သုတေသနပြုလုပ်ပုံနှင့် မှီငြမ်းခြင်း
ဤသုတေသနအားပြုလုပ်ရန်အတွက် The British Library/ School of Oriental နှင့် African Studies (SOAS)စာကြည့်တိုက်များသို့ သွားရောက်ခဲ့ပါသည်။ အောက်ပါသမိုင်းစာအုပ်စာတမ်းများကို ဖတ်ရူခဲ့သည်။( 1) The Chin Hills Volume 1 (A history of the people, our dealings with them, their customs,manners, and a Gazetteer of their country) by B. S Carey and H. N. Tuck ဖြစ်သည်၊ ယင်းစာအုပ်ကို ၁၈၉၆ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး။ စာရေးသူများဖြစ်သော Carey နှင့် Tuck တို့သည် အင်္ဂလိပ်တို့၏ ချင်းတောင်သိမ်းတိုက်ပွဲများတွင် စာရေးသူများကိုယ်တိုင် ဗြိတိသျှစစ်တပ်နှင့်အတူ ပါဝင်ခဲပြီး Assistance Commissioner နှင့် Political Officer များအဖြစ် အမှုထမ်းခဲ့ကြသူများဖြစ်ကြသည် ။ဤ ဆောင်းပါးပါအကြောင်းအရာ အများစုကို ဤစာအုပ်မှ အထူးမှီငြမ်းထားပါသည်။ (2) A military report in Chin-Lushai Country by E. S Symes စာအုပ်အား ဖတ်ရူ့ခဲ့ပါသည်။ ယင်းစာအုပ်သည် ၁၈၉၃ ခုနှစ်တွင် ထုတ်ဝေခဲ့သောစာအုပ်ဖြစ်သည်။ ဤစာအုပ်များကို ကမ္ဘာကျော် The British Library ကြီးတွင် စာရေးသူဖတ်ရူ့နေခဲ့ပြီး စာအုပ်များမှာ အင်မတန် ဟောင်းနွမ်းလျက်ရှိပြီဖြစ်သည်။ စာာကည့်တိုက်မှ တာဝန်ရှိသူတစ်ဦးသည် စာရေးသူ. အနားတွင် လုံခြုံရေးအရာရှိတစ်ဦးကဲ့သို့ မျက်ခြေမပြတ်စောင့်ကြည့်ကာ အသေအချာ နုနုရွရွ ကိုင်တွယ်ရန်ကိုလည်း ထပ်ခါတလဲလဲ သတိပေးနေခဲ့လေသည်၊ ထို့ပြင် စာအုပ်ကိုလည်း မိတ္တူ ကူးယူခြင်းများအားလည်း ခွင့်မပြုခဲ့ကြချေ ။ ထို့ပြင် ချင်းသမိုင်းအား သုတေသနပြုကာ စာတမ်းထုတ်ဝေခဲ့ကြသောDr. Vum Son/ Thang Za Dalူ နှင့် Dr. Lian HmungSakhong တို့သည်လည်း Carey နှင့် Tuck တို.၏ စာတမ်းကို အထူးမှီငြမ်းခဲ့ကြသည်ကို တွေ့ရသည်။
The only Burmese captive release by the Tashon column and her gallant rescuer
အင်္ဂလိပ်နှင့် ချင်းလူမျိုးများ ဆက်သွယ်ထိစပ်မှု အစောပိုင်းကာလ
ဗြိတိသျှများ အရှေဏ္ဍအိန္ဒိယအား သိမ်းပိုက်ပြီးနောက် အနောက်ချင်းပြည်ဟု သတ်မှတ်သော Lushai Country (လက်ရှိအိန္ဒိယနိုင်ငံ) နှင့် စတင်ဆက်သွယ်မိသည်။ သို့သော် Lushai Country မှ အင်္ဂလိပ်ပိုင်နက်ပိုင်နက်အတွင်းသို့ဝင်ရောက်ကာ တိုက်ခိုက်ခံရမှုများကြောင့် ဗြိတိသျှတိုဏ္ဍမှ တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဗြိတိသျှတို. ပထမ စစ်ဆင်ရေး (Lushai Expedition) သည် ၁၈၈၈-၁၈၈၉ တွင် စတင်ခဲ့သည် ။ ထိုစစ်ဆင်းရေးသည် အောင်မြင်ခဲ့Lushai ကြီးအကဲများစွာမှ လက်နက်ချခဲ့ကြသည်။
အာဆမ်နှင့် မဏိပူရတို့သည် ဗြိတိသျှတို. လက်အောက်သို့ ၁၈၂၆ တွင် ကျရောက်ခဲ့သည်။ အထက်ဗမာပြည်သည်လည်း ၁၈၈၅တွင်ဗြိတိသျှတို့ လက်အောက်သို့ ကျရောက်ခဲ့ပြီး ဗြိတိသျှတို့သည် အနောက်ဗမာနိုင်ငံ၏ နယ်စပ်သို့ ကလေးနှင့် ယောဒေသ (ယခု မကွေးတိုင်းအနောက်ပိုင်း) သို့အခြေချနိုင်ခွင့် ရရှိခဲ့သည်။
ယင်းကာလတွင် ချင်းတောင်ခြေတွင် ရှိသော ဗမာကျေးရွာများသည် ချင်းလူမျိုးများ. တိုက်ခိုက်မှုများကို ခံရပြီး။ သုံဏ္ဍပန်းများအားလည်း ချင်းတောင်သို့ ဖမ်းဆီးခေါ်ဆောင်သွားမှုများကို ခံခဲ့ရခြင်းများဖြင့် ကြုံတွေ့ရလျက်ရှိသည်။ ချင်းတောင်မှ Sizang, Kamhau, Tlaisun, Zokhua နှင့် Hakha တို့သည် အစဉ်အမြဲ မြေပြန့်ဒေသများသို့သွားရောက် တိုက်ခိုက်လေ့ရှိသည် ။ ယင်းချင်းလူမျိုးစုများအကြားတွင် တာရွန်းသည် အင်အားအားအကြီးဆုံးဖြစ်သည်။ Captain Raikes (British Deputy Commissionar of Upper Chindwin) သည် ကလေးမြို့မှနေ၍ Sukte, Kamhau, Sizang, Tlaisun နှင့် Hakha ကြီးအကဲများကို ဖိတ်စာများပို့ကာ ချင်းလူမျိုးများ၏ တိုက်ခိုက်သိမ်းပိုက်မှုများနှင့် စပ်လျ ဉ်း၍ အဓိကဆွေးနွေးခဲ့ကြပြီး။ ထို့ပြင် ဖွံဖြိုးတိုးတက်ရေးကိစ္စရပ်များကိုပါ ထည့်သွင်းဆွေးနွေးခဲ့သည်။
