တို့ဗိုလ်ချုပ်ကို အမှန်တကယ် ဘယ်သူသတ်ခဲ့သလဲ (အပိုင်း ၂)

ဦးနေမင်းဟာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကာလမှာ ဘီဘီစီသတင်းဌာနကို သတင်းပေးပို့လို့ စစ်ထောက်လှမ်းရေးတွေရဲ့ဖမ်းဆီးမှုကို အကြိမ်ကြိမ်ခံခဲ့ရသူဖြစ်ပြီး ၂ဝ၁၁မှာ ပြန်လည်လွတ်မြောက်လာခဲ့သူ သတင်းသမားတစ်ဦးဖြစ်ပါတယ်။ ဗိုလ်ချုပ်နဲ့ရင်းနှီးတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စက်ရောင်က ဂဠုန်ဦးစော ဗိုလ်ချုပ်အောင်ဆန်းနဲ့ အစိုးရအဖွဲ့ကို လုပ်ကြံဖို့ ဗမာပြည်ဆိုရှယ်လစ်ပါတီက ဇာတ်လမ်းဆင်ခဲ့တာလို့ အင်းစိန်ထောင်ထဲမှာ သူ့ကိုပြောခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးနေမင်းက ပြောပါတယ်။
အောင်ဆန်းအက်တလီစာချုပ်အတွက် ဗိုလ်ချုပ်တို့ လန်ဒန်ကိုသွားတဲ့အချိန် လွတ်လပ်ရေးကို အနုနည်းနဲ့မရရင် အကြမ်းနည်းနဲ့တောင်းဖို့ပြင်ဆင်ချိန်မှာ ဗမာပြည်ဆိုရှယ်လစ်ပါတီနဲ့ ပြည်သူ့ရဲဘော်အောက်ခြေပိုင်းတွေမှာ ကြိုတင်ပြင်ဆင်ခဲ့ပြီး ဆိုရှယ်လစ်ပါတီ လူငယ်စစ်ရေးခေါင်းဆောင်အဖြစ် စောရန်နောင် ပြည်သူ့ရဲဘော်ဘက်က ဗိုလ်စိန်မှန်ကို နာမည်တွေတင်ခဲ့ကြပါတယ်။ ဒါပေမယ့် ဗြိတိသျှနဲ့စာချုပ်ချုပ်နိုင်ခဲ့လို့ အကြမ်းနည်းနဲ့ဖြေရှင်းတဲ့လမ်းကို မရောက်ခဲ့ပေမယ့် လုပ်ကြံမှုကြီးပြီးလို့ ဦးစောအိမ်မှာ ဖမ်းဆီးမိတဲ့လက်နက်တွေထဲ စောရန်နောင်ရဲ့သေနတ် ပါခဲ့ပါတယ်။ စောရန်နောင်ကို ပဲခူးမှာ ဆိုရှယ်လစ်တွေကဖမ်းဆီးမိခဲ့ပြီး ဆယ်မိုင်ကုန်းမှာထွက်ပြေးလို့ ပစ်သတ်လိုက်တဲ့ဆိုတဲ့စကား ဗိုလ်စက်ရောင်သံသရှိနေတယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရခြင်းရဲ့နောက်ကွယ်မှာ ဗြိတိသျှတွေရဲ့လက်ချက်ပါတယ်ဆိုတဲ့ စွပ်စွဲချက်တွေ အများကြီးထွက်ခဲ့ပါတယ်။ ဒါပေမယ့် လက်ဆုတ်လက်ကိုင် ဘယ်သူ့ကိုမှ မပြနိုင်ခဲ့ပေမယ့် အခုတော့ ဒီလုပ်ကြံမှုရဲ့ နောက်ကွယ်မှာ ဆိုရှယ်လစ်တွေဘယ်လိုပါလာတာလဲ။ သခင်ကြည်ရှိန်က စောရန်နောင်ရဲ့သေနတ်နံပါတ်ကိုပါ အတိအကျသိပြီး ဆိုရှယ်လစ်ပါတီက ပါတီနာမည်ပျက်နိုင်တာမို့ နှုတ်ပိတ်တာဖြစ်နိုင်တယ်လို့ သူ့ကိုပြောခဲ့တယ်လို့ ဦးနေမင်းက အခုတော့ ဖွင့်ချလိုက်ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ယူဂန္ဓာနိုင်ငံအကျဉ်းထောင်မှာ ဗြိတိသျှတို့ရဲ့အကျဉ်းသားအဖြစ် ဖမ်းဆီးခံနေရတဲ့ နန်းရင်းဝန် ဦးစောဟာ မြန်မာပြည်မှာဖြစ်ပျက်ပြောင်းလဲနေတာတွေနဲ့ အဆက်ပြတ်နေခဲ့ပါတယ်။ လူငယ်ခေါင်းဆောင်မှု ပေါ်လာချိန်မှာတော့ ဗြိတိသျှဟာ သူ့ကိုအသုံးချဖို့ မြန်မာပြည်ပြန်ခေါ်လာခဲ့ပါတယ်။ ဘုရင်ခံအမှုဆောင်အဖွဲ့ထဲပါတဲ့ ဦးစောဟ ဆိုရှယ်လစ်ပါတီရဲ့ ထိပ်တန်းခေါင်းဆောင် ရန်ကုန်ဘဆွေရဲ့ သေနတ်နဲ့ချောင်းမြောင်းပစ်ခတ်ခဲ့တာကြောင့် မျက်စိတစ်ဖက်ကွယ်ခဲ့ရပါတယ်။ ရန်ကုန်ဘဆွေဟာ ပြည်သူ့ရဲဘော်နဲ့ဦးစောကို ရန်တိုက်ပေးဖို့ ဘာ့ကြောင့်လုပ်ခဲ့တာလဲ။
