Showing posts with label အိုင်တီ. Show all posts
Showing posts with label အိုင်တီ. Show all posts
ဆိုက်ဘာကန့်လန့်ကာ
ဆိုက်ဘာကန့်လန့်ကာ
ခေတ်သစ်နည်းပညာကမ္ဘာမှာ ပညာဗဟုသုတနဲ့ သတင်းအချက်အလက် ရှာဖွေရေး၊ အချိန်တိုအတွင်း အပြန်အလှန် ဆက်သွယ်ရေးနဲ့ လွတ်လပ်တဲ့ အတွေးအမြင်စာစုတွေကို အများသူငါဆီ မျှဝေတင်ပြနိုင်ရေးအတွက် အင်တာနက်ဟာ မရှိမဖြစ်အသုံးတည့်ရုံသာမက မြန်မာနိုင်ငံလို ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျတဲ့ နိုင်ငံမျိုးမှာ ပိုပြီးလိုအပ်တယ်လို့တောင် ဆိုသူတွေ ရှိပါတယ်။
ဒီအထဲမှာ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေသစ်က အင်တာနက်ဟာ မရှိမဖြစ်ပါလို့ ဆိုပါတယ်။
မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီက ကိုနေမျိုးဝေကတော့ “အင်တာနက်မရှိရင် ကျနော်တို့ ပါတီ မထောင်ဘူးဗျ” တဲ့။ ပါတီရန်ပုံငွေ ချို့တဲ့တဲ့ သူတို့အတွက် အင်တာနက်ဟာ အကောင်းဆုံး စည်းရုံးရေး လက်နက်ပါလို့လည်း ဆိုပါတယ်။
 “ပါတီမှာ သူဌေးဆိုတာ တယောက်မှ မပါဘူး။ ရန်ပုံငွေ ရှိတဲ့သူ မပါဘူး။ ဥပမာဆိုလိုတာက ပါတီရဲ့ တည်ထောင်သူတွေပေါ့။ ပါတီတည်ထောင်သူတွေက ငမွဲတွေချည်းပဲ”
intercyber3
လက်ရှိ အင်တာနက်ထိန်းချုပ်ထားမှုစနစ်ပြ ပုံ
အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီရဲ့ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးကလည်း အင်တာနက်ဟာ ကနေ့ကမ္ဘာအပြင် မြန်မာတွေအတွက်ပါ အဓိကလိုအပ်လာပြီလို့ ရှုမြင်ပါတယ်။
“အင်တာနက်ဆိုတာ ဇိမ်ခံပစ္စည်း မဟုတ်ပါဘူး။ နိုင်ငံရေးသမားမှ မဟုတ်ဘူး၊ ကျောင်းသားမှ မဟုတ်ဘူး။ နောက်ဆုံး ရဟန်းတော်တွေ လောကုတ္တရာစာပေတွေကို  လေ့လာတဲ့အခါမှာ အိန္ဒိယတို့၊ သီရိလင်္ကာတို့နဲ့ ချိတ်ဆက်ပြီးတော့ ဒီလိုပူးတွဲနေတာတွေ ရှိပါတယ်။ အဲဒီတော့ အင်တာနက်ဆိုတာက နေ့စဉ် မရှိမဖြစ်သုံးစွဲရတဲ့ ပစ္စည်းတခုလိုမျိုး ဖြစ်လာပါပြီ”
အဲဒီလို လိုအပ်ချက်အဖြစ် ရှုမြင်သူတွေ ရှိနေပေမယ့်လည်း လူဦးရေ သန်း ၅ဝ ကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ အင်တာနက် သုံးစွဲသူ ၃ သိန်းပဲ ရှိတယ်လို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF ရဲ့ စာရင်းက ဆိုနေပါတယ်။
သုံးစွဲသူ အနည်းအများအပေါ် စောဒက တက်ဖွယ်ရှိပေမယ့် intercyber2တကယ်တမ်းမှာ အင်တာနက်ဟာ မြန်မာပြည်သားတွေရဲ့ နေ့စဉ်ဘဝအတွက် အရေးကြီးမကြီးက မေးခွန်း ထုတ်စရာပင်။
“ယနေ့ခေတ်ကမ္ဘာမှာ အင်တာနက်မသုံးဘူးဆိုရင် အကန်းနဲ့ တူမှာပေါ့။ မျက်မမြင်နဲ့ တူမှာပေါ့။ ကျနော်တို့က ကမ္ဘာကြီးပေါ်မှာ မျက်စိဖွင့်၊ နားစွင့်ပြီးတော့ နေဖို့ လိုတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ Information ဆိုတာက ရနိုင်လေ၊ ကောင်းလေပဲ။ ဘာတွေဖြစ်နေလဲ၊ ကမ္ဘာပေါ်မှာ ဘာတွေပြောင်းလဲနေလဲ။ ဒီဟာတွေကို ကျနော် ယူပါတယ်။ နောက်တခုက လွှတ်တော်မှာ ကျနော် တင်သွားတဲ့ အကြောင်းအရာတွေ ရှိပါတယ်။ ဒီ Data (အချက်အလက်) တွေအတွက် လိုအပ်တဲ့အပိုင်းတွေ သုံးပါတယ်၊ ယူပါတယ်” လို့ ဒေါက်တာမြတ်ဉာဏစိုးက သူ့အတွက် အင်တာနက် အသုံးတည့်ရပုံကို နမူနာတခုပြ ပြောပါတယ်။
လွှတ်တော်ကိစ္စအတွက်သာ မဟုတ်ဘဲ ပြည်တွင်းပြည်ပ ချိတ်ဆက်မှုတွေနဲ့ လူထုလှုပ်ရှားမှု လုပ်ငန်းတွေမှာပါ အသုံးဝင်ပါတယ်လို့ ပြောသူကတော့ ဒီနှစ်ထဲမှာပဲ ပါတီဝက်ဆိုက်ထောင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်ပါ။
“ပြည်တွင်းမှာရှိတဲ့ အဖွဲ့အစည်းများနဲ့ ဆက်သွယ်ရေးဟာ ပိုပြီးတော့ နည်းနည်းလေး ကောင်းမွန်လာတယ်လို့ ပြောလို့ ရပါတယ်။ ဒါ့ထက် ပိုပြောနိုင်တာက ကျနော်တို့ရဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံမှာရှိတဲ့ မြန်မာလူမျိုးတွေ၊ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တဲ့ နေရာမှာတော့ အများကြီးကို အကျိုးရှိတယ်။ ကျနော်တို့ရဲ့ ဝက်ဆိုက်ဆိုရင် ဖတ်တဲ့သူတွေ၊ အကြံပေးတဲ့သူတွေ အများကြီး ပေါ်လာတယ်။ နောက်ပြီးတော့ NLD  ဝက်ဆိုက်ကို ဝင်ကြည့်ရကောင်းမှန်း သိလာတယ်။ ကျနော်တို့ ပြည်ပနဲ့ ဆက်သွယ်လုပ်ကိုင်တဲ့ နေရာမှာတော့ အများကြီး ကျယ်ပြန့်လာတယ်”
ပါတီအတွက် အထောက်အကူဖြစ်တယ်လို့ ဆိုကြပေမယ့် သုံးစွဲရာမှာ အင်တာနက်မြန်နှုန်း လေးလံကြန့်ကြာလို့ အချိန်ကုန် လူပန်းသလို အစိုးရ ပိတ်ပင်ကန့်သတ်ချက် များလွန်းလို့ လွတ်လပ်ခွင့်တွေ ပျောက်ဆုံးနေတယ်ဆိုတဲ့ ညည်းတွားသံတွေကလည်း စိန်ခေါ်နေပြန်ပါတယ်။
“အဓိက ကတော့ ကျနော်တို့ဆီမှာ နှေးတာပါ။ ကွန်နက်ရှင် မိအောင်လို့ အတော်ကြိုးစားရပါတယ်။ ကွန်နက်ရှင်လေး မိလို့ သုံးနေတုန်းရှိသေး ပြန်ပြုတ်သွားတာပေါ့လေ။ ဒီအပေါ်မှာ အချိန်ပေးရလွန်းအားကြီးတယ်ပေါ့။ ကွန်နက်ရှင် နည်းတာရယ်၊ သုံးရတဲ့အခါမှာ နှေးတာရယ်။ ဒါက အဓိကပါပဲ” လို့ ဒေါက်တာမြတ်ဉာဏစိုး ပြောပါတယ်။
အင်တာနက်သုံးစွဲမှု ထိန်းချုပ်ဖို့ အင်တာနက်ဆိုင်တွေမှာ လုံခြုံရေးကင်မရာ တပ်ခိုင်းတာ၊ သုံးစွဲမှုမှတ်တမ်း ဝင်စစ်တာတွေကလည်း ရှိနေပါတယ်။ ဒါကြောင့်လည်း သုံးစွဲသူဦးရေ လျော့ကျသွားလို့ ဆိုင်ရှင်တွေရဲ့ ဝင်ငွေ ကျဆင်းလာတာကြောင့် ညည်းတွားသံတွေ ကြားရပြန်ပါတယ်။
“ပြည်သူလူထုကလည်း အင်တာနက်ကို အိမ်တွေမှာ မသုံးနိုင်ဘူး။ ဆိုင်တွေမှာ သွားသုံးရတယ်။ ဆိုင်တွေမှာလည်း နိုင်ငံရေးဝက်ဆိုက်များ မကြည့်ရဆိုတဲ့ စာတန်းတွေက ရှိနေတယ်။ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဟာတွေကို ကြည့်တာရှုတာ တော်တော်နည်းသွားပြီ။ သောင်းဂဏန်းလောက်ပဲ ရှိတော့တယ်” လို့ ကိုနေမျိုးဝေက ဆိုပါတယ်။
အစိုးရက အင်တာနက်စင်စစ်ကို သုံးခွင့်မပြုဘဲ တဆင့်ခံ အင်ထရာနက်အဆင့်ကိုပဲ ခွင့်ပြုထားတာပါ။
၂ဝ၁ဝ အထိ Internet Service Provider (ISP) နှစ်ခုပဲ အသုံးပြုခဲ့ပါတယ်။ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ISP က ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် အစိုးရဌာနတွေအားလုံးနဲ့ ADSL/Dial-up  စနစ် သုံးစွဲသူတွေကို ဝန်ဆောင်မှု ပေးပါတယ်။ ရတနာပုံ တယ်လီပို့စ်ပိုင် ISP ကတော့ Dial-up, ADSL, FTTH, Wireless/Boradband စနစ်နဲ့ သုံးစွဲသူတွေကို ဝန်ဆောင်မှုပေးတယ်လို့ ပြည်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂ BMA ရဲ့ “အမျိုးသားအဆင့် ရတနာပုံ မြန်မာ Web Portal - ဖွံ့ဖြိုးမှုလော?  ဖိနှိပ်မှုလော?” ဆိုတဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။
အဲဒီ ISP နှစ်ခုအထက်မှာ ဟံသာဝတီ အမျိုးသား Gate Way ရှိပြီး အဲဒီကတဆင့် နိုင်ငံတကာ အင်တာနက် လိုင်းတွေကို ချိတ်ဆက်တာ ဖြစ်ပါတယ်။ အင်တာနက်သုံးစွဲချိန်မှာ ဆာဗာအဆင့်ဆင့်ကို ဖြတ်ရတာကြောင့် မြန်နှုန်းနှေးကွေးတာတွေ ဖြစ်လာစေပါတယ်။
၂ဝ၁ဝ အောက်တိုဘာနောက်ပိုင်း စစ်အစိုးရက အင်တာနက်လိုင်းစနစ်ကို ပြောင်းလဲကျင့်သုံးလာပါတယ်။ ISP စနစ်သစ်မှာ စာတိုက်နှင့် ကြေးနန်း ISP နဲ့ ကာကွယ်ရေးဝန်ကြီးဌာန ISP ဆိုပြီး ပင်မ နှစ်ခု ပြန်ဖြစ်လာပါတယ်။ ရတနာပုံ တယ်လီပို့စ် ISP ကတော့ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ISP အောက်မှာ ထားတော့မှာပါ။