The Government Steamers Landing Troops Kalewa, on the Frontrier, for the chinland expeditions
တွေ့ဆုံစကားပြောမှုများအပြီးတွင် ဗြိတိသျှတို့သည် စီးယင်းဒေသသို့သွားသည့် လမ်းအား စီးယင်းတို့၏ သဘောတူညီမှုမပါပဲ ဖောက်လုပ်ခဲ့ခြင်းကြောင့် စီးယင်းတို့၏ တိုက်ခိုက်မှုများကို ခံခဲ့ရသည်။ တချိန်တည်းတွင် တာရွန်းအကြီးအကဲ ပူးကြွန်ဘိခ်သည် ဗြိတိသျှတှို၏ ရည်ရွယ်ချက်များကို သံသယရှိယုံမျှသာမက ရွှေဂျိုး ဖြူ ၏ အကြံပေးမှုကြောင့် ဗြိတိသျှတို့အား တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်။
တွေ့ဆုံဆွေးနွေးမှုများ မပြုလုပ်မီတွင် ရွှေဂျိုးဖြူသည် ဗဟိုဗမာပြည်တွင် တော်လှန်ရေးတစ်ရပ်အား စတင်ခဲ့သည်။ Carey& Tuck စာအုပ်၏ စာမျက်နှာ (၂၁) တွင် “ ထိုအချိန်ကာလတွင် ယောဒေသတွင်နေထိုင်သူတစ်ဦးသည် မင်းသွေးမင်းဆက်မဟုတ်သော်လည်း သ့ကိုယ်သူ ရွှေဂျိုးဖြူမင်းသားဟု သတ်မှတ်သည။ သူသည် အစတွင် သရက်မြို့၌တိုင်းရင်းကာကွယ်ဆေးထိုးသူ (Vaccinator) အဖြစ် လုပ်ကိုင်ရင်း အခြေစိုက်ခဲ့သည်။သူသည် တော်လှန်ရေးတစ်ရပ်ကို ၁၈၈၇ ခုနှစ်အောက်တိုဘာလတွင် စတင်ဆင်နွဲပြီး ချင်းတွင်းဒေသများ၊ မြင်းခြံနှင့် ပုဂံခရိုင်တိုက်ပွဲများတွင် အောင်မြင်မှုများ ရရှိခဲ့သည်။ Captain Beville နှင့် Major Kenndyတို့၏ ပြင်းထန်သော တိုက်ခိုက်မှုများတွင် ထိုဗြိတိသျှစစ်ဗိုလ် (၂) ဦးလည်း ကျဆုံးကာ မင်းသားတ၏ အပေါင်းအပါများလည်း သေကြေပျက်စီးကြပြီး ယောဒေသသို့ထွက်ပြေးခဲ့ကြသည်။ ဗြိတိသျှစစ်တပ်များ ယောနယ်အား ၁၈၈၇-၈၈ ကာလ ဆောင်းတွင်းကာလတွင် ဆက်လက်တိုက်ခိုက်သည့်အခါ ရွှေဂျိုးဖြူသည် ချင်းတောင်သို့ ဝင်ရောက်ခိုလုံခဲ့သည် ” ဟု ဖော်ပြထားသည်။
Shelling a hostile village
ရွှေဂျိုးဖြူ အား တာရွန်းတို့မှ ခိုလုံခွင့်ပေးခဲ့ပြီး သူသည် တာရွန်းနယ်တွင် အခြေချနေထိုင်ခဲ့သည်။အဆိုပါသတင်းကြားလျှင်ကြားချင်း- မန္တလေးသို့ဗြိတိသျှတို့၏ အတင်းအကျပ်စေလွတ်ခြင်းခံရသော ကလေးစော်ဘွားဟောင်းနှင့် အပေါင်းအပါများသည် မန္တလေးမှ ထွက်ပြေးလာကြကာ ရွှေဂျိုးဖြူတို့နှင့် ပူးပေါင်းခဲ့သည်။
၁၈၈၈ ၏မေလ (၄) နှင့် (၅) ရက်နေ့များတွင် တာရွန်းတာဝန်ရှိသူများသည် ကလေးစော်ဘွားအား တာရွန်းမှ သယ်ဆောင်လာကာ ဗမာပြည်နှင့် ချင်းပြည်နယ်စပ်မြို့၊ ကလေးမြို့မှ တောင်ဖက်သို့ (၁၀) မိုက်အကွာတွင် ရှိသော အင်ဒီ (Indin)သို့ ပြန်လည်ပို့ဆောင်ခဲ့ကြသည်။ ထိုနေရာတွင် ကလေးစော်ဘွားမှ မိမိကိုယ်ကို ကယ်တင်သည့်အနေဖြင့် တော်လှန်ရေးတွင် ပူးပေါင်းပါဝင်မည်ဟု ကတိပြုခဲ့ပြီး သူ၏ဒေသသို့ ပြန်လည်ဝင်ရောက်ပြုခဲ့သည်။
Political Officer recieving submission of Tashon Chiefs on the March
ထိုအချိန်တွင် ဗြိတိသျှတို့သည် တာရွန်းအကြီးအကဲ ပူးကြွန်ဘိခ်အား ရွှေဂျိုးဖြူနှင့် အပေါင်းအပါတို့အား ဗြိတိသျှလက်သို့ အပ်နှံရန် ပြောသည။ ထိုသို့မပေးအပ်လျှင် တိုက်ခိုက်မည်ဟူသော ရာဇသံပေးသည်။
