိတဲ့လက်နက်တွေထဲ စောရန်နောင်ရဲ့သေနတ် ပါခဲ့ပါတယ်။ စောရန်နောင်ကို ပဲခူးမှာ ဆိုရှယ်လစ်တွေကဖမ်းဆီးမိခဲ့ပြီး ဆယ်မိုင်ကုန်းမှာထွက်ပြေးလို့ ပစ်သတ်လိုက်တဲ့ဆိုတဲ့စကား ဗိုလ်စက်ရောင်သံသရှိနေတယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရခြင်းရဲ့နောက်ကွယ်မှာ ဗြိတိသျှတွေရဲ့လက်ချက်ပါတယ်ဆိုတဲ့ စွပ်စွဲချက်တွေ အများကြီးထွက်ခဲ့ပါတယ်။ ဒါပေမယ့် လက်ဆုတ်လက်ကိုင် ဘယ်သူ့ကိုမှ မပြနိုင်ခဲ့ပေမယ့် အခုတော့ ဒီလုပ်ကြံမှုရဲ့ နောက်ကွယ်မှာ ဆိုရှယ်လစ်တွေဘယ်လိုပါလာတာလဲ။ သခင်ကြည်ရှိန်က စောရန်နောင်ရဲ့သေနတ်နံပါတ်ကိုပါ အတိအကျသိပြီး ဆိုရှယ်လစ်ပါတီက ပါတီနာမည်ပျက်နိုင်တာမို့ နှုတ်ပိတ်တာဖြစ်နိုင်တယ်လို့ သူ့ကိုပြောခဲ့တယ်လို့ ဦးနေမင်းက အခုတော့ ဖွင့်ချလိုက်ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ယူဂန္ဓာနိုင်ငံအကျဉ်းထောင်မှာ ဗြိတိသျှတို့ရဲ့အကျဉ်းသားအဖြစ် ဖမ်းဆီးခံနေရတဲ့ နန်းရင်းဝန် ဦးစောဟာ မြန်မာပြည်မှာဖြစ်ပျက်ပြောင်းလဲနေတာတွေနဲ့ အဆက်ပြတ်နေခဲ့ပါတယ်။ လူငယ်ခေါင်းဆောင်မှု ပေါ်လာချိန်မှာတော့ ဗြိတိသျှဟာ သူ့ကိုအသုံးချဖို့ မြန်မာပြည်ပြန်ခေါ်လာခဲ့ပါတယ်။ ဘုရင်ခံအမှုဆောင်အဖွဲ့ထဲပါတဲ့ ဦးစောဟ ဆိုရှယ်လစ်ပါတီရဲ့ ထိပ်တန်းခေါင်းဆောင် ရန်ကုန်ဘဆွေရဲ့ သေနတ်နဲ့ချောင်းမြောင်းပစ်ခတ်ခဲ့တာကြောင့် မျက်စိတစ်ဖက်ကွယ်ခဲ့ရပါတယ်။ ရန်ကုန်ဘဆွေဟာ ပြည်သူ့ရဲဘော်နဲ့ဦးစောကို ရန်တိုက်ပေးဖို့ ဘာ့ကြောင့်လုပ်ခဲ့တာလဲ။
၁၉၄၇ ဖေဖော်ဝါရီမှာ ပြည်ထဲရေးဝန်ကြီးတာဝန်ယူလိုက်တဲ့ ဆိုရှယ်လစ်ပါတီခေါင်းဆောင် ဦးကျော်ငြိမ်းဟာ ဆိုရှယ်လစ်တွေကိုပဲ လက်နက်လိုင်စင်တွေထုတ်ပေးခဲ့တာကြောင့် ပြည်သူ့ရဲဘော်နဲ့ ဆိုရှယ်လစ်ကြား အကွဲအပြဲတွေ စခဲ့ပါတယ်။ လုပ်ကြံမှုကြီးနဲ့ပတ်သက်လို့ ဦးစောကိုဖမ်းဆီးချိန်မှာ ဖော်ကောင်ဘညွန့်နဲ့ စောရန်နောင်တို့က လုပ်ကြံမှုအတွက် သွေးထိုးလှုံ့ဆော်ခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ ဘညွန့်နဲ့စောရန်နောင်တို့ဟာ ဦးစောရဲ့တပည့်အရင်းတွေမဟုတ်ဘဲ ဦးကျော်ငြိမ်း ပြည်ထဲရေးဝန်ကြီးဖြစ်မှ ဦးစောနားကိုရောက်လာသူတွေပါ။ ဦးနေမင်းပြောတဲ့ ဦးစောရဲ့ဖွင့်ဟချက်တွေဟာ နောက်ကွယ်ကလက်သည်ကို တစ်စွန်းတစ်စတော့ မြင်တွေ့နေရပါပြီ။