ထူးခြားချက်အနေနဲ့ ရတနာပုံ တယ်လီပို့စ်ပိုင် ISP ကနေပြီး မြန်မာနိုင်ငံက အင်တာနက် အသုံးပြုသူတွေကို ဝန်ဆောင်မှု ပေးသွားတော့မှာ ဖြစ်ပါတယ်။ ဟံသာဝတီ အမျိုးသား Gate Way ကတော့ အရင်အတိုင်းပဲ ရှိနေမှာ ဖြစ်တဲ့အတွက် အင်တာနက်သုံးသူတွေကို ကန့်သတ်မယ်ဆိုရင် ရတနာပုံတယ်လီပို့စ် တခုထဲနဲ့ပဲ ပြုလုပ်နိုင်ပြီလို့ ဆောင်းပါးမှာ ဖော်ပြထားပါသေးတယ်။
intercyberဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ တင်းကျပ်တဲ့ ဥပဒေတွေကလည်း အင်တာနက် သုံးစွဲမှုကို ခြိမ်းခြောက်နေဆဲပါ။
မြန်မာအစိုးရက သတင်းဆက်သွယ်ရေး နည်းပညာ (ICT) နှင့် ပတ်သက်ပြီး ဥပဒေ ၃ ခု ချမှတ်ထားပါတယ်။ ဒီဥပဒေတွေက မြန်မာကွန်ပျူတာ သိပ္ပံဖွံ့ဖြိုးရေး ဥပဒေ၊ Wide Area Network  ဥပဒေနှင့် အီလက်ထရွန်းနစ် လုပ်ငန်းဆိုင်ရာ ဥပဒေတို့ပါ။
၂ဝဝ၄ ခုနှစ် အီလက်ထရွန်းနစ် လုပ်ငန်းဆိုင်ရာ ဥပဒေရဲ့ အပိုဒ်ခွဲ ၃၃ မှာဆိုရင် နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံတော် အေးချမ်းသာယာရေး၊ အမျိုးသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော် စီးပွားရေးနှင့် အမျိုးသား ယဉ်ကျေးမှုကို ထိခိုက်စေသည့် အင်တာနက် အသုံးပြုသူများကို ထောင်ဒဏ် ၁၅ နှစ်အထိ (သို့မဟုတ်) ကြီးလေးသော ငွေဒဏ် (သို့မဟုတ်) ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်စလုံး ချမှတ်အပြစ်ပေးနိုင်သည်လို့ ဆိုထားပါတယ်။
ဒီဥပဒေတွေကြောင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ လှုပ်ရှားတက်ကြွသူတွေ၊ နေဘုန်းလတ် အပါအဝင် ဘလော့ဂ်ဂါတချို့ အခုချိန်ထိ ထောင်ထဲမှာ ရှိနေကြတုန်းပါ။
ဒီလို တင်းကျပ်မှု၊ ဘလော့ဂ်ဂါတွေ ဖမ်းဆီးထောင်ချခံရမှုတွေကြောင့် RSF က မြန်မာနိုင်ငံကို အင်တာနက်ရဲ့ ရန်သူစာရင်းသွင်းထားပြီး အမေရိကန် အခြေစိုက် လေ့လာစောင့်ကြည့်ရေးအဖွဲ့ Freedom House ကလည်း အင်တာနက် လွတ်လပ်ခွင့်မှာ ဒုတိယအချိုးဖောက်ဆုံးအနေနဲ့ မှတ်တမ်းတင်ထားတာပါ။
မရှိမဖြစ် သုံးစွဲသင့်လာပြီဖြစ်တဲ့ အင်တာနက်ကို မြန်မာအစိုးရက ဘာကြောင့် ကန့်သတ်ချုပ်ချယ်ရလဲဆိုရင် အကြောက်တရားပဲလို့ ဦးဝင်းတင်က ယူဆပါတယ်။
“သူတို့ (အစိုးရ) က ကြောက်ရွံ့မှုအပေါ်မှာ တည်ပြီးတော့ အင်တာနက်သုံးစွဲမှုတွေကို အမျိုးမျိုး ချုပ်ကိုင်လာပါတယ်။ ချုပ်ကိုင်လာတဲ့အတွက် အင်တာနက်ဆိုင်တွေ၊ ကဖေးတွေဆိုရင် ဘယ်လိုင်းတွေ ဘယ်လိုင်းတွေ ဘာတွေ ပိတ်ပါတို့ လိုင်းတွေ ဝင်လို့မရတာ ပိတ်တာက တပိုင်း၊ နောက် လိုင်းတွေကို နှေးအောင် လုပ်တာတို့၊ ဒါတွေကလည်း အများကြီး ရှိပါတယ်။ အဲဒါအပြင် အင်တာနက်ဆိုင်တွေမှာ CCTV တွေ တပ်ရမယ်ဆိုတာမျိုးတွေ၊ ချုပ်ကိုင်မှုမျိုးစုံလုပ်ထားပါတယ်။ လုပ်လည်း လုပ်ပါတယ်။ အဲဒီတော့ သူတို့ရဲ့ ကြောက်ရွံ့မှုဆိုတာ ဒီနိုင်ငံရေးအပေါ်မှာ တည်တယ်။ လူထုက သူတို့ကို မုန်းတီးမှုအပေါ်မှာ ကြောက်ရွံ့ခြင်းဖြစ်တယ်”
ချုပ်ကိုင်မှုတွေဟာ တိုးတက်မှုကို တားဆီးပိတ်ပင်တဲ့ အရာလို့ ကိုနေမျိုးဝေက ကောက်ချက်ဆွဲပါတယ်။
“ကျနော်နဲ့ ထောက်ကြန့်မှာ အိမ်နားနီးချင်း နေတဲ့သူတွေတောင် ကျနော် လုပ်နေတာတွေ ဟုတ်တိပတ်တိ မဖတ်ရဘူး။ စာရွက်ထုတ်ပေးမှ ဖတ်ရတယ်။ စာရွက်ဆိုတာ ဈေးကြီးတယ်ဗျ၊ မပေးနိုင်ဘူး။ အိုင်တီသုံးပြီး အင်တာနက်ကနေ ဖြန့်တဲ့ဟာကျတော့ လွယ်တာပေါ့။ ငွေကုန်ကြေးကျ သက်သာတာပေါ့။ အစိုးရကနေ ခေတ်မီဖွံ့ဖြိုးတိုးတက်ချင်တယ်ဆိုရင် ဒီ အိုင်တီနည်းပညာ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ လုပ်ပိုင်ခွင့်တွေကို ပိတ်မထားရုံပဲ”
အစိုးရက ဘယ်လိုပဲ တားဆီးပိတ်ပင်ပေမယ့် ကျော်လွှားအသုံးပြုနေသူတွေ ရှိနေပါသတဲ့။ အကြောက်တရားနဲ့ ပိတ်ပင်မှုကို ကျော်လွှားမယ့် သူတွေကတော့ ဒီကနေ့ခေတ် လူငယ်တွေ၊ ပညာတတ်တွေပါလို့ ဦးဝင်းတင်က ဆိုပါတယ်။
intercyber1“သိသာထင်ရှားတာကတော့ ဒီအင်တာနက်တို့ ဘာတို့ကနေပြီးတော့ သုံးနေတာပဲဗျ။ ဥပမာ ကလေးတွေ ပြောနေဆိုနေတဲ့ စကားထဲမှာ သူတို့ ဘယ်လောက်ပဲပိတ်ပိတ် Proxy ဆိုတဲ့ နည်းတွေနဲ့ သူတို့ ဖွင့်လို့ရတယ် ဆိုပြီးတော့ ပြောနေကြတယ်။ ဆိုပါတော့ သာမန်အားဖြင့် VOA, BBC, RFA, DVB တို့ ဆိုတဲ့ဟာတွေကို သာမန်အားဖြင့် လိုင်းတွေ ဖွင့်လို့မရဘူးဗျ။ Google တို့၊ facebook တို့ဆိုတာတောင် လိုင်းတွေက ဖွင့်လို့ မရချင်ဘူး။ သို့သော် ဒါတွေကို ကလေးတွေက လွယ်လွယ်ကူကူနဲ့ပဲ Proxy ဆိုတဲ့ဟာတွေ၊ နည်းပညာတွေ သုံးပြီး ဖွင့်သုံးနေတာပဲဗျ”
စစ်အစိုးရ တဖြစ်လဲ လူဝတ်လဲအစိုးရလို့ အများက ခေါ်ဆိုနေကြတဲ့ အစိုးရသစ်တရပ် ရှိလာပါပြီ။ အစိုးရရဲ့ ပြောင်းလိုက်တဲ့ မူဝါဒတွေထဲက ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆိုတဲ့ ရည်ရွယ်ချက်တွေ အောင်မြင်ဖို့ အဓိက အထောက်အကူဖြစ်မယ့် အရာဟာ အင်တာနက်ပါလို့ ဒေါက်တာမြတ်ဉာဏစိုးက မြင်ပါတယ်။
“တိုင်းပြည်က တကယ်ပြောင်းနေပြီဆိုတာကို ကျနော် လက်ခံပါတယ်။ ပြည်ထောင်စု အစိုးရသစ်လည်း ပေါ်လာပြီ ဆိုတော့ အရွေ့တခုကို သွားနေတယ်။ လိုအပ်တာတွေကို ကျနော်တို့ဘက်က ကူညီပေးဖို့လည်း ဝန်လေးစရာ မရှိပါဘူး။ ဒါပေမဲ့ ပြည်ထောင်စု အစိုးရအနေနဲ့လည်း တချို့ကိစ္စတွေမှာ နည်းနည်း မြန်မြန်ဆန်ဆန် သွက်သွက်လက်လက် အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ လိုပါတယ်။ အခု ဒီအင်တာနက်ကိစ္စဆိုရင် တကယ်လုပ်မယ်ဆိုရင် အင်မတန်လွယ်လွယ်လေးပါ”
ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ဖော်ဆောင်သွားမယ်ဆိုတဲ့ ဦးဝင်းတင်ကတော့ အစိုးရအနေနဲ့ တားဆီးစေကာမူ မရနိုင်ဘူးဆိုတာ သက်သေပြလို့ ရပါတယ်လို့ ပြောဆိုလိုက်ပါတယ်။
“ဒီလူငယ်တွေ သို့မဟုတ်လည်း နည်းပညာတတ်တဲ့ အတတ်ပညာရှင်တွေအနေနဲ့ သူတို့ ဘယ်လိုပဲလုပ်လုပ် ကျော်လွှားပြီးတော့ ဖောက်ထွင်းပြီးတော့ ကမ္ဘာနဲ့ ဆက်နေတယ်။ အခြားသော မိတ်ဆွေများနဲ့၊ ရဲဘော်ရဲဘက်များနဲ့ ဆက်သွယ်နေတယ်ဆိုတာ ထင်ရှားတယ်။ အဲဒါကြောင့် သူတို့ ဘယ်လိုပဲ ပိတ်ပိတ်၊ ဆို့ဆို့ သိပ်ပြီး ထိရောက်တဲ့ အနေအထားမျိုး ရှိလိမ့်မယ်လို့တော့ ကျနော် သိပ်မထင်လှဘူး”
Art Project, Powered by Google
Art Project, Powered by Google
ဒီနေ့google ကိုဖွင့်ရင်း ခုပုံထဲမှာ ပြထားတာလေးကိုတွေ့လို့ လိုက်ဝင်ကြည့်တာ google က      အသစ်လုပ်ပေးလိုက်တဲ့
Art project လေးကို တွေ့တာပဲ.သူက ဘာတွက်လဲ ဆိုတော့ ကမ္ဘာပေါ်က ထင်ရှားတဲ့ အနုပညာ     ပြတိုက်တွေ ပြခန်းတွေ
ကို တနေရာထဲကနေ ကြည့်လို့ရအောင် စီစဉ်ပေးလိုက်တာပဲ.ဘယ်နိုင်ငံက musen ကိုကြည့် ချင်တယ် ဆိုရင် ရွေးပြီးတော့
သွားကြည့်လို့ရတယ်လေ.ကျနော်တို့အရင်က google map လေး သုံးနေသလိုပဲ ပြတိုက် ခန်းမ တခုလုံးကိုလှည့်ပတ်ကြည့်
ရှု့နိုင်ပြီးတော့ ကိုကြည့်ချင်တဲ့နေရာကို အသေးစိတ်ကြည့်နိုင်ပါသေးတယ်.ကျနော်အောက်မှာ အစမ်းအနေနဲ့ ပန်းချီဆရာကြီး
van gogh ရဲ့ ပန်းချီကားလေးကိုကြည့်တာပြထားပါတယ်.သူပြထားတဲ့ ပန်းချီကား ဘယ်နေ့မှ စဆွဲတယ် ဘယ်နေရာမှာတည်
ရှိလဲ ဆိုတာက အစ အသေးစိတ်ကြည့်နိုင်ပါတယ်.နောက်တခုက ကိုကြည့်တဲ့ ဟာလေးကို သဘောကျတယ်ဆိုရင်လဲ ကိုသုံးနေ
တဲ့ FACEBOOK ,TWITTER လို ဆိုဒ်တွေမှာ ပြန်ရှယ်ခွင့်ပေးထားပါတယ်.ဒီလောက်ဆိုနားလည်ကျပါလေ့မယ် အောက်ကပုံ
လေးတွေကိုကြည့်လိုက်ရင် ပိုပြည့်စုံပါလေ့မယ်..