Carey & Tuck စာအုပ်၏ စာမျက်နှာ (၂၆) တွင် “ ဗြိတိသျှတို့သည် တာရွန်းနှင့် စီးယင်းတို့၏ တောင်အောက်သို့ဆင်းလာကာ လာရောက်သတ်ဖြတ်ခြင်း၊ တိုက်ခိုက်ခြင်းများနှင့် တာရွန်းလက်အောက်ခံ ရွှေဂျိုးဖြူတို့၏ ပုန်ကန်လှုပ်ရှားမှုများကြောင့် ထိုအချိန်တွင် ဗြိတိသျှတို့သည် ချင်းတောင်အား တိုက်ခိုက်ရန် စဉ်းစားကြခြင်းဖြစ်သည် ”ဟု ဖော်ပြသည်။ဗြိတိသျှတို့သည် နယ်ပယ်ချဲ့ထွင်ရန်အတွက် အဓိက မဟုတ်ပဲ သူတို့၏ ပိုင်ဆိုင်မှုများကို ကာကွယ်ထိန်းသိမ်းခြင်းအတွက် ချင်းတောင်ဒေသကို ပြန်လည်တိုက်ခိုက်ခြင်းဖြစ်သည်။
Officers of the Tashon Expedition
ဒုတိယ စစ်ဆင်ရေး (၁၈၈၈-၁၈၈၉)
၁၈၈၈ စက်တင်ဘာလတွင် ဗြိတိသျှ စစ်တပ်တို့ ကလေးဝတွင် ဆိုက်ရောက်ခဲ့သည်။ သူတို့သည် စီးယင်းတို့အား အပြတ်အသတ် နှိမ်နှင်းရန် ပထမဦးစွာ ကြိုးပမ်းလိုပြီး၊ ယင်းနောက်တွင် တာရွန်းတို့အား ခြိမ်းခြောက်ပြီး ရွှေဂျိုးဖြူ တို့အား ဗြိတိသျှတို့ထံသို့ အပ်နှင်းရန် ရည်ရွယ်သည်ဟု စာမျက်နှာ (၂၆) တွင် ဖော်ပြခဲ့သည် ။ စစ်ဆင်းရေးစတင်သည့်အခါတွင် တာရွန်းနှင့် စီးယင်းတို့သည် တောင့်တင်းသော တပ်ဖွဲ့များဖြင့် နေရာအနှံမှ ဗြိတိသျှတပ်အား ထိုးစစ်ဆင်ခဲ့သည။ဒီဇင်ဘာ (၁၀) ရက်နေ့ နံနက် (၄) နာရီတွင် တာရွန်းသည် တောင့်တင်းသော တပ်ဖွဲ့များဖြင့် တောင်အောက်သို့ဆင်းကာ စီဟောင်။ ကျော်ရွာနှင့် ကွန်းဒိုးတို့အား တိုက်ခိုက်ခဲ့သည်။ သို့သော် ဗြိတိသျှတို့မှ တွန်းလှဲခုခံနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။ တိုက်ခိုက်မှုပုံစံမှာ ဗြိတိသျှနှင့် စီးယင်းတို့စီးယင်းဒေသတွင် တိုက်ခိုက်နေစဉ် ၌တာရွန်းတို့သည် ဗြိတိသျှတို့၏ ရွာများနှင့် စခန်းများကို အနောက်ဘက်မှ ပတ်ဝင်ကာ အလစ်ဝင်တိုက်ခဲ့သည် ။
ဗြိတိသျှတို့သည် ထိုအချိန်တွင် ချင်းလူမျိုးတို့၏ တိုက်ခိုက်မှုစွမ်းရည်အား အသိအမှတ်ပြုခဲ့ကြပြီး- “ကျွန်တော်တို့ တက့်ပြီး စစ်ဆင်နေချိန်တွင် ချင်းတို့သည် မြေပြန့်သို့ ဆင်းလာကာ ရှမ်းရွာများနှင့် ကျွန်တော်တို့ (ဗြိတိသျှ) တို့၏ စခန်းများကို လာရောက်တိုက်ခိုက်ပုံကို ကြည့်ခြင်းအားဖြင့် သူတို့သည် တိုက်ခိုက်ရေးစွမ်းရည်ရှိသည်မှာ ထင်ရှားလှပေသည။” ဟု စာမျက်နှာ ၂၇ တွင်ဖော်ပြထားသည်။
Officers inspecting guns
စစ်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး၊ဗြိတိသျှတို့၏ လက်နက်အင်အား တောင့်တင်းကောင်းမွန်မှုကြောင့် စီးယင်းရွာများ ၊ Sakhingling နှင့် Thuklai ရွာများအား ဖျက်စီးနိုင်ခဲ့ပြီး။ ဆက်လက်၍ကမ်ဟောင်များနှင့် တိုက်ခိုက်ခဲ့သည်။ စီးယင်းများနှင့်Khuasak တို့သည် လက်နက်မချကြဘဲ ၊ ရွာများကို စွန့ပြစ်ကာ အားလုံးတောထဲတွင် စခန်းချပြီး ဆက်လက်၍ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ကြသည် ။ဗြိတိသျှတို့သည် Forth White စခန်းကို Thuklai တွင် တည်ဆောက်ခဲ့သည်။ ဤသို့စီးယင်းများအား လောလောဆယ် အနိုင်ရရှိခဲ့ပြီး Major Raikes သည် တာရွန်းတို့နှင့် စေ့စပ်ဆွေးနွေးရေးကို ထပ်မံတံခါးဖွင့်ခဲ့သည်။ ထိုအချိန်တွင် တာရွန်းအကြီးအကဲ (၅) ဦးအနက် တစ်ဦးဖြစ်သော Bawi Hmaung ရောက်ရှိလာခဲ့ပြီးဆွေးနွေးမှုများတွင် ရွှေဂျိုးဖြူနှင့် အပေါင်းအပါအား အပ်နှံရန်ကိုမူ အစဉ်တစိုက် ငြင်းဆိုခဲ့သည်။
Fort White (Thuklai)
တတိယ စစ်ဆင်ရေး (၁၈၈၉-၁၈၉၀)
Thuklai ဒေသအနီးတဝိုက်ရှိ မျိုးနွယ်စုများသည် ဗြိတိသျှများကို ဆက်လက်တိုက်ခိုက်ခဲ့သည်။ တာရွန်းတို့သည်လည်း ရွှေဂျိုးဖြူအပါအဝင် အခြား ဗမာဒုက္ခသည်များကို ဆက်လက်လက်ခံခဲ့သည်။ ခိုလုံခွင့်ပေးခဲ့သည်။ထိုသို့သော ဆက်လက်တိုက်ခိုက်မှုများနှင့် ခိုလုံခွင့်ပေးနေမှုများကြောင့် ဗြိတိသျှတို့သည် ချင်းတောင်ကို မတိုက်လျှင် ထိုသို့သော ပြ၏နာများဆက်လက်ဖြစ်ပွားနေမှုကို မလိုလားတော့ခြင်းကြောင့် သူတို့၏ အာဏာစက်အောက်တွင် သွတ်သွင်းရန် ဆုံးဖြတ်ခဲ့သည်။