လုပ်ကြံမှုကြီးမှုကြီးမှာ အစိုးရအဖွဲ့က သူ့အပေါ် ပူးပေါင်းလုပ်ကြံခဲ့တယ်ဆိုတဲ့ပုံမျိုး ဂဠုန်ဦးစော ထွက်ဆိုခဲ့ပါတယ်။ ဗြိတိသျှတွေ မြန်မာပြည်ပြန်ဝင်လာချိန် ကန္နီစာချုပ်အတွက် အိန္ဒိယမသွားခင်မှာကတည်း ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာ့တပ်မတော်ကထွက်ပြီး နိုင်ငံရေးလုပ်ချင်ပေမယ့် ဗမာပြည်ကွန်မြူနစ်ပါတီက သခင်ဗဟိန်းကို တပ်ကိုဦးစီးဖို့ စီစဉ်ခဲ့ပေမယ့် ဗမာပြည်ကွန်မြူနစ်ပါတီက လက်မခံခဲ့ပါဘူး။ ဒါဟာ တပ်မတော်ကို ဗမာပြည်ကွန်မြူနစ်ပါတီလက်ထဲ ထိုးထည့်တဲ့ကြံစည်ချက်ကြောင့် ဆိုရှယ်လစ်တွေက ဗိုလ်ချုပ်ကိုလုပ်ကြံဖို့ အဓိကအချက်ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ ဦးစောဟာ ဗိုလ်ချုပ်ကို လုပ်ကြံခဲ့တာမှန်ပေမယ့် ဒီလိုဖြစ်လာအောင် လှည့်ကွက်ထဲဝင်လာဖို့ ဖန်တီးသူ၊ တာဝန်အရှိဆုံးသူတွေကတော့ ဆိုရှယ်လစ်ပါတီခေါင်းဆောင် ဦးကျော်ငြိမ်း၊ ရန်ကုန်ဘဆွေ၊ ဆိုရှယ်လစ်တပ်မှူးကြီးတွေဖြစ်တဲ့ ဗိုလ်မောင်မောင်နဲ့ ဗိုလ်အောင်ကြီးတို့မှာ တာဝန်ရှိတယ်လို့ ပြောလိုက်ပါတယ်။
ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးဆိုတဲ့ ဗိုလ်နေဝင်းရဲ့အမာခံ ဆိုရှယ်လစ်တပ်မှူးတွေဟာ ဘယ်လိုလူစားတွေလဲ။ ဂျပန့်တော်လှန်ရေးအတွက် ဗိုလ်ချုပ်နဲ့ ဖီလာတိုက်ဖို့လုပ်ခဲ့သူ၊ ရဲဘော်သုံးကျိပ်ရဲ့သင်းကွဲ ဗိုလ်နေဝင်းကို ခေါင်းဆောင်တင်ပြီး ပြင်ဆင်မှုတွေအကြောင်း ဒေါ်နှင်းမေက ပြန်ပြောပြပါတယ်။
Src: Kamayut Media
ဇိုမီး တိုင်းရင်းသားနာမည် ရရှိရန် ZCD ကြိုးစားသွားမည်
Zomi: Poorest in Myanmar
အဆင်းရဲ အနိမ့်ကျဆုံး ဖြစ်နေတဲ့ ဒေသ တိုးတက်ရေး အတွက်
ပညာရေး နဲ့ ကျန်းမာရေး ကဏ္ဍ တွေ ကို မြှင့်တင် သွားနိုင် ဖို့ ရည်ရွယ် တယ်။
ဇိုမီး ဒီမိုကရေ စီ အဖွဲ့ ချုပ် ဟာ လာမယ့် ၂၀၁၅
ရွေးကောက်ပွဲ အတွင်း တွန်ဇံ နဲ့ တီးတိန် မြို့နယ် တွေ က မဲဆန္ဒနယ် ၉ ခု မှာ ဝင်ရောက် ယှဉ် ပြိုင် မှာ ဖြစ် ပြီး ကလေး မြို့နယ် နဲ့ တခြား ချင်း ပြည်နယ် ထဲ က နေရာ တချို့ မှာ လည်း ဝင်ပြိုင် နိုင်ဖို့ ကြိုးစား နေတယ် လို့ ပါတီ ရဲ့ အတွင်းရေးမှုး ပူးဇမ်ဇမုန် က ပြောပါတယ်။
မြန်မာ နိုင်ငံ မှာ ဇိုမီး ဆိုတဲ့ နာမည် နဲ့ သီးသန့် တိုင်းရင်းသား တစ်မျိုး အဖြစ် ရရှိ လာအောင် ပါတီ အနေနဲ့ လုပ်ဆောင် မှာ ဖြစ် သလို အဆင်းရဲ အနိမ့်ကျဆုံး ဖြစ်နေတဲ့ ဒေသ တိုးတက်ရေး အတွက် ပညာရေး နဲ့ ကျန်းမာရေး ကဏ္ဍ တွေ ကို မြှင့်တင် သွားနိုင် ဖို့ ရည်ရွယ် ထားတယ် ဆိုပြီး တော့လည်း ပူးဇမ်ဇမုန် က ဆိုပါတယ်။