ပုံတွေကို တမင် အကြီးနဲ့ ထည့်ပေးထားတာပါ ကြည့်ရတာ အဆင်ပြေအောင်လို့ပါ.လုံးဝကြည့်ရတာအဆင်မပြေရင်တော့ တခုခုကနေ ပုံတွေကိုတင်ပေးပါမယ်
ခုအောက်မှာ youtube က အဆင်မပြေတဲ့ သူတွေတွက်guide လေးကိုသီးသန့် တင်ပေးလိုက်ပါတယ်.
http://vimeo.com/19480800
သူတို့ဘယ်သူ ဒါလေးကိုလုပ်ခဲ့လဲဆိုတာကို ပြန်ပြထားတာပါ
http://vimeo.com/19480847
အဆင်ပြေ ပါ စေ။ ။ ။
Trial Version ကနေ Full version လုပ်ရအောင်
Trial Version ကနေ Full version လုပ်ရအောင်
ကျွန်တော်တို့တွေ Program တွေသုံးတဲ့အခါ Trail Version တွေကို အများအားဖြင့် သုံးကြရပါတယ်။ Trial ကာလ ၁ လ ပေးတာတို့ ၊ ၁၀ ရက် ပေးတာတို့မျိုးပေါ့။ ၁၀ ရက် Trial version ဆိုရင် ၁၀ ရက်ပြည့်တဲ့အခါ Your Trial Version is Expire ဆိုပြီး သုံးမရတော့ဘူးလေ။ အဲဒီလို Expire မဖြစ်ရအောင် လုပ်နည်းလေးပါ။ အရင်တုန်းကတော့ program expire မဖြစ်ခင် computer date ကို ရှေ့ပြန်တိုးပေးလိုက်ရင် အဆင်ပြေသွားပါတယ်။ အခုတော့ RunAsDate ဆိုတဲ့ Program လေးကို တွေ့လိုက်ပါတယ်။ ဥပမာ- Program တစ်ခုကို ၂၀၀၈ ၁ လပိုင်း ၁ ရက်နေ့မှာ install လုပ်မယ်၊ သူ့ရဲ့ Trial ကာလက ၁၀ရက်ပေးတယ်ဆိုရင် အဲဒီ Program ဟာ ၂၀၀၈ ၁ လပိုင်း ၁၁ ရက်နေ့ရောက်ရင် သုံးရမှာမဟုတ်တော့ပါဘူး။ ဒါကြောင့် အဲဒီ Trial Program ကို RunAsDate ဆိုတဲ့ Program ကနေတစ်ဆင့် ၂၀၀၈ ၁လပိုင်း ၁ရက်နေ့အနေနဲ့ပဲ အမြဲ run ခိုင်းပြီး သုံးမယ်ဆိုရင် ဘယ်တော့မှ expire ဖြစ်မှာ မဟုတ်တော့ပါဘူး။ တကယ့်အသုံးဝင်တဲ့နည်းလေးမို့ တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်။ Serial key နဲ key Generater တွေကို တော့ www.keygenguru.com မှာ ရရှိနိုင်ပါတယ်။
RunAsDate Program အတွက် Download Link ကတော့ zawthureintun.googlepages.com/runasdate.zip
ဖြစ်ပါတယ်။
Good Bye CRACK,CODES,KEYGEN,SERIAL..... လို့ ဆိုနိုင်အောင် အကန့်အသတ် ကာလ အတွင်းသာ အသုံးပြုနိုင်သော Program များကို သက်တမ်း မကုန်ပဲ ဆက်လက်အသုံးပြုနိုင်အောင် ကူညီပေးမယ့် software ဖြစ်ပါတယ်။
Never Expire is a small utility designed to help you run time-limited programs beyond their expiration dates. The program works by changing the system date, running your program and then resetting the date. In addition, you can specify a delay between running the program and resetting the date. This will allow time for the program to load and initialise.
1. Run noexpire.exe
2. Select Program 2 from the list and click Edit Item.
3. Enter the program name in Title For Item.
4. Click the … button to browse for the .exe that you want to extend.
5. Working directory should be automatically filled.
6. If the program requires to run with extra parameters, you can enter it at Parameters.
7. Set the date back to the day you installed the shareware.
8. Click okay button and when you’re on the Never Expire main screen, select Program 2 and click Run Item button.
I notice that there is a small bug on Program 1. When you try to browse for the program, you’ll get the message “Invalid filename”. Try editing program 2 item and it should work fine. Never Expire technique of extending trial period is different from Trial Reset.Click to Download
Show Current Music track in Google talk for Window Vista and Window 7
Show Current Music track in Google talk for Window Vista and Window 7
အရင်က Window XP မှာဆိုရင်တော့ Google talk မှာ Window Media Player နဲ့ ကိုယ့်ဖွင့်ထားတဲ့ သီချင်းခေါင်းစဉ်လေး ပေါ်နေအောင် လုပ်တာ အားလုံး သိ ပါ တယ် ။ Window Vista and Window7 မှာကျတော့ ဘယ်လိုလုပ်ရမှန်းမသိလို့ ဒီတိုင်းထားထား ရတာ ရှိပါ တယ် ။ Window7 မှာ ဆိုရင် mp3 တင်မဟုတ်တော့ဘူး ဗွီဒီယိုဖိုင်တွေ ဖွင့်ရင်တောင် အဲဒီဖွင့်ထားတဲ့ သီချင်း ခေါင်စဉ်လေး ပေါ်ပါတယ်ခင်ဗျာ။ အခုပြောပြမှာကတော့ Window Vista and Window7 သုံးနေသူများ အ တွက် Google talk မှာ Window Media Player နဲ့ သီချင်းဖွင့်ရင် သီချင်းခေါင်းစဉ်လေး ပေါ်ဖို့ အတွက်ပါ။အဆင့်(၁)။ မိမိတင်ထားတဲ့ ဂျီတော့ဆော့ဝဲလ်ကို Add/remove programs မှ uninstall လုပ်ပါ။
အဆင့်(၂)။ Google talk installation file အား Right Click ထောက်ပြီး Run as Administrator ဖြင့် Run ပါ။ This will give you higher power (called elevation) to install Google Talk so that you will see all functionality.အဆင့်(၃)။ Google talk ကို install လုပ်ပြီးသွားရင်။ Window Media Player ဖြင့် သီချင်းတစ်ပုဒ်ဖွင့်လိုက်ပါ။ Tools-- Plug-ins – Options ကိုဝင်၍ ပုံတွင်ပြထားသည့်အတိုင်း လုပ်လိုက်ပါ။ အိုကေ ပေးလိုက်ပါ ။ ဒါဆိုရင် ကျွန်တော်တို့ Window Vista and Window7 က Google Talk မှာ မိမိနားထောင်နေတဲ့ သီချင်းစာသားလေးပေါ်ပါပြီခင်ဗျာ ။
မသိသေးသူများအတွက် ရေးသားခြင်းဖြစ်ပါသည်။အားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
Src:
ITNA Damtui
Wi-Fi ဆိုတာဘာလဲ?
ကျွန်တော်တို့ပတ်၀န်းကျင်မှာ Wi-Fi ( ဝိုင်ဖိုင် ) ဆိုတာကိုတွင်ကျယ်စွာအသုံးပြုလာနေကြပါပြီ။
Cable တွေသုံးလို့အဆင်မပြေတဲ့နေရာတွေမှာ ဒီ Wireless Network တွေကြောင့်
Communication တွေပိုမိုအဆင်ပြေရပါတယ်။ Wi-Fi ဆိုတာက WLAN
( Wireless Local Area Network ) ဖြစ်ပါတယ်။ Wi-Fi ဆိုတာအတိုကောက်ယူထားတာပါ။
သူ့ရဲ့အရှည်စကားလုံးကတော့ "Wireless Fidelity" ဖြစ်ပါတယ်။ ဒါကို IEEE ( Electrical
and Electronic Engineer ) အဖွဲ့ကနေ သူတို့ရဲ့Frequency Rate ပေါ်မူတည်ပြီး
802.11 standard တွေသတ်မှတ်ထားပါတယ်။သူတို့ရဲ့Data rate တွေ Range
တွေကိုတော့အောက်မှာဖော်ပြထားပါတယ်။
Wi-Fi Network တည်ဆောက် ရန်အတွက် Transmit လုပ်မယ့် Router (or ) AP ( Access Point )
နှင့် Receive လုပ်မယ့် Wireless NIC (wireless network card ) ရှိရပါမယ်။ ဒီနှစ်ခုရဲ့ကြားမှာ
Radio Frequency ( RF ) တွေဖြင့် Communicate လုပ်သွားမှပါ။ သင်လိုချင်တဲ့ range
( အကွာအဝေး ) နှင့် Speed ကတော့ ရွေးချယ်မယ့် Router နှင့် Network Card အပေါ်မှာမူတည်ပါလိမ့်မယ်။
ပုံမှန် Home wi-fi အိမ်တွင်းတွင်အသုံးပြုရန်အတွက်တော့ Wireless Router ရှိရုံ ဖြင့်အောက်မှပုံလို
ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။
Range ကျယ်ပြန် ့စွာလိုချင်သော Wi-Fi Zone လိုနေရာမျိုးများတွင် AP ( Access point ) များဖြင့်
ချိတ်ဆက်ပြီးတော့အသုံးပြု နိုင်ပါတယ်။ လိုအပ်သော range ကိုလိုက်ပြီး AP တွေကိုထပ်တိုးသွားနိုင်ပါတယ်။
Wi-Fi ဆိုတာ ဘာလဲ?
