ပီချောင်းတွင် တပ်စွဲထားသော စစ်သားများလူနေအိမ် ဘုရားကျောင်းများတွင် စခန်းချလျက်ရှိ စခန်းချခွင့်မပြုပါက ရိုက်နှက်ကာဒါဏ်ပေးလျက်ရှိ

ရခိုင်လက်နက်ကိုင်အဖွဲ့နှင့် ပစ်ခက်မှုများဖြစ်ပြီးနောက် ချင်းပြည်နယ် ပလက်ဝမြို့နယ် ပီချောင်းတွင် နေရာယူတပ်စွဲသော စစ်တပ်လူဦးရေများပြားလာခဲ့ပြီး ရွာတိုင်းလိုလိုရှိ လူနေအိမ်များ ဘုရားကျောင်းများတွင် စခန်းချနေထိုင်လျက်ရှိကြောင်း သိရသည်။
ပီချောင်းအရပ် ရေတံခွန်ရွာရှိ ဦးဝှေ့ဘဲ၏နေအိမ်တွင် ခလရ ၃၇၇မှ စစ်သားများ စခန်းချခွင့်တောင်းဆိုသော်လည်း မိသားစုများခြင်း အလုပ်တစ်ဘက်နဲ့နေအိမ်တွင် အစောင့်မထားနိုင်ခြင်းတို့ကြောင်း စခန်းမချစေလိုကြောင်း ပြောဆိုမှုကို ခလရ ၃၇၇မှ စစ်သားများ စိတ်ဆိုးမာန်ဆိုးဖြင့် အိမ်ရှင် ဦးဝှေ့ဘဲအား ယမန်နေ့ ၁၇. ၆.၂၀၁၅နေ့ ညနေ လေးနာရီခန့်က ရိုက်နက်ခဲ့ကြကြောင်း ရွာသားတစ်ဦးက ပြောသည်။
"သူတို့ကို စခန်းချခွင့်မပြုလို့တဲ့ ရိုက်လိုက်တာ ရောင်ကိုင်းနေတာပဲ။ တကယ်ကို စိတ်မကောင်း ဖြစ်မိတယ်"ဟု ယင်းက ပြောသည်။
ထိုသို့ လူနေအိမ်များတွင် နေထိုင်ခွင့်တောင်းကာ စခန်းချသောကြောင်း အပစ်အခက်များထပ်မံဖြစ်ပွားပါက ဒေသံများကို ထိခိုက်မည်ကိုလည်း စိုးရိမ်မိကြောင်း ဒေသခံများကဆိုသည်။
ပုန်းချောင်းဝကျေးရွာတွင်အခြေချသော စစ်သားများကမူ ယခုလအတွင်း တိုက်ပွဲများ ဖြစ်လာမည်ဟု ဆိုကာ ရွာအတွင်း ကာဗာတွင်းများ တူးဖော်နေကြောင်း ထိုသို့တူးဖော်သည်ကိုမြင်တွေ့ရသော ရွာသားများအနေဖြစ်လည်း ကြောက်ရွံ့စိုးရိမ်စိတ်ကြောင့် မိမိတို့၏နေအိမ်အောက်တွင် ကာဗာတွင်းများ ကိုယ်စီတူးဖော်နေကြရကြောင်းလည်း သိရသည်။
ကုလားတန်ဘက်သို့ စစ်ဘေးတိမ်းရှောင် ထွက်ပြေးသွားကြသော ပြင်စိုရွာသားများ ချန်ထားခဲ့သည့် အိမ်မွေးတိရိစ္ဆာန်များ ဆန်စပါးများကို ခိုးဖောက် ယူသူများရှိကြောင်း သိရသည်။
"ပြင်စိုရွာမှာ ရွာသူရွာသား ဘယ်သူမှမရှိတော့ပေမဲ့ လုံခြုံရေးအတွက် စစ်းသားတွေ ရှိတယ်။ စစ်သားတွေပြောတာတော့ အထက်အောက်ရွာက လူတွေလာထမ်းတာလို့ပြောတယ်။ ဖြစ်နိုင်မလားတော့ မသိပါဘူး"ဟု ပီချောင်းဘက် ဈေးလာဝယ်သူတစ်ဦးက ရီလျက် ပြောသည်။
သဘောက်ကန်ရွာတွင် စစ်သည်အင်အားအများအပြား လူနေအိမ် ဘုရားကျောင်းတို့တွင် အခြေချလျက်ရှိသော်လည်း တနင်္ဂနွေနေ့ ဘုရားရှီးခိုးချိန်များတွင် နေရာဖယ်ပေးကာ လက်ဖက်ရည်ပင်တိုက်ကြသေးကြောင်းလည်း သဘောက်ကန်ရွာသားတစ်ဦးက ပြောသည်။
Previous
Next Post »
0 Komentar