ရွေးကောက်ပွဲ အတွက် မဲဆွယ် လှုပ်ရှား ဖို့ ၂ လ လောက်ပဲ အချိန် ရတဲ့ အပြင် ဒေသတွင်း လမ်းပန်း ဆက်သွယ်ရေး အလွန် ခက်လို့ ဝင်ရောက် ယှဉ် ပြိုင် မယ့် မြို့နယ် တွေ အနှံ့ သွားရောက် ဖို့ အခက် အခဲ မျိုး တွေ ရှိပြီး ဆက်သွယ်ရေး လည်း မကောင်း လှတဲ့ အတွက် မီဒီယာ နဲ့ ထိတွေ့ ဆက်ဆံ မှု လည်း အားနည်း ရတယ် လို့ ပူးဇမ်ဇမုန် က ပါတီ အနေနဲ့ ကြုံတွေ့ နေရ တဲ့ အခက်အခဲ ကို ရှင်းပြ ပါတယ်။
ချင်းပြည်နယ် ရဲ့ သင်္ကေတ တစ်ရပ် ဖြစ်တဲ့ အောက်ချင်းငှက် ရဲ့ ဦးခေါင်းကို ပါတီ အလံ အနေနဲ့ သတ်မှတ် ထားတဲ့ ဇိုမီး ဒီမိုကရေ စီ အဖွဲ့ ချုပ် မှာ ပါတီဝင် အင်အား တစ်သောင်းခွဲ ဝန်းကျင် ရှိ ပြီး UNA လို့ ခေါ်တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့ ရဲ့ အဖွဲ့ဝင် လည်း ဖြစ်ပါတယ်။
Inter-religion No-marraige Bill passed
မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူး ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေကြမ်း ကို ပြည်ထောင်စု လွှတ်ေ
တာ် က အတည်ပြု လိုက်ပါပြီ ။
ဒီ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ပြည်သူ့ လွှတ်တော် နဲ့ အမျိုးသား လွှတ်တော် သဘောထား ကွဲလွဲချက် ၁၁ ချက် ရှိခဲ့ ပါတယ် ။
ဒါနဲ့ ပတ်သက်ပြီး အင်္ဂါနေ့က ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ရမှာတော့ ကန့်ကွက်မဲ့ ၂ဝ ခန့်နဲ့ ကြားနေမဲ ၈ မဲသာ ရှိခဲ့ပြီး ထောက်ခံမဲ ၅ဝဝ ကျော် ရရှိခဲ့တဲ့ အတွက် ဥပဒေကို အတည်ပြု နိုင်ခဲ့တာ ဖြစ်ပါတယ် ။
ဒီဥပဒေ ပြဋ္ဌာန်း နိုင်တဲ့ အတွက် မြန်မာ ဗုဒ္ဓ ဘာသာဝင် အမျိုးသမီး တွေဟာ ဘာသာခြားနဲ့ လက်ထပ် ပေမယ့် ဗုဒ္ဓဘာသာ ကို ဆက်လက် ကိုးကွယ်ခွင့် ရမှာ ဖြစ်ပါတယ် ။
တကယ်လို့ ဘာသာခြားနဲ့ အိမ်ထောင်ပြု ခဲ့ပြီး ကွာရှင်း ဖို့နဲ့ ပိုင်ဆိုင်မှု ခွဲဝေရေး တို့ သားသမီး စောင့်ရှောက်ရေး ကိစ္စ တို့ကို အခု ပြဋ္ဌာန်း လိုက်တဲ့ ဥပဒေ နဲ့ပဲ ဆုံးဖြတ် ရတော့မှာပါ ။
အစ္စလာမ် ဘာသာဝင် တွေနဲ့ လက်ထပ်တဲ့ အခါမှာ မြန်မာ အမျိုးသမီး တွေကို သူတို့ ဘာသာထဲ ကူးပြောင်းခိုင်းတဲ့ အလေ့အထ ရှိတာကြောင့် ဗုဒ္ဓ ဘာသာဝင် အမျိုးသမီး တွေကို ကာကွယ်ဖို့ ဒီဥပဒေကို ပြဋ္ဌာန်း ရတာ ဖြစ်ပါတယ် ။
ဒါပေမဲ့ ဒီဥပဒေ ဟာ တိုင်းရင်းသူ ဘာသာခြား တွေကို ခွဲခြား ဆက်ဆံတဲ့ ဥပဒေ ဖြစ်နေတဲ့ အတွက် ပြဋ္ဌာန်း ဖို့ မသင့်ကြောင်း ချင်းတိုင်းရင်းသူ ပြည်သူ့ လွှတ်တော် အမတ် ဒေါ်ဇာတလမ်း က ကန့်ကွက်ခဲ့ပါတယ် ။