ကျွန်တော်တို့ပတ်၀န်းကျင်မှာ Wi-Fi ( ဝိုင်ဖိုင် ) ဆိုတာကိုတွင်ကျယ်စွာအသုံးပြုလာနေကြပါပြီ။
Cable တွေသုံးလို့အဆင်မပြေတဲ့နေရာတွေမှာ ဒီ Wireless Network တွေကြောင့်
Communication တွေပိုမိုအဆင်ပြေရပါတယ်။ Wi-Fi ဆိုတာက WLAN
( Wireless Local Area Network ) ဖြစ်ပါတယ်။ Wi-Fi ဆိုတာအတိုကောက်ယူထားတာပါ။
သူ့ရဲ့အရှည်စကားလုံးကတော့ "Wireless Fidelity" ဖြစ်ပါတယ်။ ဒါကို IEEE ( Electrical
and Electronic Engineer ) အဖွဲ့ကနေ သူတို့ရဲ့Frequency Rate ပေါ်မူတည်ပြီး
802.11 standard တွေသတ်မှတ်ထားပါတယ်။သူတို့ရဲ့Data rate တွေ Range
တွေကိုတော့အောက်မှာဖော်ပြထားပါတယ်။
Wi-Fi Network တည်ဆောက် ရန်အတွက် Transmit လုပ်မယ့် Router (or ) AP ( Access Point )
နှင့် Receive လုပ်မယ့် Wireless NIC (wireless network card ) ရှိရပါမယ်။ ဒီနှစ်ခုရဲ့ကြားမှာ
Radio Frequency ( RF ) တွေဖြင့် Communicate လုပ်သွားမှပါ။ သင်လိုချင်တဲ့ range
( အကွာအဝေး ) နှင့် Speed ကတော့ ရွေးချယ်မယ့် Router နှင့် Network Card အပေါ်မှာမူတည်ပါလိမ့်မယ်။
ပုံမှန် Home wi-fi အိမ်တွင်းတွင်အသုံးပြုရန်အတွက်တော့ Wireless Router ရှိရုံ ဖြင့်အောက်မှပုံလို
ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။
Range ကျယ်ပြန် ့စွာလိုချင်သော Wi-Fi Zone လိုနေရာမျိုးများတွင် AP ( Access point ) များဖြင့်
ချိတ်ဆက်ပြီးတော့အသုံးပြု နိုင်ပါတယ်။ လိုအပ်သော range ကိုလိုက်ပြီး AP တွေကိုထပ်တိုးသွားနိုင်ပါတယ်။
Freegate အသံုးၿပဳပံု
Freegate အသံုးၿပဳပံု
Freegate ဟာ Dynamic Internet Technology (DIT) က ထုတ်တဲ့ ဆော့ဖ်ဝဲ တခု ဖြစ်ပြီး၊ Dynaweb တဆင့် အင်တာနက်ကို ခဵိတ်ပေးတဲ့ peer-to-peer ခဵိတ္ဆက္မွဳနဲႛ တူတဲ့ ပေရာ့ဆီ (proxy) ကြန္ရက္စနစ္ ၿဖစ္ပၝတယ္။ Freegate ရဲႚ အားသာခဵက္က USB Flash Drive ထည့္ထားၿပီး ဘယ္ေနရာက ကြန္ပဵဴတာမွာ မဆုိ ထပ္မံ သွင်းစရာမလိုဘဲ Freegate ပုံလေးကို နှ်ပ်ပြီး (Click လုပ်ပြီး) အလွယ်တကူ စိတ်ခဵစွာ သုံးစွဲနိုင်တဲ့ ဆော့ဖ်ဝဲ တခုဖြစ်ပၝတယ်။ (Freegate Tutorial - Tutorial on downloading, installing, and using Freegate.) [သတိပြုရန် - မြန်မာစာတန်းထိုး ဗီဒီယို ကြည့်လိုပၝက ပလေး (PLAY) ခလုပ် '►' ကို မနှိပ်ခင်မှာ၊ ဗီဒီယို ပလေးယား အောက်ခြေရှိ 'Choose Language …' မှာ 'Burmese (Myanmar) [100 %]' ကို အရင်ေ႟ွးထားပြီးမှပေလေး (PLAY) '►' ခလုပ်ကိုနှိပ်ပၝ။ ပုံမှန်အားဖြင့် 'Choose Language …' မှာ 'English [100 %]ဆိုပြီးပေါ်နေပၝလိမ့်မယ်။] Duration: 7 minutes and 7 seconds - Producer & Director: Calvin Rhodes
ကGန်ရက်နေရာရဲႚ လိပ်စာကတော့ http://dotsub.com/view/53640525-d3e7-4355-9c21-e632e8edaef7
ဆိုင်ဘာစစ်ပွဲများနှင့်အာရပ်ကမ္ဘာ
လက်နက်ကိုင်တော်လှန်ရေးအကြောင်းမကြာခဏာလာပြောတတ်တဲ့၊မိတ်ဆွေတချို့ကို၊အမေရိကန်အမျိုးသားလုံခြုံရေးဘာသာရပ်မှာ သင်ကြားလေ့ရှိတဲ့စိုးရိမ်မှုတွေအကြောင်း၊ ဆွေးနွေးကြည့်ဖြစ်တယ်။ အမေရိကန်ပြည်ထောင်စုကိုအကြမ်းဖက်တိုက်ခိုက်မဲ့သူတွေဟာ ဇီဝဗေဒနည်းပညာတွေကို အမေရိကန်တက္ကသိုလ်တွေဆီမှာသင်ယူပြီး၊ နိုင်ငံတွင်းမှာလက်နက်အဖြစ်အသုံးချတိုက်ခိုက်လာနိုင်တယ်။ ဆိုင်ဘာ အကြမ်းဖက်မှုတွေကလည်း အချိန်မရွေးပေါ်ပေါက်လာနိုင်တယ်။ ဒါကြောင့် အဲ့ဒီ အန္တရာယ်နှစ်ခုကို အဆက်မပြတ်စောင့်ကြည့်ကာကွယ်နေရတယ် လို့ဆိုတယ်။ Biomedical Engineering၊ Biotech ဆိုတာ တိုးတက်တဲ့နိုင်ငံတွေမှာ ခေတ်စားနေတဲ့ဘာသာရပ်တခုဖြစ်လာသလို၊ ဆိုင်ဘာ တိုက်ခိုက်မှုနည်းပညာတွေကလည်း မျိုးဆက်သစ်လူငယ်တွေအတွက် ဆန်းသစ်တီထွင်စရာနယ်ပယ်တခုလိုဖြစ်နေခဲ့တယ်။
တူနီးရှားနိုင်ငံရဲ့လှုပ်ရှားမှုမှာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တချက်ကိုတွေ့ရတယ်။
အစိုးရက ဒီမိုကရေစီရေးလှုပ်ရှားသူတယောက်ယောက်ရဲ့ ကွန်ပြူတာကို ဟက်ခ် လုပ်မိပြီဆိုရင်၊
ကျန်တဲ့ ကွန်ပြူတာတွေရဲ့ မျက်နှာပြင်မှာ “ အန်မာ- ၄၀၄” ဆိုတဲ့ အစိုးရဆင်ဆာအဖွဲ့နာမည်ပေါ်လာပြီး လှုပ်ရှားသူတွေအားလုံးကို သတိပေးလိုက်တယ်။ ကျန်တဲ့သူတွေက အမြန်ဆုံးခြေရာဖျောက်နိုင်ခဲ့ပြီး၊
နောက်ထပ် ဆက်သွယ်ရေးကွန်ယက်တခုကိုတည်ဆောက်ကြပြန်တယ်။
ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ အစိုးရကြားမှာ ဆိုက်ဘာတိုက်ခိုက်မှုတွေကြိတ်ဖြစ်နေခဲ့တာ ရက်အတော်ကြာနေပြီ။
နည်းပညာအသစ်တွေဟာ ၉၆ ခြောက်ပါးရောဂါအားလုံးပျောက်သွားမယ် လို့ ဘယ်သူကမှမကြွေးကြော်ခဲ့ကြပါဘူး။ ဒါပေမဲ့ အတတ်ပညာကို အကျိုးရှိရှိအသုံးချတတ်သူရဲ့အတိမ်အနက်ပေါ်မှာကြည့်ပြီး လှုပ်ရှားမှုရဲ့အရှိန်ကို ချိန်ဆကြည့်ခြင်း၊ တဘက်နဲ့တဘက်အားပြိုင်ခြင်းတွေပေါ်ပေါက်လာကြပါမယ်။သေချာတာတခုကတော့ အတိတ်တုံးက
မြေအောက်လှုပ်ရှားမှုလုပ်တဲ့အခါ၊ ပြည်သူလူထုကိုအချိန်ယူလှုံ့ဆော်နေရတဲ့စာရွက်စာတမ်းတွေအစား၊ လူတွေကိုရင်းနှီးမြှုပ်နှံရမဲ့ စွန့်စားမှုတွေအစား၊နည်းပညာသစ်တွေရဲ့အကျိုးကျေးဇူးကြောင့် လူထုနဲ့နိုင်ငံရေးသမားတွေကြားကအသံတွေဟာ
အမြန်ဆုံးကူးလူးဆက်ဆံခဲ့ကြတယ်။ လှုံ့ဆော်နိုင်ခဲ့ကြတယ်။
ဒီတပတ် လွတ်လပ်တဲ့အာရှအသံရဲ့အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ တူနီးရှားနိုင်ငံက ဆိုင်ဘာတိုက်ခိုက်မှုတွေအကြောင်း
တင်ပြထားပါတယ်။
သောတရှင်များခင်ဗျား
ဂြိုလ်တုဆက်သွယ်ရေးနည်းပညာတွေတိုးတက်လာမှုနဲ့အတူ သတင်းနဲ့မီဒီယာခေတ်ဟာ ကမ္ဘာကြီးကိုပြောင်းလဲပစ်လိုက်ပါတယ်။ လူမှုဆက်သွယ်ရေးကွန်ယက်တွေဟာ ဖိနှိပ်တဲ့ အစိုးရတွေနဲ့လက်ရွေးစင်နိုင်ငံရေးသမားတွေပြန်ပေးဆွဲထားတဲ့
သတင်းဋ္ဌာနတွေအားလုံးကိုပြန်လည်လုယူလိုက်ကြပါတယ်။ မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ တူနီးရှားနိုင်ငံရဲ့
နိုင်ငံရေးအပြောင်းအလဲကိုကြည့်မယ်ဆိုရင် ဒီအချက်ကို အထင်အရှားတွေ့ရပါလိမ့်မယ်။
တူနီးရှားအစိုးရရဲ့၁၉၅၆ ကတည်းက ထုတ်ပြန်ခဲ့တဲ့ စည်းကမ်းချက် (၁) အရ- လွတ်လပ်စွာပြောဆိုရေးသားထုတ်ဝေခွင့်၊ လူထုစုဝေးခွင့် တွေအားလုံးဟာ တူနီးရှားဥပဒေဘောင်အတွင်းမှာသာရှိရမယ်လို့ဆိုခဲ့ပါတယ်။ အရာအားလုံးဟာ အစိုးရဝါဒဖြန့်
လက်တံတွေအဖြစ်တည်ရှိခဲ့ပါတယ်။ တူနီးရှားသမ္မတ ဘင်အလီ လက်ထက်မှာတော့ မီဒီယာတွေအပေါ် တင်းတင်းကြပ်ကြပ်ချုပ်ကိုင်
လာမှုဟာ ပိုမိုဆိုးဝါးလာခဲ့ပါတယ်။ တူနီးရှားရေဒီယိုနဲ့ရုပ်မြင်သံကြား (၇) ၊ Canal 21 တို့ဟာ အစိုးရရဲ့သတင်းဋ္ဌာနတွေဖြစ်ခဲ့တာမို့
အစိုးရအရာရှိတွေရဲ့မိန့်ခွန်းတွေ၊ သူတို့ရဲ့အစည်းအဝေးမှတ်တမ်းတွေ၊ ခရီးသွားလာမှုတွေနဲ့သာပြည့်နှက်နေခဲ့ပါတယ်။
၂၀၀၅-၂၀၀၇ ခုနှစ်မှာတော့ ရေဒီယို မိုဇိုင်းကွီး နဲ့ ဇီတမ်မာ လို လွတ်လပ်တဲ့ အသံလွှင့်ဋ္ဌာနတွေကို လွှင့်ထုတ်ခွင့်ပေးခဲ့ပေမဲ့
လူငယ်ထုအတွက်ဖြေဖြော်ရေး၊ ဘာသာရေးတွေကလွဲလို့ ကျန်တဲ့အရာတွေကိုထုတ်လွှင့်ခွင့်မပြုခဲ့ပါဘူး။ လွတ်လပ်တဲ့လူမှုအဖွဲ့
အစည်းတွေ၊ ရှေ့နေတွေ၊ ပညာတတ်တွေနဲ့အလုပ်သမားသမဂ္ဂတွေအတွက်တော့ အစိုးရအသံလွှင့်ဋ္ဌာနတွေနဲ့
လွတ်လပ်တဲ့ ပုဂ္ဂလိက မီဒီယာတွေမှာ နေရာမရှိခဲ့ပါဘူး။ သူတို့ရဲ့အသံတွေပျောက်ခဲ့ပါတယ်။
နိုင်ငံတကာသတင်းစာတွေဖြစ်တဲ့ လီမွန်ဒီ နဲ့ လီ ဖီဂါရို သတင်းစာတွေက စိုးရအရာရှိတွေရဲ့ခြစားမှုတွေ၊လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊
ဒီမိုကရေစီဆုံးရှုံးနေမှုတွေကို ဖေါ်ထုတ်ရေးသားဖို့ကြိုးစားတဲ့အခါတိုင်း၊ အစိုးရရဲ့ဆင်ဆာဖြတ်တောက်မှု၊ ခြိမ်းခြောက်မှုတွေကို ကြုံခဲ့ရပါတယ်။ သတင်းထောက်တွေ၊လူ့အခွင့်အရေးလှုပ်ရှားသူတွေဟာ အစိုးရရဲ့အဓိက ပစ်မှတ်တွေလိုဖြစ်လာခဲ့ပါတယ်။