ဗြိတိသျှတို့သည် စစ်တပ်အင်အား (၁၂၀ဝ) နှင့်အတူ တာရွန်းသို့ စစ်ကြောင်း နှစ်ကြောင်း (မြောက်ပိုင်းနှင့်တောင်ပိုင်း) ဖြင့် ချီတက်လာခဲ့ကြသည်။ မြောက်ပိုင်းတပ်ဖွဲ့၏ အမှတ်မှာ- (၁၆၂၂) ဖြစ်ပြီး၊ တောင်ပိုင်းတပ်ဖွဲ့၏ အမှတ်မှာ- (၁၈၆၉) ဖြစ်သည။ မြောက်ပိုင်းစစ်ကြောင်းမှာForth White မှ တာရွန်းသို့ချီတက်ရန် ဖြစ်သည။ အခြားစစ်ကြောင်းမှာ ချစ်တကောင်းမှလာသော တပ်ဖွဲ့နှင့် ဂန့်ဂေါမှ တက်လာသော တပ်ဖွဲ့သည် ဟားခါး၌ တွေ့ဆုံကာ တာရွန်းသို့ ချီတက်ရန်ဖြစ်သည်။
Entrance to a Tashon village
တာရွန်းသို့ မချီတက်မီ မြောက်ပိုင်းတပ်ဖွဲ့သည် နိုဝင်ဘာလတွင် ဆီးယင်းနယ်များ တိုက်ခိုက်ခဲ့သည။သို့သော်လည်း စီးယင်းများ၏ရွပ်ရွပ်ချွံချွံခုခံခြင်းကြောင့် မနိုင်ခဲ့ပေ။ ထို့နောက် ဗြိတု့သည် တာရွန်းနယ်သို့သာ ဦးတည်တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အကယ်၍တာရွန်းများမှ မတိုက်ခိုက်လျှင် စီးယင်းများမှ တစ်ဦးတည်းဆက်လက်တိုက်ပွဲဝင်မည်မဟုတ်ဟု သတင်းရရှိခြင်းကြောင့် ဖြစ်သည်။ ထို့နောက် ချစ်တကောင်းမှ ဗြိတိသျှတပ်များနှင့် တောင်ပိုင်းတပ်ဖွဲ့များသည် Mang kheng ရွာအား ဖြတ်ကာ တာရွန်းသ့ ဦးတည်လာခဲ့ကြသည်။ ထို့နောက် တာရွန်းမှ (၂) ဖာလုံအကွာတွင် စခန်းချခဲ့ကြသည်။ထို့နောက် ဗြိတိသျှဗိုလ်ချုပ်ကြီးသည် မတ်လ (၁၁) ရက်၊ ၁၈၉၀ နေ့တွင် တာရွန်းအကြီးအကဲများအား စုရုံးစေပြီး လက်နက်ချရန်အတွက် ပြောခဲ့သည်။
ဗြိတိသျှဗိုလ်ချုပ်ကြီးမှ တာရွန်းတိုဏ္ဍအား ရူပီးငွေ (၁၀ဝ၀ဝ)၊ တစ်နှစ်လျှင် ဆင်စွယ် (၂) ခု၊ ပိုးထည် (၁၀) ထည် ပေးဆောင်ရန်အပါအဝင် ဒဏ်တပ်ခြင်းအား ပြောဆိုခဲ့သည်။သို့သော် ချင်းအကြီးအကဲများသည် ယဉ်ကျေးစွာ ငြင်းဆိုခဲ့သည်။ ထိုအချိန်တွင် တာရွန်းတို့သည် အင်္ဂလိပ်တို့နှင့် တိုက်ခိုက်ရန်အတွက် ဘန်ကာများ၊ ဓါး၊လှံ အပါအဝင် လက်နက်ခဲယမ်းမီးကျောက်များကို ပြင်ဆင်ပြီးဖြစ်သည်။ တာရွန်းရွာတွင် လက်နက်တပ်ဆင်ထားသော ချင်းစစ်သား (၃၀ဝ၀) စုရုံးရောက်ရှိပြီးဖြစ်သည။ ယင်းမှာ- တာရွန်းရွာတစ်ခုတည်းမှသာလျှင်မဟုတ်ပဲ Hualngo, Zahau, Sizang,Khuangli, Sokte နှင့်အခြားရွာများမှလည်း ဖြစ်သည်။
Column Halted Previous to Final Advance on Falam, The Tashon Capital
ထိုသိုဏ္ဍငြင်းဆိုခြင်းကြောင့် ဗြိတိသျှတို့သည် F0rth White တွင် အခြေစိုက်လျက်ရှိသော မြောက်ပိုင်းတပ်ဖွဲဏ္ဍအား ချီတက်လာစေပြီး ယင်းတပ်ဖွဲ့သည် Parte ရွာတွင် စခန်းချခဲ့သည်၊ ထိုအချိန်တွင်လည်း ချင်းလူမျိုးများသည် တာရွန်းအကြီးအကဲများ. အမိန့်ကိုသာ စောင့်စာပြီး ဗြိတိသျှတို့အား တိုက်ခိုက်ရန် အသင့်အနေအထားဖြင့် ရှိနေခဲ့ကြသည်၊ ထို့နောက် မြောက်ပိုင်းတပ်ဖွဲ့သည် Parte မှ တာရွန်းသို့ချီတက်လာပြီး ဗြိတိသျှတို့မှ စစ်လျော်ကြေးတောင်းဆိုမှုအားလည်း ပြန်လည်လျော့ပေါ့ကာ တင်ပြခဲ့သည်။
