Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

စိမ်းလိုက်ပေါ့ မေ :(

စိမ်းလိုက်ပေါ့ မေ :(
မင်းပေးခဲ့တဲ့အကြင်နာ ခရောင်းလမ်း… အစိမ်းပန်းလေးပွင့်ချိန်မှာရောက်
အနမ်းလေးတစ်ပွင့်ကြောင့်ငါမူး
ခုတော့ ယဉ်ယဉ်လေးရူးပေါ့……

မင်းပြောခဲ့တဲ့အကြင်နာ လက်တစ်ကမ်း
မျှော်လင့်တမ်း ကစားစရာလုပ်
ရှေ့နောက်ဆုပ်လို့ စစ်တုရင်
ခုတော့ ဘုရင်မကျိန်စာသင့်
ဝိညာဉ်မဲ့ အရုပ်တစ်ခုပေါ့……

မင်းပြခဲ့တဲ့ ဒီချစ်ဇာတ်လမ်း
ကြမ်းချင်လည်း ငါကြမ်း ခဲ့
ရမ်းချင်လည်း ငါရမ်းခဲ့
ကမ်းမရှိတဲ့ ချစ်ခြင်းမေတ္တာ
တိုက်ဆိုင်တဲ့ ချစ်ကြိုးလေးတစ်မျှင်
အပြစ်မြင်တိုင်းယိမ်း
စိမ်းချင်လည်းစိမ်းလိုက်ပေါ့လေ……

ညို

လွမ်းကြွေး

လွမ်းကြွေး
ငွေလသာသာ
ကန်ပြာပြာဟိုအနားမှာ
သူနှင့်တွေ့တုန်း
ရှက်ပြုံးရယ်ကိုယ်စီ
ရင်မှာတီတီတာ
ပီတိက ကဋေကဋာ
တိမ်သေလာဇာချတော့
ချစ်သူရယ်ပျော်မလားလို့
ချစ်တေးလေးညဉ်းမိ……

မဖွဲ့နွဲ့သဲ့သဲ့လေညှင်းလေး
ဖြေးဖြေးချင်းတိုးဝှေ့တော့
ချစ်အေးမှာစိုးခက်
ဒီရတက်ဖိုညများ
အိပ်မက်က နိုးသလို
ရုတ်တရက် ကွယ်ပျောက်
အရူးတစ်ယောက်လို
စိတ်တွေစွင့်
တိမ်တွေလို လွင့်ချင်ပေါ့……

ဒါပေမယ့် တို့ဇာတ်လမ်း
လွမ်းခဏ်းနဲ့ မဆုံးချင်
ချစ်သူမျှော်နေရင်
ငါပျော်နေပြီမို့
ဒီတစ်ခါ ကန်သာမှာတွေ့ရင်
မမျှော်စေရဖို့ ကတိပေး
ဝေးနေချိန်မှာတော့
လွမ်းတေးလေးညဉ်းတွား
ခရီးသွားနေဆဲလည်း
ချစ်စိတ်ကတော့ မဝေး
အဆွေးနဲ့ လွမ်းကြွေးတွေဆပ်ဖို့
ငါအရောက်လှမ်းခဲ့ပါ့မယ်ချစ်သူ……

ညို