“ပုံသဏ္ဍန်အသစ် မီဒီယာတွေဟာ တူနီးရှားနိုင်ငံအပြောင်းအလဲမှာ အဓိကနေရာကနေ ပါဝင်နေခဲ့တယ်။
ဘွဲ့လွန်ကျောင်းသားတယောက်ဖြစ်တဲ့ မိုဟာမက်အဇစ် ကိုယ့်ဘာသာမီးရှို့ဆန္ဒပြတဲ့ သတင်းသာမက နှစ်ပတ်လုံးလုံး
တနိုင်ငံလုံးမှာဖြစ်နေတဲ့ နိုင်ငံရေးမငြိမ်သက်မှုတွေကို တူနီးရှားအစိုးရဟာ ဘာတခုမှထုတ်ဖေါ်မပြောကြားခဲ့ဘူး။
လူထုဟာ လူမှုကွန်ယက်တွေဖြစ်တဲ့ ဖေ့ဘွတ် နဲ့ တွစ်တာကို အသုံးပြုပြီး မိုဟာမက်အဇစ်အကြောင်းဖွင့်ချလိုက်ကြတဲ့အခါ မြို့တော်တူးနစ်အပါအဝင်၊ဂျန်ဒေါင်ဘာ၊ ဟာမန်မက်၊ ဘိုင်ဇာတီ လို့မြို့တွေအထိ ဆန္ဒပြပွဲတွေကူးစက်ပြန့်ပွားသွားခဲ့တယ်။
တကယ်တော့၊လူထုမီဒီယာတွေရဲ့ ထိရောက်တဲ့လုပ်ဆောင်ချက် နှစ်ခုကိုအထင်အရှားတွေ့ရတယ်။
ပထမ တခုကတော့ အဆက်အသွယ်ဖြတ်တောက်ခံနေရတဲ့ အသံတွေ၊ အဖြစ်အပျက်တွေကို နိုင်ငံတကာလူထုနဲ့မိတ်ဆက်ပေးပြီး၊ လှုပ်ရှားမှုအဟုန်ကို ထိန်းသိမ်းပေးထားခြင်းဖြစ်တယ်။ဒုတိယ တခုကတော့ အဖြစ်အပျက်တွေအပေါ်မှာ ရှုမြင်သုံးသပ်
ဝေဖန်မှုပေးကြတဲ့လူထုရဲ့သဘောထားတွေကို လုပ်ငန်းစဉ်တွေအဖြစ်ကောက်ယူပြီး၊ ကစားပွဲစည်းမျဉ်းစည်းကမ်းတွေကိုလိုအပ်သလို
ပြောင်းလဲဖြည့်စွက်ခြင်းဖြစ်တယ်”
တူနီးရှားအာဏာရှင် ဘင်အလီက ကလည်း အစိုးရသတင်းဋ္ဌာနတွေနဲ့အပြိုင် အားပြိုင်ထုတ်လွှင့်မဲ့လူထုမီဒီယာတွေရဲ့စွမ်းအားကို
စတင်သဘောပေါက်လာတာကြောင့် ကစားပွဲကိုပြောင်းပစ်ဖို့ကြိုးစားခဲ့ပါတယ်။
တူနီးရှား ဒိုင်နာငွေ (၅) ဘီလျှံဖိုးကုန်ကျမဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေနဲ့အတူ၊ အလုပ်အကိုင် သုံးသိန်းကျော်ဖန်တီးပေးပါမယ်။ မီဒီယာတွေမှာ လွတ်လပ်စွာပြောဆိုထုတ်ဖေါ်ခွင့်၊ အင်တာနက်သုံးစွဲမှုအပေါ်တင်းကြပ်ထားတာတွေကို ပြင်ဆင်လျော့ပေါ့ပေးပါမယ်လို့ ဂတိပေးခဲ့ပါတယ်။
“ မရတော့ဘူးလေ။ အနှစ် (၅၀) ကျော်သတင်းအမှောင်ချထားမှုထဲမှာနေထိုင်ခဲ့ရတဲ့သူတွေအပါအဝင်၊မျိုးဆက်သစ်တွေဟာ
လူမှုဆက်သွယ်ရေးမီဒီယာတွေကို အရှိန်မြင့်အသုံးချခဲ့ကြတယ်။ ဘလောက်တွေနဲ့ ဖေ့ဘွတ်တွေကတဆင့်
“ သမ္မတရေ- မင်းရဲ့လူတွေကတော့ သူတို့ဘာသာမီးရှို့သတ်သေနေကြပြီ” ဆိုပြီး တူနီးရှားလုံခြုံရေးစစ်သားတွေရဲ့ပုံကို
မီးလောင်နေတဲ့မြင်ကွင်းတွေထဲမှာ ပုံဖေါ်ပြခဲ့ကြသလို၊ “ညနေ (၄) နာရီမှာ ဆန္ဒပြကြမယ်။ မြို့တော်ခမ်းမရှေ့မှာ စုကြပါ” ဆိုတဲ့ အချက်ပေးသံတွေကိုလည်းအစီအစဉ်ကျကျပြုလုပ်ခဲ့ကြတယ်။ လူတွေစိတ်အဝင်စားဆုံးအရာတခုကတော့ အသက်(၂၂) နှစ်
အရွယ် ရက်ပ်အဆိုတော် ဟာမန်ဒါဘင်အမ်မာရဲ့ ပို့စ်တခုပဲဗျ။ သူ က ဒီမိုကရေစီရေးလှုပ်ရှားသူတချို့ကို ဦးဆောင်ပြီး
တူနီးရှားအာဏာပိုင်တွေဆီ သွားရောက်အဖမ်းခံတယ်။ သူတို့နဲ့တူနီးရှားစစ်တပ်အခြေအတင်ပြောတဲ့စကားတွေ၊
သွေးထွက်သံယိုဖြစ်တဲ့အရာတွေကို သူ့ရဲ့ဘလောက်မှာ ဗီဒီယိုကလစ်လုပ်ပြီး ပို့ခိုင်းလိုက်တယ်။
သူတို့ရဲ့သတ္တိရှိရှိစိန်ခေါ်မှုတွေဟာ လူထုဆန္ဒပြပွဲတွေကို အရှိန်မြှင့်ပေးသလို ဖြစ်ခဲ့တယ်”
တကယ်တော့ တူနီးရှား လူထုမီဒီယာတွေရဲ့အရေးပါမှုကို သိနားလည်နေတဲ့နိုင်ငံတကာအသံလွှင့်ဋ္ဌာနတွေထဲမှာ
အယ်ဂျာဇီးယားရုပ်သံ က အဓိကပါဝင်ခဲ့ပါတယ်။ တူနီးရှားလူမှုကွန်ယက်တွေဖြစ်တဲ့ဖေ့ဘွတ်နဲ့တွစ်တာဆီက သတင်းတွေ၊
အဖြစ်အပျက်တွေကို မှီငြမ်းပြီး သူ့ရဲ့အသံလွှင့်ဋ္ဌာနကတဆင့် နိုင်ငံတကာကိုမိတ်ဆက်ပေးခဲ့တာကြောင့် တူနီးရှားဒီမိုကရေစီရေး
လှုပ်ရှားမှုအတိုင်း ပုံဖေါ်ကြမဲ့ လှုပ်ရှားမှုတွေပေါ်ပေါက်လာခဲ့တယ်။ အာရပ်ကမ္ဘာက အာဏာရှင်တွေဟာ ထိတ်လန့်စိုးရိမ်ခဲ့ပါတယ်။
“ လမ်းမပေါ်မှာ အာဏာရှင်ရဲ့ဖိနှိပ်ရေးလက်တံတွေကို လူထုကထိပ်တိုက်ရင်ဆိုင်နေခဲ့ကြသလို၊
အစိုးရနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူ ကွန်ပြူတာ ပရိုဂရမ်မာတွေရဲ့အားပြိုင်မှု ဆိုင်ဘာစစ်ပွဲတွေကလည်း ပြင်းထန်နေခဲ့တယ်။
အစိုးရက တက်ကြွလှုပ်ရှားသူတယောက်တယောက်ရဲ့ကွန်ပြူတာကိုအင်တာနက်ကတဆင့် ခြေရာခံလိုက်မိသွားပြီဆိုရင်
ကွန်ပြူတာအားလုံးရဲ့မျက်နှာပြင်မှာ အန်မာ-၄၀၄ ဆိုတဲ့ အစိုးရရဲ့အင်တာနက်ဆင်ဆာနံမည်တခုပေါ်လာပြီး ကျန်တဲ့သူတွေကို သတိပေး
လိုက်တယ်။ နောက်-ဆက်တိုက်ဆိုသလို၊ အစိုးရဝက်ဆိုက်တွေကို စံနစ်တကျပြန်တိုက်ခိုက်ကြတယ်။
တူနီးရှားအစိုးရဝက်ဆိုက်တွေဆီမှာ “အစိုးရသို့အိပ်ဖွင့်ပေးစာ” စာတွေဆက်တိုက်နေရာယူလာတဲ့အခါမှာတော့ အာဏာရှင်ဘင်အလီဟာ
လူထုသတင်းကွန်ယက်တွေရဲ့စွမ်းအားကိုခုခံနိုင်စွမ်းမရှိတော့ပါဘူး။အစိုးရအဖွဲ့အတွင်းမှာလည်း ယောက်ယက်ခပ်ရှုပ်ထွေး
နေတာကြောင့် နိုင်ငံကနေထွက်ပြေးခဲ့ရပါတော့တယ်။
သောတရှင်များခင်ဗျား
လူထုမီဒီယာတွေဟာ အကျိုးဖြစ်ထွန်းမှုအချက်(၂)ချက်ကိုပေးစွမ်းနိုင်ခဲ့ပါတယ်။
သတင်းဖြစ်ရပ်မှန်တွေကိုမိမိလူထုသာမက နိုင်ငံတကာကသိရှိလာပြီး ကိုယ့်ရဲ့လှုပ်ရှားမှုကိုဆက်လက်အသက်ဝင်နေဖို့ဖြစ်တယ်။
လူထုရဲ့ထင်မြင်ယူဆချက်တွေကိုသုံးသပ်၊လုပ်ငန်းစဉ်တွေအဖြစ်ဆောင်ရွက်ခါ ကစားပွဲကိုပြောင်းလဲပစ်ဖို့ဖြစ်ပါတယ်။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က လူမှုဆက်သွယ်ရေးကွန်ယက်တွေကိုကျယ်ကျယ်ပြန့်ပြန့်ဖွဲ့ချင်နေသလို၊
သောတရှင်တို့လည်းကစားပွဲကိုပြောင်းလဲပစ်နိုင်ကြပါစေ။
Android နှင့် iOS ရှိ ဂျီမေးလ်မှ ကြိုးမဲ့ပရင့်ထုတ်နိုင်တော့မည်
Android နှင့် iOS ရှိ ဂျီမေးလ်မှ ကြိုးမဲ့ပရင့်ထုတ်နိုင်တော့မည်
ဂျီမေးလ်အသုံးပြုသူများအတွက် ၎င်းတို့၏ iOS နှင့် Android devices မှ Google Cloud Print ကို အသုံးပြုခြင်းဖြင့် document များကို ပရင့်ထုတ်ရန် မကြာမီအချိန်အတွင်း ရရှိနိုင်ပေလိမ့်မည်။
Apple ၏ AirPrint နှင့် HP ၏ ePrint printer များနှင့် ဆင်တူပြီး Cloud Print သည် driver များ ထည့်သွင်းခြင်း သို့မဟုတ် printer တခုကို တည်ဆောက်ပြင်ဆင်ခြင်းအတွက် ပူပင်စရာမလိုဘဲ devices များ သို့ဟုတ် တည်ရှိရာ နေရာမျိုးစုံမှ အသုံးပြုသူများအား ပရင့် လုပ်နိုင်ရန် ပုံစံဆွဲထားခြင်း ဖြစ်သည်။
Google Chrome သည် Cloud Print ကို ဒီဇင်ဘာ၊ ၂၀၁၀ ခုနှစ်တွင် support လုပ်ထားခဲ့သည်။ ယခုတွင် Cloud Print သည် ကနဦးအတွက် Windows များတွင်သာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ သို့သော်လည်း Mac နှင့် Linux အတွက် မကြာမီ ရရှိမည်ဟု ဂူဂဲလ်က ပြောသည်။
Google Cloud Print သို့ printer တခု ဆက်သွယ်ပြီးသောအခါ အသုံးပြုသူ user များသည် iOS သို့မဟုတ် Android မှ gmail.com ၀င်ရောက်ပြီး အဆိုပါ deivice များမှ attachment များ သို့မဟုတ် message များကို တိုက်ရိုက်ပရင့်ရန် လုပ်ပေးနိုင်လိမ့်မည်။ Document အမျိုးအစားများသည် *.PDF နှင့် *.DOC files များကို support သည်။
Google Cloud Print ၏ သေသပ်သော အကြောင်းတခုမှာ သင်သည် တခြားသော နေရာတခု သို့မဟုတ် local network သို့ တိုက်ရိုက်ဆက်သွယ်ထားခြင်း မရှိလျှင်ပင် သင်သည် documents များကို printer တခုသို့ ပို့နိုင်သည်။ ဆိုလိုမှုမှာ သင်သည် ဖိုင်အချို့ကို သင်၏ home printer တွင် print လုပ်လိုသည်။ သို့သော် သင်သည် ရုံးတွင် သို့မဟုတ် ကားထဲတွင် ရှိနေရာ သင့်ဖုန်းမှ ပရင့်လုပ်မှုကို လွှဲပြောင်းနိုင်သည်။
၅ သိန်းတန်ဖုန်း အင်တာနက် လိုင်းများတွင်လည်း ဆင်ဆာဖြတ်
၅ သိန်းတန်ဖုန်း အင်တာနက် လိုင်းများတွင်လည်း ဆင်ဆာဖြတ်