ဗြိတိသျှတို့သည် တာရွန်းတို့၏ သြဇာ အာဏာအား နားလည်သဘောပေါက်ခြင်းကို စာအုပ၏ စာမျက်နှာ (၃၉) တွင် “ အဲဒီအချိန်မှာ ချင်းပြည်မှာ တာရွန်းတို့ရဲ့ အရေးပါမှု သြဇာအာဏာဟာ ပေါ်လွင်လှသည်။ မဏိပူရကနေ ဟားခါး၊ ဗမာပြည်ကနေ Lushaiအထိ တာရွန်းတို့အား ဗဟိုပြုကာ အမည်ခံ မဟာမိတ် (Nominal Allegiance) ဖွဲဏ္ဍစည်းခဲ့ကြ သည်။ ထို့အပြင် တာရွန်းတို့သည် မျက်နှာဖြူများကို မိမိတို့ထက် အင်အားကြီးမားသူဟု အသိအမှတ်ပြုပြီး လက်နက်ချခဲ့လျှင် သူတို့၏ အခွင့်အရေးများကို ဆုံးရူံးမည်ကို ကြောက်သည်သာမက တာရွန်းတို့၏. ဂုဏ်သိက္ခာ အရှိန်အဝါအား အခြားချင်းလူမျိုးများအကြားတွင် မျက်နှာငယ်မည်ကိုလည်း စိုးရိမ်ခဲ့ကြသည် ”ဟု ဖော်ပြထားသည။ထို့ကြောင့် တာရွန်းတို့မှ ဗြိတိသျှတို၏ကအား တိုက်ခိုက်ရန် ပြင်ဆင်ခဲ့ခြင်းကိုGeneral Symons သည် နားလည်ခဲ့သည်။ တာရွန်းတို့၏ လက်နက်ချခြင်းသည် ချင်းတောင်တစ်ခုလုံးအတွက် အရေးပါသည်ကို နားလည်သဘောပေါက်သောကြောင့် လက်နက်ချခြင်းနှင့်စပ်လျဉ်း၍လည်း စစ်လျော်ကြေးများကို လျော့ပေါ့ခြင်းကြောင့် တာရွန်းတို့မှ လက်နက်ချခဲ့ကြသည်။ ဗြိတိသျှတို့၏ စစ်လျော်ကြေး ပြန်လည်ပြင်ဆင်မှုမှာ- ရူပီးငွေ (၂၀ဝ)၊ ဆိတ် (၁၆) ကောင်၊ကျွဲနှင့် နွား (၇၀) ကောင်နှင့် ဆင်စွယ် (၁) ချောင်းတို့ ဖြစ်သည။ ထို့နောက် စီးယင်းတို့သည်လည်း ဧပြီလ (၂) ရက်၊ ၁၈၉၀ တွင် လက်နက်ချခဲ့ကြသည်။သို့သော် တာရွန်းတို့သည် ရွှေဂျိုးဖြူနှင့် အပေါင်းအပါများကို အင်္ဂလိပ်တို့လက်သို့ အပ်နှံရန်ကိုမူ ငြင်းဆန်ခကြသည်။
Burmese captives released from the Chins
Careuy & Tuck စာအုပ်၏ စာမျက်နှာ (၁၀၈) တွင်- “ ရွှေဂျိုးဖြူ၏ လက်ထောက်ဖြစ်သော Thegyi အား ဗြိတိသျှတို့မှ ဒဏ်မခတ်တော့ဘ Political Officer အဖြစ် ထမ်းဆောင်စေခဲ့သည်။ သူနှင့် ရွှေဂျိုးဖြူတို့အား တာရွန်းတို့မှ အင်္ဂလိပ်ထံသို့ အပ်နှံရန် ငြင်းဆန်ခဲ့ကြသူများဖြစ်သည်။ သို့သော် သူ၏ ဆရာ ရွှေဂျိုးဖြူမှာမူ ဗမာပြည်အတွင်းသို့ ပြန်လည် ထွက်ပြေးဝင်ရောက်သွားခဲ့ပြီး အဖမ်းခံရကာ ၁၈၉၁ တွင် ကြိုးဆွဲချ အသတ်ခံရသည်” ဟု ဖော်ပြထားသည်။
နိဂုံးချုပ် သုံးသပ်ချက်
ရွှေဂျိုးဖြူမင်းသား ချင်းတောင် တာရွန်းနယ်တွင် ဒုက္ခသည်အဖြစ် ခံယူခဲ့သည်မှာ မည်သူမျှ မငြင်းနိုင်ပေ။
Careuy & Tuck နှင့် E S Symesတို့၏ စာအုပ်များတွင်လည်း သူ. အမည်များဖြင့် ဖုံးလွမ်းခဲ့သည။
မည်သို့မည်ပုံ သူအဖမ်းခံရသည်ကို စာမျက်နှာ (၁၀၈) တွင် မရှင်းလင်းသော်လည်း Hualngo Literature and Culture Association (HLCA) မှ ထုတ်ဝေသော “Zo Fate Chanchin” တွင် သူသည် ကုန်းဘောင်မင်းဆက်၏ ဘူမိနက်သန်ဖြစ်သော ရွှေဘိုသို့ထွက်ခွာသွားခဲ့ပြီး။ နောက်တစ်ကြိမ် တော်လှန်ရေးစတင်ရန် ပြင်ဆင်ကြိုးပမ်းစဉ်တွင် ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု ဖော်ပြသည်။
သူသည် သီပေါမင်း၏ ညီအကိုတစ်ဦးဟု ဖော်ပြနေမှုများမှာ မှားယွင်းကြောင်းကိုလည်း ထောက်ပြလိုပါသည။
Careuy & Tuck တို့၏ စာအုပ်တွင်လည်း သူသည် ကုန်းဘောင်မင်းဆက်နှင့် ရင်းနှီးဆက်နွယ်မှုမရှိကြောင်းအားလည်း ရှင်းလင်းစွာ ထောက်ပြကြသည်။ ထိုခေတ်အခါ လူထု၏ မင်းလောင်းမျှော် စိတ်ဓါတ်နှင့် မင်းသားတစ်ယောက်အဖြစ် လှုပ်ရှားခြင်းဖြင့် ပိုမိုထိရောက်မည်ဟူသော ရည်ရွယ်ချက်ဖြင့်သာ အသုံးပြုခဲ့ခြင်းဖြစ်သည်။ ထိုဏ္ဍပြင် Zo History ရေးသားသူ Dr.Vum Son မှလည်း သူ၏စာအုပ်တွင် ရွှေဂျိုးဖြူအား မင်းသားတု (ဝါ) လူလိမ်မင်းသား (A Pseudo Prince) ဟုဖော်ပြခဲ့သည်။
ထိုဏ္ဍပြင် သူသည် သီပေါမင်း. ညီအမှန်တကယ်ဖြစ်မည်ဆိုလျှင် သီပေါဘုရင်း. ရာဇပလ†င်အတွက် ဖြစ်ပွားခဲ့သော မနျွှလေးနန်းတွင်းသွေးချောင်းစီးမ_တွင် လွတ်မြောက်မည်မဟုတ်ပေ၊ ထိုနန်းတွင်းသွေးချောင်းစီးမ_}ကီးသည် ၁၈၇၈ တွင်ဖြစ်ပွားခဲ့+ပီး သီပေါ။ ဘုရင်ဖြစ်ရန်အတွက် နှောင့်ယှက်နိုင်သူဟု ယူဆရသူများအားလုံးအား ဦးတည်ကာ ဖြစ်ပွားခဲ့သော သွေးချောင်းစီးမ_ဖြစ်သည်၊