ဒေါ်ဇာတလမ်း အပြင် လူအခွင့်အရေး တက်ကြွ လှုပ်ရှားသူ တွေနဲ့ တိုင်းရင်းသူ ဘာသာခြား တွေက ကန့်ကွက် ခဲ့ ပေမယ့် အခုမှာတော့ ဥပဒေဟာ အတည်ဖြစ် သွားခဲ့ပါပြီ ။
ဒီဥပဒေဟာ မျိုးစောင့် ဥပဒေလို့ လူသိများတဲ့ ဥပဒေ လေးခု ထဲက နောက်ဆုံး ဥပဒေ ဖြစ်ပါတယ် ။
ဒီမိုကရေစီစနစ်တွင် ပြည်သူကတင်မြှောက်ခြင်းမရှိသည့်အမတ်များ ပါဝင်လေ့မရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြော
နေပြည်တော်၊ ဇူလိုင် ၁။       ။ ဒီမိုကရေစီစနစ်တွင် ပြည်သူလုထုက ရွေးချယ်တင်မြှောက်ထားခြင်းမရှိသော အမတ်များ လွှတ်တော်တွင် ပါဝင်လေ့မရှိဟု တပ်မတော်သား လွှတ်တော်အမတ်များကို ရည်ညွှန်းကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တိုက်ရိုက်ခန့်အပ်မှုဖြင့် လွှတ်တော်တွင် ၂၅ရာခိုင်နှုန်းနေရာယူထားသော တပ်မတော် သားအမတ်တို့ နုတ်ထွက်ရေး တ.က.သ ကျောင်းသားများ ဦးဆောင်ဆန္ဒပြမှုအပေါ် သတင်းထောက်များမေးမြန်းစဉ် ဒေါ်အောင် ဆန်းစုကြည်က ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ဒီမိုကရေစီစနစ်မှာတော့ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတာ မဟုတ်တဲ့ ကိုယ်စားလှယ်တွေ ပါဝင်လေ့မရှိပါဘူး။ အဲ့ဒီဟာနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောထားပြီးသားပါ။ အမျိုးသားရင့်ကြား စေ့ရေးကိုဦးတည်ပြီးတော့ ဒါဟာတစ်ဆင့်ချင်း၊ တစ်ဆင့်ချင်း ညှိနှိုင်းပြီးတော့ လျော့သွားသင့်တဲ့ကိစ္စ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန်နှင့် တပ်မတော်သားလွှတ်တော်အမတ်များ နုတ်ထွက်ရန် တ.က.သ ကျောင်းသားများ ဦးဆာင်ပြီး ရန်ကုန်မြို့တွင် ဇွန် ၃၀က တောင်းဆိုဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
ကျောင်းသားများဆန္ဒပြမှုအပေါ်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က “ဘာမဆို ဥပဒေဘောင်အတွင်းက လုပ်စေချင်တယ်။ ဒါပေမယ့် ဥပဒေတွေကလည်း တရားရမှာပေါ့နော်။ တရားဥပဒေစိုးမိုးရေးဆိုတာ တရားတဲ့ဥပဒေစိုးမိုးရေးကို ဆိုလိုတာပါ” ဟု မှတ်ချက်ပြုသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး နှင့် လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ်များ အလိုမရှိကြောင်း ဇွန် ၃၀ရက်က ရန်ကုန်မြို့တွင် ဆန္ဒပြသည့် ကျောင်းသားများအနက် ဦးဆောင်သူ ငါးဦးကို ပုဒ်မ ၁၈ဖြင့် အမှုဖွင့်ထားသည်။
Src: http://mizzimaburmese.com