စိမ်းလိုက်ပေါ့ မေ :(

မင်းပေးခဲ့တဲ့အကြင်နာ ခရောင်းလမ်း… အစိမ်းပန်းလေးပွင့်ချိန်မှာရောက်
အနမ်းလေးတစ်ပွင့်ကြောင့်ငါမူး
ခုတော့ ယဉ်ယဉ်လေးရူးပေါ့……

မင်းပြောခဲ့တဲ့အကြင်နာ လက်တစ်ကမ်း
မျှော်လင့်တမ်း ကစားစရာလုပ်
ရှေ့နောက်ဆုပ်လို့ စစ်တုရင်
ခုတော့ ဘုရင်မကျိန်စာသင့်
ဝိညာဉ်မဲ့ အရုပ်တစ်ခုပေါ့……

မင်းပြခဲ့တဲ့ ဒီချစ်ဇာတ်လမ်း
ကြမ်းချင်လည်း ငါကြမ်း ခဲ့
ရမ်းချင်လည်း ငါရမ်းခဲ့
ကမ်းမရှိတဲ့ ချစ်ခြင်းမေတ္တာ
တိုက်ဆိုင်တဲ့ ချစ်ကြိုးလေးတစ်မျှင်
အပြစ်မြင်တိုင်းယိမ်း
စိမ်းချင်လည်းစိမ်းလိုက်ပေါ့လေ……

ညို
Previous
Next Post »
0 Komentar