ကြံ့ခိုင်မှုမရှိသည့် ရေယာဉ်များအား အရေးယူမည်

 ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေသည့် ကုန်တင် 
အမြန်ရေယာဉ်များနှင့် လူစီးသီးသန့် ရေယာဉ်များ ရေကြောင်း ပြေးဆွဲရာတွင် ကြံ့ခိုင်မှု အလွန်အားနည်းနေ သည့်အတွက် ပြန်လည်စစ်ဆေးကာ အရေးယူသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာနထံမှ သိရသည်။
                ယခုအခါ ချင်းတွင်း အထက်ပိုင်း ဒေသများတွင်းမိုးများ  အဆက်မပြတ် ရွာသွန်းနေသည့် အတွက် မြစ်ရေများလည်း မြင့်တက်လာသဖြင့် ချင်းတွင်းအထက်ပိုင်းနှင့် အောက်ပိုင်း ဒေသများသို့ ပြေးဆွဲနေသည့် မော်တော်ရေယာဉ်များမှာ ပြန်လည် ပြေးဆွဲတော့မည် ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ သိရသည်။
                ““ရေယာဉ်တွေကို စစ်ဆေးတော့ ကြံ့ခိုင်မှု အားနည်းတာကို တွေ့ရတယ်။ အဓိက အသက်ကယ်ဘောတွေ မပါတာဘဲ ပြီးတော့ အင်တာနက်စနစ် တပ်ဆင်ဖို့ လည်း ညွှန်ကြားထားပါတယ်။ ဒါကြောင့် ဒုတိယအကြိမ် ပြန်လည်စစ်ဆေးမယ်။ သတ်မှတ်ချက်မကိုက်ညီရင်တော့ ပြေးဆွဲ ခွင့် ရေယာဉ်လိုင်စင်ပိတ်သိမ်းသွားမယ်”” ဟု တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးအောင်ဇော်ဦးက The Messenger Media သို့ပြောသည်။
                ချင်းတွင်းမြစ်ကြောင်း အတွင်း ပြေးဆွဲနေသည့် ရေယာဉ်အများစုမှာ အသက်ကယ်ဘော များအား ဟန်ပြသဖွယ် ထားရှိခြင်း၊ ဆက်သွယ်ရေး အင်တာနက်ချိတ် ဆက်မှုမရှိခြင်း။ ရေယာဉ်ခေါင်မိုး များပေါ်တွင် ပစ္စည်းများ တင်ဆောင်ခြင်းနှင့် တန်ပို တင်ဆောင်မှုများကို ရေယာဉ် စစ်ဆေးရေး အဖွဲ့မှ တွေ့ရှိရသဖြင့် ထပ်မံစစ်ဆေးမည့် အချိန်တွင် သတ်မှတ်ချက်များကို မလိုက်နာသည့် ရေယာဉ်များအား လိုင်စင်ပိတ် သိမ်းသည်အထိ အရေးယူ သွားမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီး ထံမှ သိရသည်။
                ချင်းတွင်းအတွင်း ပြေးဆွဲနေသည့် ကုန်တင်ရေယာဉ် (၁၀၀)စီး နီးပါးနှင့် လူစီးသီးသန့်ရေယာဉ် (၂၀) ၀န်းကျင်ခန့် ရှိပြီး မုံရွာမြို့မှ တစ်ဆင့် မင်းကင်းမြို့။ ကလေးဝမြို့။ မော်လိုက်မြို့ ၊ဟုမ္မလင်းမြို့ ခန္တီးမြို့ဆိပ်ကမ်းများသို့ နေ့စဉ်ပြေးဆွဲနေကြောင်း ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီရုံးထံမှ သိရသည်။
Previous
Next Post »
0 Komentar