ရန်ကုန်နှင့် မန္တလေးမြို့တွင် ချထားပေးသော ၅ သိန်းတန် CDMA 800 MHz ဖုန်းများ အင်တာနက် စတင်သုံးစွဲခွင့် ပြုခဲ့ရာတွင် နိုင်ငံရေးနှင့် ပတ်သက်သော ဝက်ဘ်ဆိုဒ်များ၊ အစိုးရက တားမြစ်ထားသော သတင်းဝက်ဘ်ဆိုဒ်များကို ကြည့်ရှုခွင့် ပိတ်ပင်ထားကြောင်း ရတနာပုံ တယ်လီပို့နှင့် မြန်မာ့ ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ သိရသည်။
mobile-800-shop
ရန်ကုန်မြို့ရှိ မိုဘိုင်းဖုန်းဟန်းဆက် အရောင်းဆိုင်တဆိုင်တွင် CDMA 800 MHz ဖုန်းဟန်းဆက် ၀ယ်ယူရန် မေးမြန်းနေသူတဦး။ (ဓာတ်ပုံ - Myanmar Times)
ကျပ် ၅ သိန်းတန်ဖုန်း CDMA 800 MHz များ Network မိလျှင် အင်တာနက် အသုံးပြုနိုင်သော EDVO Dater Service စနစ်ပါ SIM ကတ်ကို ငွေကျပ်သုံးသောင်းဖြင့် လဲလှယ်ပြီး အင်တာနက် သုံးစွဲနိုင်သည်။
“၀န်ကြီးဌာနက ပိတ်ထားတဲ့ ဆိုဒ်တွေ ကြည့်လို့မရဘူး။ ညစ်ညမ်း ဗီဒီယိုတွေ၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဗွီဒီယိုတွေကို Download လုပ်လို့မရဘူး” ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (အလုံမြို့နယ်) ရှိ ၅ သိန်းတန်ဖုန်းများ ချထားပေးသည့် ဌာနမှ ဝန်ထမ်းတဦးက ပြောသည်။
အဆိုပါ ၅ သိန်းတန် ဖုန်းများကို ဇန်န၀ါရီလ ၁၈ ရက်နေ့မှ စတင်၍ အင်တာနက် သုံးစွဲနိုင်ရန် စတင် လျှောက်ထားခွင့် ပေးခဲ့ပြီး အင်တာနက် သုံးစွဲရာတွင် အကန့်အသတ်များ ရှိကြောင်း ၎င်းက ဆိုသည်။
ရတနာပုံ တယ်လီပို့မှ နည်းပညာ ကျွမ်းကျင်သူ တဦးက “နောက်ပိုင်း ဖွင့်လာမယ့် တရားမ၀င် ဝက်ဘ်ဆိုဒ်တွေကို ပိတ်ထားဖို့လည်း ရှိတယ်” ဟု ပြောသည်။
၅ သိန်းတန်ဖုန်းများသည် အင်တာနက်အသုံးပြုရာတွင် 512 kbp အမြန်နှုန်း သုံးစွဲနိုင်ပြီး အစိုးရ ပိတ်ပင်ထားသော ဝက်ဘ်ဆိုဒ်များမှ လွဲ၍ ကျန်ဆိုဒ်များ ပုံမှန်သုံးစွဲနိုင်ကြောင်း ၅ သိန်းတန်ဖုန်းများကို မြန်မာ့ဆက်သွယ်ရေးနှင့် အကျိုးတူပူးပေါင်းကာ လုပ်ဆောင်ပေးနေသော E-lite Tech မှ ဝန်ထမ်းတဦးက ဆိုသည်။
၎င်းက ဆက်လက်၍ “gmail, gtalk သုံးလို့ရတယ်။ ဆိုဒ်တချို့ဖွင့်ကြည့်လို့ရတယ်။ ပုံတွေဘာတွေကတော့ မပို့ကြည့်ရသေးဘူး။ ကွန်နက်ရှင်ကတော့ အင်တာနက်ဆိုင်တွေမှာ သုံးသလိုပဲ။ နောက်ပိုင်း သုံးတဲ့လူများလာရင်တော့ ကွန်နက်ရှင် ကောင်း မကောင်းတော့ မပြောတတ်တော့ဘူး” ဟု စမ်းသပ်သုံးစွဲကြည့်မှုနှင့် ပတ်သက်၍ ပြောသည်။
လက်ရှိတွင် ၅ သိန်းတန်ဖုန်းများ အင်တာနက် သုံးစွဲနိုင်မှုကြောင့် လျှောက်ထားသူ များပြားလာကြောင်း မြန်မာ့ဆက်သွယ်ရေးမှ သိရသည်။
“ဖုန်းလိုင်းမိတဲ့ ဘယ်နေရာမှာမဆို အင်တာနက်သုံးနိုင်လို့ စိတ်ဝင်စားတယ်။ အင်တာနက်သုံးလို့ရပေမယ့် လုံခြုံပါ့မလားတော့ စိုးရိမ်နေတယ်” ဟု အင်တာနက်သုံးစွဲရန် လာရောက်လျှောက်ထားသူ ကမာရွတ်မြို့နယ်မှ လူတဦးက ဆိုသည်။
၅ သိန်းတန်ဖုန်းများဖြင့် အင်တာနက်သုံးစွဲရာတွင် အစိုးရမှ ပိတ်ပင်ထားသော ဆိုဒ်များကို ပြည်တွင်းတွင် သုံးစွဲနေကျအတိုင်း Proxy ခံ၍ ဖွင့်ဖတ်နိုင်သော်လည်း ဓာတ်ပုံ၊ ဗီဒီယို၊ အသံဖိုင်များ ပေးပို့လျှင် လုံခြုံရေးအားနည်းချက် ပိုရှိမည်ကို သုံးစွဲသူများက စိုးရိမ်နေကြသည်။
အဆိုပါ ၅ သိန်းတန် CDMA 800 MHz ဖုန်းများဖြင့် အင်တာနက်သုံးစွဲရာတွင် တမိနစ်လျှင် ၄ ကျပ် ကျသင့်မည်ဖြစ်ပြီး ရန်ကုန်တွင် ဖုန်းလိုင်း ၄ သောင်းနှင့် မန္တလေးတွင် ၁ သောင်း လတ်တလော ချထားပေးမည်ဖြစ်ကြောင်း၊ နေပြည်တော်တွင် ချထားပေးသော CDMA 450 MHz ဖုန်းများလည်း ယခုနှစ်အတွင်း အင်တာနက် သုံးစွဲလာနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ သိရသည်။
၂၀၁၀ ပြည့်နှစ် ဇူလိုင်လအထိ CDMA 800 ဖုန်း ၁ သိန်းခွဲ ချထားပေးခဲ့ပြီ လက်ရှိတွင် CDMA 800 MHz ရေဒီယိုစခန်း ၄၂ ခု ထပ်မံ ဆောက်လုပ်နေဆဲဖြစ်သည်ဟု ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
PhotoShop Tutorial - bolder ကိုပဲ အနည်းငယ် ဆန်းသစ်ကြည့်ရအောင်
PhotoShop Tutorial - bolder ကိုပဲ အနည်းငယ် ဆန်းသစ်ကြည့်ရအောင်
Blogger တွေအတွက် Photoshop လေ့လာ နိုင်ရန် ရည်ရွယ်ပါ သည်။ Bolder ကိုဒီတိုင်းထည့်တာ ကြည့်ရတာ ရိုးပါတယ် လေးထောင့်ကြီးလိုချင်တော့ပါဘူး ဒီတော့ နည်းနည်လေး ပိုလုပ်ကြည့်ပါမယ် ပုံတစ်ပုံဖွင့်ပါတယ် layer အသစ်တစ်ခုခေါ်ပါတယ် အရင်ဆုံးကို bolder ထည့်မယ့်လိုချင်သလောက် အနေအထားကို select လုပ်ပါတယ်
ဒီတစ်ခါ လေးထောင့်ကြီးမလိုချင်တဲ့အတွက် select ကို အ၀ိုင်းယူလိုက်ပါတယ် Alt ဖိပြီး ကိုယ်ဖယ်ထုတ်မယ့် အပိုင်းလောက်ကို select လုပ်ပြီး ဖယ်ထုတ်လိုက်ပါတယ်
အစောက bolder လုပ်ခဲ့သလိုပါပဲ ဒီနေရာမှာ ထက်ထက်ဝင့်မှာ အစိမ်းနဲ့ အဖြူဖြစ်နေပါတယ် အဖြူဆိုရောကုန်မှာပါ ဒီအတွက် အစိမ်းရောင် သူကိုင်ထားတဲ့ ပန်းနဲ့ မတိမ်းမယိမ်း အစိမ်းသုံးလိုက်ပါတယ် ကာလာဖြည့်ပါတယ် opacity လျော့ပါတယ်  ပြီးတော့ ctrl+T နှိပ်ပြီး ကိုယ်လိုချင်သလောက် bolder ကိုနည်းနည်းကြီးလိုက်ပါတယ်
ဒီတိုင်းတော့ ထားလို့မဖြစ်သေးပါဘူး အထက်မှာ တစ်ခုခုဆွဲရအောင်ကလည်း ရိုက်ကတည်းက ဆံပင်ပါဖြတ်ရိုက်ထားတာပါ မဖြစ်သေးပါဘူး လောလောတယ် ပုံအနေအထားကိုကြည့်တော့ သူ့နောက်ခံက အရမ်းဖြူနေတဲ့ အတွက် လူက သိပ်မပေါ်လွင်သလိုဖြစ်နေပါတယ် ဒီတော့ နောက်ခံ layer ကို အလွယ်တကူပဲ Magic Wand နဲ့ select လုပ်လိုက်ပါတယ် သပ်ရပ်တဲ့ပုံလိုချင်ရင်တော့  Pen tool ဖြတ်ထုတ်ရမှာပါ မိုးပြေးက pen tool ပြပြီးသားဖြစ်တဲ့အတွက်ရယ် အလွယ်တကူ အမြန် အရေးကြီးရင် ကြီးသလို သုံးနိုင်အောင်ရယ် မို့ Magic Wand နဲ့ဖြတ်ပါတယ် Feather ကို 7 ထိပေးလိုက်ပါတယ် layer အသစ်ယူပါတယ် လူပုံနဲ့ bolder ကြားထဲထည့်ပါတယ်
layer 2 selection area ကို အနက်ဖြည့်လိုက်ပါတယ် feather ကလဲ 7 ထားတာကြောင့် ဒီပုံမှာ ဘေးက အဖြူတွေပေါ်ပြီး သိပ်မလိုက်ဖက်သလိုဖြစ်နေတဲ့အတွက် အရောင်နည်းနည်းပြောင်းပါမယ်background ကိုပြန်ထောက်လိုက်ပါတယ် Filter-->Artistic-->Neon Glow ကိုသွားပါတယ်
setting မှာ လိုအပ်သလို ပြင်နိုင်ပါတယ် တကယ်တော့ Neon Glow ကလည်း အသုံးများတဲ့ function တစ်ခုပါ Neon Glowတစ်ခုတည်းနဲ့တင် ပုံတစ်ပုံဖြစ်အောင်လည်းသုံးနိုင်ပါတယ် ဥပမာ အားဖြင့် Fashion ပုံတွေမှာ နောက်ခံအဖြူမှာ လူပုံကို ဘေးက အနီရောင်ကို လူပုံအနေအထားအတိုင်း ဘေးက ကွပ်ထားတာကို မြင်ဖူးမှာပါ သိပြီလို့ပဲယူဆလိုက်ပါမယ် မသိသေးရင်တော့ comment ပေးခဲ့ပါ ရေးပေးပါမယ် ဒီမှာ bolder အစိမ်း ဖြစ်တဲ့အတွက် အစိမ်းရောင်သုံးလိုက်ပါတယ်
ပြီးရင် layer အသစ်ထပ်ယူလိုက်ပါတယ် ဆံပင်က အလင်းဝင်နေတဲ့နေရာတွေကို Magic Wand နဲ့ select လုပ်ပေးလိုက်ပါတယ်
layer box မှာopacity နဲ့ fill ကို ကြည့်ကောင်းသလောက် လျော့ချလိုက်ပါတယ်
ဒီတိုင်းကြည့်တော့လည်း ထက်ထက်ဝင့်ရဲ့ မျက်နှာက သိပ်မပေါ်သလိုဖြစ်နေပါတယ် အပေါ်ဖက်ကလည်း crop ထပ်ဖြတ်ရင်လည်း ဘေးကလက်ပါတော့မယ် ဒါကြောင့် နောက်ခံကာလာကလည်း အနက်ဖြစ်တဲ့အတွက် အနက်ရောင် bush ကိုယူပြီး ထက်ထက်ဝင့် ဆံပင်ပေါ်ကို မလိုချင်တဲ့အပိုင်းကို ပွတ်လိုက်ပါတယ် ဒါဆိုရင်တော့ ထက်ထက်ဝင့်မျက်နှာလေးပေါ်လာပါပြီ
အပေါ်မှာ အနက်ကြီး ဒီအတိုင်းမထားချင်တာကြောင့်(အနက်ဧရိယာ များနေတဲ့အတွက်) စာတန်းလေးတွေ လိုက်ရေးလိုက်ပါတယ် တကယ်မရှိပါဘူး လျောက်ရေးထားတာပါ :P
တစ်ခါတစ်လေတော့လည်း ဒီလိုပဲ အလုပ်များနေရင် bolder လေးတွေထည့်ပြီး ပုံတစ်ပုံကို အမြင်ဆန်းအောင် အချိန်ကုန်သက်သာအောင် လုပ်လို့ရပါတယ် function သုံးတာကတော့ ပုံပေါ်မူတည်ပြီး အဆင်ပြေသလို သုံးပါ
ဆက်သွယ်ရေးလုပ်ငန်း ရတနာပုံ တယ်လီပို့ ချုပ်ကိုင်မည်
ဆက်သွယ်ရေးလုပ်ငန်း ရတနာပုံ တယ်လီပို့ ချုပ်ကိုင်မည်