၁၉၄၇ ဖေဖော်ဝါရီမှာ ပြည်ထဲရေးဝန်ကြီးတာဝန်ယူလိုက်တဲ့ ဆိုရှယ်လစ်ပါတီခေါင်းဆောင် ဦးကျော်ငြိမ်းဟာ ဆိုရှယ်လစ်တွေကိုပဲ လက်နက်လိုင်စင်တွေထုတ်ပေးခဲ့တာကြောင့် ပြည်သူ့ရဲဘော်နဲ့ ဆိုရှယ်လစ်ကြား အကွဲအပြဲတွေ စခဲ့ပါတယ်။ လုပ်ကြံမှုကြီးနဲ့ပတ်သက်လို့ ဦးစောကိုဖမ်းဆီးချိန်မှာ ဖော်ကောင်ဘညွန့်နဲ့ စောရန်နောင်တို့က လုပ်ကြံမှုအတွက် သွေးထိုးလှုံ့ဆော်ခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ ဘညွန့်နဲ့စောရန်နောင်တို့ဟာ ဦးစောရဲ့တပည့်အရင်းတွေမဟုတ်ဘဲ ဦးကျော်ငြိမ်း ပြည်ထဲရေးဝန်ကြီးဖြစ်မှ ဦးစောနားကိုရောက်လာသူတွေပါ။ ဦးနေမင်းပြောတဲ့ ဦးစောရဲ့ဖွင့်ဟချက်တွေဟာ နောက်ကွယ်ကလက်သည်ကို တစ်စွန်းတစ်စတော့ မြင်တွေ့နေရပါပြီ။
လုပ်ကြံမှုကြီးမှုကြီးမှာ အစိုးရအဖွဲ့က သူ့အပေါ် ပူးပေါင်းလုပ်ကြံခဲ့တယ်ဆိုတဲ့ပုံမျိုး ဂဠုန်ဦးစော ထွက်ဆိုခဲ့ပါတယ်။ ဗြိတိသျှတွေ မြန်မာပြည်ပြန်ဝင်လာချိန် ကန္နီစာချုပ်အတွက် အိန္ဒိယမသွားခင်မှာကတည်း ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာ့တပ်မတော်ကထွက်ပြီး နိုင်ငံရေးလုပ်ချင်ပေမယ့် ဗမာပြည်ကွန်မြူနစ်ပါတီက သခင်ဗဟိန်းကို တပ်ကိုဦးစီးဖို့ စီစဉ်ခဲ့ပေမယ့် ဗမာပြည်ကွန်မြူနစ်ပါတီက လက်မခံခဲ့ပါဘူး။ ဒါဟာ တပ်မတော်ကို ဗမာပြည်ကွန်မြူနစ်ပါတီလက်ထဲ ထိုးထည့်တဲ့ကြံစည်ချက်ကြောင့် ဆိုရှယ်လစ်တွေက ဗိုလ်ချုပ်ကိုလုပ်ကြံဖို့ အဓိကအချက်ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ ဦးစောဟာ ဗိုလ်ချုပ်ကို လုပ်ကြံခဲ့တာမှန်ပေမယ့် ဒီလိုဖြစ်လာအောင် လှည့်ကွက်ထဲဝင်လာဖို့ ဖန်တီးသူ၊ တာဝန်အရှိဆုံးသူတွေကတော့ ဆိုရှယ်လစ်ပါတီခေါင်းဆောင် ဦးကျော်ငြိမ်း၊ ရန်ကုန်ဘဆွေ၊ ဆိုရှယ်လစ်တပ်မှူးကြီးတွေဖြစ်တဲ့ ဗိုလ်မောင်မောင်နဲ့ ဗိုလ်အောင်ကြီးတို့မှာ တာဝန်ရှိတယ်လို့ ပြောလိုက်ပါတယ်။
ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးဆိုတဲ့ ဗိုလ်နေဝင်းရဲ့အမာခံ ဆိုရှယ်လစ်တပ်မှူးတွေဟာ ဘယ်လိုလူစားတွေလဲ။ ဂျပန့်တော်လှန်ရေးအတွက် ဗိုလ်ချုပ်နဲ့ ဖီလာတိုက်ဖို့လုပ်ခဲ့သူ၊ ရဲဘော်သုံးကျိပ်ရဲ့သင်းကွဲ ဗိုလ်နေဝင်းကို ခေါင်းဆောင်တင်ပြီး ပြင်ဆင်မှုတွေအကြောင်း ဒေါ်နှင်းမေက ပြန်ပြောပြပါတယ်။

Src: Kamayut Media




Previous
Next Post »
0 Komentar