ထို့ပြင် သူသည် သီပေါမင်း၏အမှန်တကယ်ညီဖြစ်ခဲ့မည်ဆိုလျှင် မင်းတုန်းမင်း၏ သားတစ်ဦးဖြစ်ရမည်ဖြစ်သော်လည်း အောက်ပါလင့်ခ်ရှိ မင်းတုန်းမင်း၏ သား/သမီး (၁၁၀) ဦးစာရင်းတွင် ရွှေဂျိုးဖြူ၏ အမည်ကို မတွေ့ရပေ။http://www.royalark.net/Burma/konbau16.htm
သို့သော် သူသည် ဗြိတိသျှနယ်ချဲ့တို့ကို ဆန့်ကျင်ခဲ့သော တော်လှန်ရေးသမားစစ်စစ်ဖြစ်သည် ။ သူ၏တော်လှန်ရေးကို ဗမာပြည်တွင် အစပြုခဲ့ပြီး ဗမာပြည် နယ်ချဲ့လက်အောက်ကျရောက်သည့်အချိန်တွင် ချင်းတောင်သို့ ထွက်ပြေးခဲ့ခြင်းဖြစ်သည် ။ သူ၏အတွေးအခေါ်၊ အယူအဆများသည် တာရွန်းတို့၏နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများတွင် အရေးကြီးသော အခန်းကဏ္ဍ ပါဝင်ခဲ့မည်မှာ အသေအချာဖြစ်သည်။ ထို့ပြင် တာရွန်းတို့ ဗြိတိသျှနယ်ချဲ့တို့ထံ အညံ့ခံသည့်အခါတွင်လည်း သူ့အား ဗြိတိသျှတို့ထံသို့ မလွဲအပ်ခဲ့ပေ ။ ဤွှသည်မှာလည်း ချင်းလူမျိုးတို့၏သစ္စာရှိမှု ပြယုဉ်တန်ဖိုးတစ်ခုပင် ဖြစ်ပေသည်။
မှတ်ချက်။ ။ဆောင်းပါးပါ ဓါတ်ပုံများသည် The London Stereoscopic & Photographic Company မှ ထုတ်ဝေသော The Image of War, Service on the Chin Hills စာအုပ်မှ ဓါတ်ပုံများဖြစ်သည်။
(စာရေးသူ Salai Van Cung Lianသည် University of Nottingham မှ B.Sc (Civil Engeering) ဖြင့် ကျောင်းပြီးကာ။ အင်္ဂလန်နိုင်ငံရှိCH2M Hill တွင် Graduate အင်ဂျင်နီယာအဖြစ် အသက်မွေးဝမ်းကြောင်းလျက်ရှိသည်။
ShweGyuPhyu Prince & British Annexation of Chin Hills
Introduction
Chinworld and Global Chin News (GCN) have recently published a short story about ShweGyoPhyu Prince was given political asylum by Tlaisun chief Con Bik, thus he was the first foreigner to be given asylum in Chinland. The GCNseven claimed that he was the brother of Burmese King Thibaw and this idea was also supported in several internet comments. When it was published many people asked itsauthenticity, references and the reason he took refuge in Chin Hills. This is a very important historical fact,therefore,Chinworldmedia conducts research to share to you. This will include ShweGyuPhyu prince and a brief history of the British annexation of Chin Hills, especially Eastern Chin State.
Research
In order to do this, I visited The British Library and School of Oriential and African Studies (SOAS) Libraries. On the way, I came across the following books1) The Chin Hills Volume 1 (A history of the people, our dealings with them, their customs, manners, and a Gazetteer of their country) by B. S Carey and H. N. Tuck published in 1896. Carey and Tuck were the assistance commissioner and political officer in Chin Hills during the invasions. They were the first to bring the Chin under the system of British administration. I will quote mostly from this book. 2) A military report in Chin-Lushai Country by E. S Symes published 1893.When it was delivered to me in the British Library, thebook was in a very bad state, the covers no longer bind or hold the book and was tied with a piece of shoe lace. I was constantly reminded to be careful, I was not allowed to make copy as they thought I might mishandle and destroy it.This article will be written in the point of view of the above books. I have also come across the following books published by Dr.Vum Son, ThangZa Dal and LianHmungSakhong, they also quote most of their references from Carey and Tuck V1 when they write about British annexation of Chin Hills.