၂၀၁၁ ခုနှစ်တွင် ဖုန်းသုံးစွဲမှု၊ အင်တာနက်အသုံးပြုမှု နှင့် IT ပိုင်းဆိုင်ရာ ဆောင်ရွက်မှုများအားလုံးကို  ရတနာပုံတယ်လီပို့ ကုမ္ပဏီ လီမိတက် မှ ဦးဆောင်လုပ်ကိုင်သွားမည်ဟု သိရသည်။
yatanarbon_400
ရတနာပုံ တယ်လီပို့ အဆောက်အအုံ(ဓာတ်ပုံ - theingara.blogspot.com)
အာဏာပိုင်များက  ပြည်သူ လူထုကို ၀န်ဆောင်မှု ပီပီပြင်ပြင်နှင့်ထိထိရောက်ရောက်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် အစိုးရ လုပ်ငန်းနှင့် မသက်ဆိုင် သည့် ရတနာပုံတယ်လီပို့ ကုမ္ပဏီ လီမိတက်ကို ယခုကဲ့သို့ ဦးဆောင်လုပ်ပိုင်ခွင့် ပေးခြင်းဖြစ် သည်ဟု မြန်မာ့ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနှင့် နီးစပ်သူ အရာရှိ တဦးက ဆိုသည်။
ယင်းကဲ့သို့ လုပ်ဆောင်ရန် ရတနာပုံတယ်လီပို့ နှင့် ပူးပေါင်းလုပ်ကိုင်မည့် စီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်းမှုဆိုင်ရာ သ ဘောတူစာချုပ်ကို ၂၀၁၁ ၊ ဇန်န၀ါရီလ ၈ ရက်နေ့မှ ၁၂ရက်နေ့အထိကျင်းပခဲ့သော  မြန်မာ အိုင်စီတီ ရက်သတ္တပတ်ပွဲတော် တွင် ချုပ်ဆိုခဲ့ကြောင်း သိရသည်။
ရတနာပုံတယ်လီပို့ ကုမ္ပဏီ သည် မြန်မာ့ဆက်သွယ်ရေးဌာန၏ ခွင့်ပြုချက်ဖြင့် ပုဂ္ဂလိက ကုမ္ပဏီများ စုစည်းတည်ထောင်ထား
ခြင်း ဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေး ၀န်ကြီးဌာနမှ လုပ်ကိုင်နေသည့် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများကို ဦးဆောင် လုပ်ကိုင် ခွင့်ရရှိထားသည်ဟု ရတနာပုံ တယ်လီပို့ နှင့် နီးစပ်သူ တဦးက ပြောသည်။
“အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ကုမ္ပဏီသေးသေးလေးတွေ က ရှယ်ယာတွေ  အသီးသီးထည့်ပြီး ဖွဲ့ထားတဲ့ ရတနာပုံတယ်လီပို့ ကနေ တခြား ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး နည်းပညာပိုင်းကို ဦးဆောင်လုပ်မှာဆိုတော့ ပုဂ္ဂလိကအပိုင်းမှာ အာဏာပိုင်တွေဘက်က ဖွင့် ပေးတဲ့ သဘောတွေပါတယ်။ အာဏာပိုင်တွေက  ၃၀ ရာခိုင်နှုန်းလောက်ရှယ်ယာပါတော့ လုံးဝ ၀င်မပါတာမျိုးတော့ မဟုတ် ဘူး”ဟု သူက ဧရာဝတီကိုပြောသည်။
၎င်းက ဆက်၍ “အခု အခြေအနေက ဆက်သွယ်ရေးဘက် က ဒီအပိုင်းတွေကို တိုက်ရိုက် ပူးပေါင်းပြီး မလုပ်တော့ဘူး။ အကျိုးအမြတ် အတွက် ရတနာပုံတယ်လီပို့ နဲ့ ဘယ်လို သဘောတူညီမှုတွေလုပ်ထားလဲတော့ မသိဘူး”ဟု ဆိုသည်။
ရတနာပုံ တယ်လီပို့မှ လွှင့်တင်ထားသော ရတနာပုံဝက်ပေါ်တယ်လ် တွင် ပုဂ္ဂလိကပိုင် ဘဏ်သစ်ကြီးများနှင့် ချိတ်ဆက်ကာ အွန်လိုင်းဝန်ဆောင်မှုများ ပြုလုပ်ပေးသွားရန် စီစဉ်နေသည်ဟု ပြည်တွင်းထုတ်ဂျာနယ်များတွင် ဖော်ပြခဲ့သည်။
“၀က်ဘ် ဆိုက်ထောင်ပြီး ကြော်ငြာတွေတင်၊ သတင်းတွေ တင်တာလောက်ကတော့ အဆင်ပြေပေမယ့် တယ်လီပို့ နဲ့ တွဲလုပ်မယ့် ဥပမာ- အွန်လိုင်း ဘဏ်စနစ်တို့၊ ဖုန်းဘီလ်ဆောင်တာတို့ ဒီလိုမျိုးတွေကတော့ အလှမ်းကွာလွန်းပါတယ်။ အရင်ဆုံး လုပ်သင့်တာ အင်တာနက်လိုင်းမကျဖို့ ဘယ်လို အရှိန်မြှင့်မလဲဆိုတာပဲ။ ပူးပေါင်းလုပ်မယ့် လုပ်ငန်းရှင်တွေဘက်က နည်းပညာ တွေ ၊ လိုအပ်တဲ့ စက်ပစ္စည်းတွေ၊ ပညာရှင်တွေ ခေါ်ပြီး ဦးဆောင် မယ် ဆိုရင်တော့ အနည်းငယ်ဖြစ်လာနိုင်ပေမယ့် အင်တာ နက်လိုင်း ကောင်းဖို့က အခြေခံလိုအပ်ချက် ဖြစ်နေတယ်။ အာဏာပိုင်တွေ ဘက်ကတော့ ပုဂ္ဂလိက လုပ်ငန်းတွေကို လုပ်ပိုင် ခွင့် ပေးလိုက် ပြန်ချုပ်ကိုင်လိုက် မဖြစ်ဖို့တော့ လိုတယ်”ဟု IT သင်တန်းများ ဖွင့်လှစ် သင်ကြား ပေးနေသည့် လုပ်ငန်းရှင် တဦး က ဆိုသည်။
လက်ရှိ မြန်မာပြည်၏ အင်တာနက်ထိန်းချုပ်မှုတွင် စစ်ဘက်သုံး အင်တာနက်လိုင်း ကို တပ်မတော် ကွန်ပျူတာ ကွန်ရက်များ ညွန်ကြားရေးမှူးရုံး ကက(ကွန်) ၊ ၀န်ကြီးဌာနသုံး အင်တာနက် လိုင်းများကို မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း(MPT) နှင့် အရပ်ဘက်သုံး အင်တာနက်လိုင်းများကို ရတနာပုံတယ်လီပို့ မှ ချုပ်ကိုင် ဆောင်ရွက်နေသည်။
“ကောင်းတာ တခုက အရင်ကဆို လုပ်ခွင့်ရချင်မှ ရမှာ ခုဆို အစိုးရနဲ့ ပေါင်းပြီး အင်တာနက်သုံးလို့ရတဲ့ ဖုန်းတွေ ရောင်းလို့ရ လာပြီ။ အာဏာပိုင်တွေ ဘက်ကတော့ ဒီဟာကို ပိတ်လိုက်ဖွင့်လိုက် မလုပ်ဖို့တော့လိုတယ်။ FEC 200 တန် ဖုန်းကတ်တွေ တုန်းက ဆိုရင်လည်း ခွင့်ပြုလိုက်ပြီး နောက် လုံခြုံရေးစိတ်မချရလို့ ရောင်းချခွင့်ပိတ်ထားတာမျိုးတွေ ဒီလို ပြဿနာတွေ ဖြစ် မလာအောင်တော့ ကိုင်တွယ်နိုင်ဖို့ တော့လိုတယ်”ဟု မြန်မာ့ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းလုပ်ငန်းနှင့်နီးစပ်သည့် အမည်မဖော်လိုသူ နည်းပညာရှင်တဦးက ဆိုသည်။
စစ်အစိုးရက တိုက်ရိုက် ချုပ်ကိုင်မှုပြုလုပ်ရန် မလိုသည့်အပြင် ကြားခံကုမ္ပဏီများကို အသုံးချ ဆောင်ရွက်သည့် နည်းလမ်း တခုလည်းဖြစ်နိုင်သည်ဟု သူက ဧရာဝတီကို ပြောသည်။
ရတနာပုံတယ်လီပို့ နှင့် ပူးပေါင်းလုပ်ကိုင်ရန် ဦးတေဇ ပိုင် E-lite ကုမ္ပဏီ ၊ ဦးကျော်ဝင်း ပိုင် ရွှေသံလွင် ကုမ္ပဏီ၊ e Trade ကုမ္ပဏီ ၊ Asia Mega Link ကုမ္ပဏီ၊ Myanmar Technology Gateway ကုမ္ပဏီ တို့ အပြင် ကုမ္ပဏီ ၁၅ ခုခန့် စာချုပ် ချုပ်ဆိုရာ တွင် ပါဝင်ခဲ့သည်။
ထို့အပြင် မိုဘိုင်းဖုန်းထုတ်လုပ်မှုကို စစ်အစိုးရနှင့် နီးစပ်သည့် ထူး ကုမ္ပဏီ နှင့် အေးရှား ဝေါလ် ကုမ္ပဏီ တို့ လုပ်ကိုင်ခွင့်ရရှိ
ကြောင်း ပြည်တွင်းထုတ် Weekly Eleven ဂျာနယ် အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
ဦးတေဇ သည် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်သစ် အပြင် ကျပ် ၅ သိန်းတန် CDMA တယ်လီဖုန်း ဟန်းဆက်များ ထုတ်လုပ် ရောင်းချနေပြီး တခါသုံး ဖုန်းကတ်များကိုလည်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခွင့် ရရှိ ထားသူ ဖြစ်သည်။
ဦးတေဇပိုင် ထူး ကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီတခုဖြစ်သော E – Lite ကုမ္ပဏီသည်လည်း ဖိုက်ဘာဆက်ကြောင်းဖြင့် အင်တာနက်၊ ရုပ်မြင်သံကြားလိုင်း၊ တယ်လီဖုန်းလိုင်း ၃ မျိုး အသုံးပြုနိုင်သော Fiber to the Curb၊ Fiber to the Home၊ Fiber to the Building (FTTx) ကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခွင့် ရရှိခဲ့သည်။
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ရတနာပုံနည်းပညာ မြို့သစ်ရှိ ရတနာပုံတယ်လီပို့ ကုမ္ပဏီ လီမိတက်ကို ၂၀၀၆ ခုနှစ် အတွင်း စတင် တည်ထောင်ခဲ့ပြီး နည်းပညာ တက္ကသိုလ် (ရတနာပုံ ဆိုက်ဘာ စီးတီး)အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့သည်။
Irrawaddy.org/
ရန်ကုန်မြို့၏ပထမဦးဆုံး ဖိုင်ဘာအင်တာနက်လိုင်းများ စတင်အသုံးပြုနိုင်ပြီဖြစ်
ရန်ကုန်မြို့၏ပထမဦးဆုံး ဖိုင်ဘာအင်တာနက်လိုင်းများ စတင်အသုံးပြုနိုင်ပြီဖြစ်
ရန်ကုန်မြို့၏ ပထမဦးဆုံးဖိုင်ဘာဖန်ကြိုးမျှင်သုံးအင်တာနက် (Fibre To The X{FTTX}) လိုင်းများကို လှိုင်မြို့နယ်ရှိ ရွှေဟင်္သာကွန်ဒိုတွင် ဒီဇင်ဘာလ ၁၄ ရက်မှစတင်၍ အသုံးပြုနိုင်ခဲ့ပြီဖြစ်ကြောင်း