Early contacts with Chins (Western and Eastern)
When the British conquered East India, first contact with Lushaicountry (now in India) was made in Western Chin State.They had unpleasant contact in Lushai country as theLushaiconstantly raided the British subjects and territories, which Lushai thought were their tributaries, eventually resulted in British invasionknown as the The First Expedition (LushaiExpedition in 1888-1889). The first expedition was a success as most of Lushai chiefs were reduced in to submission.Assam and Manipur fell in British hand in 1826. The upper Burma fell in to the British in 1885, the British then advanced to the Burmese western borders to occupy the Kale and Yaw valleys (now Western Magway areas). At that time, the Burmese inhabitants of the valleys at the foot of the Chin Hills had suffered from time immemorial from their raids, and great numbers of them were captives in the hill villages1. The Chin (Sizang, Kamhau, Tlaisun, Zokhua and Haka) constantly raided the plains. Among them the Tlaisunwere the most powerful tribe2. The Captain Raikes, British Deputy Commissionerof Upper Chindwin in Kalaymyosent invitation to chiefs of Sukte, Kamhau, Sizang, Tlaisun and Haka to discuss the raids and developments3.
Soon after the interviews, the British built roads towards the Sizang country and they were attack by Sizang, at the same time Tlaisun Chief Con Bik was suspicious of British intention after the interview. He was also encouraged to fight the British by ShweGyuPhyu Prince. Before the interviewwas conducted, ShweGyoPhyu Prince raised a rebellion in central Burma which was noted by (Carey and Tuck pg.21) as “There was at this time living in the Yaw country a man who, although he had no pretensions to royal blood, had assumed the title of ShweGyoByuMintha, this so-called prince was a vaccinator in the Thayetmyo district at the time of the annexation of Upper Burma, had succeeded in raising a rebellion in October 1887 on the confines of the Chindwins, Myingyan and Pagan districts. In the operations which followed, Captain Beville and major Kennedywere killed and the pretender, being defeated, fled in to the Yaw country. The columns which operated in the Yaw country in the cold weather of 1887-88 dispersed the various dacoit gangs, and the ShweGyuPhyu fled to the Chin Hills”.
ShweGyuPhyuwas given asylum by the Tlaisunand he took residence in Tlaisun territory. Upon hearing that, the ex-Sawbwa of Kale (British deposed them and send them to Mandalay) and his followers escaped from Mandalay and joined him. On the 4th, 5th May 1888 a strong body of Tlaisundescended suddenly on Indin (border town between Chin and Burma, 10 miles south of Kalaymyo) and carried off the Swabwa of Kale to the foot of the hills. He was obliged to save himself by promising to join in the rebellion and he was allowed to return to his capital4. An ultimatum was sent to the Tlaisunchiefs, ordering them to deliver up the ShweGyoPhyu and his officers5. (Carey and Tuck pg 26) noted “the hand of government was forced by the Sizang who came down the plains killing,Tlaisun chiefs under the ShweGyuPhyuravaged the plains”. The British invasion of Chin Hills was to protect their subjects rather than colonization.
The Second Expedition(1888-1889)
In September 1888 British troops landed in Kalewa. They were determined “to deal first with the Sizang and to inflict on them such a crushing blow as not only to cripple them for the future, but also to terrify the Tlaisuns into giving up the rebel ShweGyuPhyu” (Carey and Tuck pg 26).When the expedition starts, the Chin “were in great force, and Tlaisunand Sizangare fighting side by side from all four sides, fighting undercover of heavy undergrwoth”. On, 10th December 4.0am Tlaisunin great force made attack on Sihaung, Kyawywa and Kundu but they were repulsed by the British (Carey& Tuck pg 27). The British now recognized the chin’s tactical ability in war as (Carey and Tuckpage 27) noted “whilst disputing every stage of our advanced into the hills, the Chin showed considerable tactical ability by taking the offensive in the plans and attacking Shan villages and our posts in the rear of the advancing column”.
As the war went on British gained upper hand, in February the Sizangs, Sakhalingand Thuklaivillages were destroyed. A successful expedition was then carried out against the Kamhow. The people of Sizang and Khuasakdid not surrender, abandoned their village and took refuge in the forest and continued to fight6. Major Raikes opened up re-negotiation with the Tlaisun. This time one of Tlaisun Chiefs BawiHmungcame but as usual refused to surrender the ShweGyoPhyu and his associates7.
Third Expedition (1889-1890)
The tribes around Fort White (Thuklai) continue to attack British. The Tlaisunalso continued to harbour the ShweGyoPhyu prince and other Burmese refugees, the British decided to invade Chinhill and put them under their control8. The British came with a force 1200 came to Tlaisun from two fronts (South and North). Meanwhile in the northern column operatedagainstSizangin November but they could not defeat them (C & T pg 37). The British then decided to march onto Tlaisun, believing if Tlaisundid not fight, Sizangwere not prepared to struggle alone (C & T pg 38). Meanwhile the combined force of the Chittagong and southern column march to Tlaisun via Mangkheng and camped at a quarter mile from Tlaisun. The General Symons summoned the Tlaisun chiefs and gave them the surrender terms.
The chiefs politely declined. Tlaisunwere preparing to fight as rivers banks were fortified, rifle pits and stockade were built for defence. Around 3000 warroirswere gathering at Tlaisun village from all sides including Hualngo, Zahau, Sizang, Khuangli, Sokte and they are arms with flint lock guns, spears, shendu [chopper-sharped knife]9. The British then understood the positions of Tlaisun as (Carey and Tuck pg.39) noted “it must be remember that the Tlaisun held a unique position in Chinland at this time. All the tribes from Manipur to Haka and from Burma to Lushai owed them nominal allegiance and the Tlaisun realized that their prestige would be gone and the name of Falam (now Tlaisun village) lowered in the eyes of Chinland if they in common with the petty clans had to pay tributes acknowledge the supremacy of the white man”.General Symons lowered the terms i.e. reducing the fines and Tlaisunsurrendered. Sizang followed on 2nd April 1990. However, Tlaisunrefused to give up ShweGyuPhyu and his associates. Thegyi was one of the ShweGyoPhyu most prominent lieutenants and was one of those outlaws whom the Tlaisun refused to surrender to General Symons in 1889-90. Thegyi is now pardoned, but not yet allowed to return to Burma. He is used by the political officers to count houses and carry messages; his Chief, the ShweGyuPhyu who returned to Burma, was arrested, tried, and hanged in1891 (Carey and Tuck pg. 108).
Conclusion and Analysis
No one can deny that the ShweGyuPhyu took refuge to the Tlaisunterritory. There is overwhelming evidences of his name in the books (Carey and Tuck and E S Symes). He was a true fighter against British colonizations. He started rebellion in Burma then fled to Chinhills after defeated by the British. His input must have played a big factor in the Tlaisunfighting against the British. Once, the Tlaisun surrendered he was not handover to the hand of British by the Tlaisun. Although, it was not clear from page 108 how he got arrested but “ZofateChanchin” a book published by Hualngo Literature and Culture Association (HLCA) claimed that he escaped again to Shwebo(the symbol of Konbaung dynasty power) and got arrested while trying to start another rebellion. It was clear from the above references that he was not the brother of King Thibaw as reported in Global Chin News I will argue in the following points :-
- From the above C and T book, he was clearly not related to the royals. “although he was not related to royals”. Dr Vum Son who wrote Zo history called him “a pseudo prince”.
- If he is a brother of Thibaw as reported, he would not have survived during the royals massacre carried out to pave the way for Thibaw to become King. Every royal’s relatives who threatened or could have threatened the throne were killed in 1879.
- There is no evidence that his mother remarried, so if he is a brother of Thibaw his father must have been King Mindon who had 110 childrens and ShweGyuPhyuname is not listed in the Kongbaung dynasty genealogy in this link. http://www.royalark.net/Burma/konbau16.htm
Notes.
E S Symes page 41,
2)E S Symes page 41
3) C&T page 22,23
4) C&T page 25
5) C&T page 26
6) C & T 30
7) E S Symespage 45
8) C & T 39 & 40
Src: Chin World Media
0 Komentar