ထိုအင်တာနက်ဝန်ဆောင်မှုအတွက် နည်းပညာပိုင်းပံ့ပိုးဆောင်ရွက်ခွင့်ရရှိသည့် ကုမ္ပဏီတစ်ခုဖြစ်သည့် Myanmar Digital Signature ကုမ္ပဏီဒါရိုက်တာဦးသူရိန်က ပြောကြားသည်။ “ရွှေဟင်္သာကွန်ဒိုမှာရှိတဲ့ အခန်း ၁၀ ခန်းလောက်က FTTX အင်တာနက်လိုင်းကို စတင်အသုံးပြုနေပါပြီ။ ရုပ်သံလိုင်းကိုတော့ အသုံးပြုလို့မရသေးဘူး။ အင်တာနက်လိုင်းနဲ့ VOIP (Voice Over Internet Protocol) ဖုန်းလိုင်းကိုတော့ သုံးလို့ရနေပါပြီ။ အခုတပ်ဆင်ထားတဲ့လိုင်းတွေကို ဇန်န၀ါရီလကုန်အထိ လစဉ်ကြေးအခမဲ့ပေးထားပါတယ်” ဟု ၎င်းကပြောသည်။ စတင်အသုံးပြုနိုင်ခဲ့သည့် အဆိုပါ အင်တာနက်လိုင်းများသည် အမြန်နှုန်းအားဖြင့် 1Mbps ရှိပြီး စတင်သုံးစွဲခါစတွင် လျင်မြန်သောအင်တာနက်အမြန်နှုန်းကို ရရှိခဲ့ကြောင်းသိရသည်။ “ကုမ္ပဏီအနေနဲ့ ဖိုက်ဘာအင်တာနက်လိုင်းတွေကို အရင်ဆုံးစတင်စမ်းသပ်ချပေးနေတာပါ။ စတာကတော့ အခြားသောကုမ္ပဏီများနဲ့အတူ ဇန်န၀ါရီလမှာစတင်မှာပါ။ ရတနာပုံတယ်လီပို့ကလည်း ဇန်န၀ါရီလထဲမှာ FTTX စနစ်ကို မိတ်ဆက်ကြေညာဖို့ရှိပါတယ်” ဟု ၎င်းကပြောသည်။ အဆိုပါအင်တာနက်စနစ်တွင် အင်တာနက်လိုင်း၊ ဖုန်းနှင့် ရုပ်မြင်သံကြားလိုင်းများပါဝင်သည့် Triple Play နှင့် အင်တာနက်လိုင်းနှင့် ဖုန်းသာပါဝင်သည့် Two Play ဟူ၍ နှစ်မျိုးသတ်မှတ်ရောင်းချမည်ဖြစ်ပြီး Triple Play မှာကနဦးတပ်ဆင်ခကျပ်ကိုးသိန်းနှင့် Two Play မှာ ကနဦးတပ်ဆင်ခ ကျပ်ခုနစ်သိန်းခွဲ ကျသင့်မည်ဖြစ်ကြောင်းဆိုသည်။ “လောလောဆယ်ကတော့ ရတနာပုံတယ်လီပို့ရဲ့ညွှန်ကြားချက်အတိုင်း သတ်မှတ်ကွန်ဒိုမှာပဲ ချထားပေးလို့ရသေးတယ်။ နောက်နောင်မှာဆားဗစ်ပေးတာ အဆင်ပြေလာရင်တော့ တယ်လီပို့ကိုခွင့်ပြုချက်တောင်းပြီး နီးစပ်ရာမြို့နယ်ထဲက သုံးစွဲသူတွေကိုပါ ရောင်းချပေးသွားမှာပါ” ဟု၎င်းကပြောသည်။
Src: MMInternetJournal
Windows XP ရဲ့ ရိုးစင်းတဲ့ လျှို့ ဝှက်ချက်(၄၀)
Windows XP ရဲ့ ရိုးစင်းတဲ့ လျှို့ ဝှက်ချက်(၄၀)
(၁) Start Menu ကို ပိုမိုမြန်ဆန်စေဖို့
Start ကိုနှိပ်ပါ။ Run box ကိုဖွင့်ပါ။ Regedit လို့ရိုက်ပါ။ (Registry editorကိုဆိုလိုတာပါ။)
ဘယ်ဘက် panel မှာ “HEYCURRENT USER” ကို ကလစ်နှိပ်ပါ။ အဲဒီထဲ ကမှ“control panel” ကို ထပ်ရွေးပါ။
“Control panel” ထဲကမှ Desktop ကို ရွေးပါ။
ညာဘက်အကွက်မှာ ပေါ်လာတဲ့ “Menushowdelay” ကို Right click နှိပ်ပါ။ Modifyကိုရွေးပြီး Value ကို “0″ ထားပါ။
ပြီးပြီဆိုတာနဲ့ Restart ပြန်လုပ်ပါ။
(၂) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမြန်ဆန် စေပါတယ်။
- Start ကိုသွားပါ။
- Run box ကိုဖွင့်ပါ။
- “gpedit.msc” ဆိုပြီး ရိုက်ပါ။
- ဘယ်ဘက် panel မှာ “computer configuration” ရွေးပါ။
- “Administrative Templates” ကိုရွေပါ။
- “Windows components” ကို ရွေးချယ်ပါ။
- “Terminal services” ကိုရွေးချယ်ပါ။
- ညာဘက် panel မှာ ပေါ်လာမှာဖြစ်တဲ့ “Do not delete Temp Folder Upon exit” မှာRight click နှိပ်ပါ။
- Properties ကို ရွေးချယ်ပါ။
- ပြီးရင် “disable” ကို ရွေးချယ်ပါ။
(၃) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။
နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။
- Start ကို ကလစ်နှိပ်ပါ။
- Run box ကိုဖွင့်ပါ။
- “% temp%” လို့ ရိုက်ထည့်ပါ။
- အဲဒီမှာ တွေ့သမျှ ဖိုင်တွေကို ‘Ctrl+A’ နဲ့ Select ပေးပြီး ဖျက်ထုတ်ပစ်ပါ။
(အချို့  လုပ်ဆောင်နေဆဲ ဖိုင်တွေကိုတော့ ဖျက်လို့မရတဲ့ အကြောင်း ပြောလာတတ်ပါတယ်။)
(၄) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။
နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။
- Start > Run box ကိုဖွင့်ပါ။
- “Prefetch” လို့ ရိုက်ထည့်ပါ။
- တွေ့သမျှ ဖိုင်မှန်သမျှ ဖျက်ပစ်ပါ။
(၅) Hard disk ကို အချိန်ရှိသရွေ့  ရှင်းလင်းပေးပါ။
All Program ကိုသွားပါ။
- Accessories ကနေတစ်ဆင့် “System tools” အောက်မှာ ရှိနေတဲ့ “Disk Clean Up” ကိုကလစ်နှိပ်ပါ။
၅ မိနှစ်အတွင်းမှာ ပုန်းကွယ်နေတဲ့ အမှိုက်သရိုက်တွေ မှန်သမျှကိုရှင်းလင်းပေးပါလိမ့်မယ်။
(ကိုယ်အနေနဲ့ အပြင်ကို ခဏတဖြုတ် သွားမယ့်အချိန်မျိုးတွေမှာ သိပ်အသုံးဝင်ပါတယ်။)
(၆) မသုံးတဲ့ ပရိုဂရမ်တွေကို ဖယ်ထုတ်ပါ။
- Start > Run
- “msconfig” လို့ရိုက်ပါ။
- “System configuration Utility” box ပေါ်လာပါမယ်။
- ညာဘက် အစွန်းဆုံးမှာ “Start up tab” ဆိုတာ ရှိပါတယ်။
- ကိုယ့်အတွက် အသုံးမ၀င်တဲ့ program တွေရဲ့  ရှေ့  မှာ အမှန်ခြစ် အမှတ် အသားလုပ်ထားခဲ့ရင် ပြန်ပြီး “uncheck” လုပ်ပေးပါ။
- Restart နဲ့ ပြန်စပါ။
(၇) လုံခြုံစေဖို့ ဖိုင်စနှစ် ပြောင်းသုံးပါ။
- Start > all programs > accessories > command prompt တစ်ခုချင်းကလစ်နှိပ်ပြီး သွားပါ။
- Command pormpt ပေါ်လာရင် အနက် screen ကြီးကို တွေ့ရပါမယ်။
- မှိတ်တုတ်မှိတ်တုတ် cursor လေးနဲ့ “convert c:fs:ntfs” လို့ရိုက်ပါ။
- ပြီးရင် ‘Enter’ ခေါက်ပါ။
- Command prompt ကို နောက် တစ်မျိုး “Start > Run” မှာ cmd လို့ ရိုက်ထည့်ပြီးသွားနိုင်ပါတယ်။
- တကယ်လို့ NTFS ပြောင်းပြီးသား ဆိုရင် ပြောင်းဖို့ မလိုပါ။ My computer ကို RightClick နှိပ်ပြီး “properties” မှာဖွင့်ကြည့် နိုင်ပါတယ်။
- cmd ထဲဝင်ပြီး ပြန်ထွက်မရ ဖြစ်နေရင် “exit” လို့ရိုက်ပြီး ထွက်ပါ။
(၈) Memory ပိုမို အလုပ်လုပ်စေနိုင်ဖို့
- XP ရဲ့ default မှာ memory ရေရှည် အသုံးခံနိုင်အောင်နဲ့ တခြား လိုအပ်တဲ့ စနစ်ပိုင်း ဆိုင်ရာတွေကို မောင်းနှင်ဖို့ စီမံထားပါတယ်။
ဒါပေမယ့် တစ်ခါတလေမှာ ကိုယ့်အတွက် အသုံးမ၀င်ပါဘူး။ ရှိရင်းစွဲ memory ကိုပဲ လှည့်ကွက်တစ်ခု အနေနဲ့ ပိုပြီး ကောင်းမွန်အောင် သုံးစွဲနိုင်ပါတယ်။
- Start > Run > Regedit အဆင့်ဆင့်သွားပါ။
- Registry panel ရဲ့ ဘယ်ဘက်မှာ “HKEYLOCALMACHINE” ကို click နှိပ်ပါ။
- “System” ကို ကလစ် နှိပ်ပါ။
- “Current control set” ကို ကလစ် နှိပ်ပါ။
- “control” ကို ကလစ်နှိပ်ပါ။
- “Session Manager” ကို နှိပ်ပါ။
- “Memory Managment” ကိုကလစ်နှိပ်ပါ။ ညာဘက် panel မှာ ရှိတဲ့ “Disable pasing executive” ကို Double Click နဲ့ ဖွင့်ပါ။
- Large System Cache ကိုလည်း double click နဲ့ ဖွင့်ပါ။
- Decimal value ကို “1″ ပြောင်းပေးပါ။
- Restart ပြန်လုပ်ပါ။ Memory Performance ပိုပြီး ကောင်းမွန်လာပါလိမ့်မယ်။
(၉) ဖိုင်တွေကိုလုံခြုံစေဖို့ password ပေးပါ။
ကိုယ့်ရဲ့ဖိုင်တွေ၊ folder တွေ၊ ebook စတာတွေကို လုံခြုံစေဖို့ နည်းလမ်းအမြောက်အမြား ရှိပါတယ်။ password ပေးပြီးသိမ်းဆည်းထားတာဟာ အလုံအခြုံဆုံးပါပဲ။
အဲဒီလို password ပေးတဲ့အခါမှာ သိမ်းဆည်းချင်တဲ့ ဖိုင်တွေကို folder တစ်ခု ထဲကို အရင်ထည့်ပါ။
ပြီးရင်ကိုယ်မှတ်မိတဲ့ Name ပြောင်းပါ။ ပြီးရင် Windows ရဲ့ built-in zip format ကို password ပေးပါ။
- Zip Software ကို install လုပ်ပြီး သုံးစွဲတာက ပိုကောင်းပါတယ်။
- Win Zip Software ကို ဖွင့်ပါ။
- File menu အောက်မှာရှိတဲ့ Add a password ကို ကလစ်နှိပ်ပါ။
Winrar Software ကို install လုပ် ခဲ့မယ်ဆိုရင်တော့- ဖိုင်ကိုကလစ်ထောက်လိုက်ပြီး ချုံ့ပေးပါ…လို့ ခိုင်းပါ။
- Advanced မှာ “Set password” ကို click နှိပ်ပါ။- Password line နှစ်ကြောင်း တွေ့ရပါလိမ့်မယ်။ တစ်ခုနဲ့တစ်ခု တူညီရပါမယ်။
(၁၀) ဖိုင်တွေ လုံခြုံစေဖို့ ရုပ်ဖျက်ထားနိုင်ပါတယ်။
ဆော့ဖ်ဝဲအသုံးပြုထားတဲ့ ဖိုင်မှန်သမျှဟာ အဲဒီဆော့ဖ်ဝဲရဲ့ extension နဲ့ အဆုံးသတ်ပါတယ်။ ဥပမာ ebookစာအုပ်တွေဆိုရင် (.pdf)၊ စာစီစာရိုက် ဆော့ဖဲဝဲ pagemaker ဆိုရင် (.pmd)၊ Photoshopဆိုရင် (.psd) (.jpg) စတဲ့ အဆုံးသတ် extension တွေပါဝင်ပါတယ်။ အဲဒီ extensionတွေကို ဖော်ထားလို့ ရသလို ဖျောက်ထားလို့လည်းရပါတယ်။
- ပထမဆုံး My Computer ကိုကလစ်နှိပ်ပြီး အထဲကို ၀င်ပါ။
- Folder options ကို သွားပါ။ (Tools အောက်မှာ ရှိပါတယ်။)
- အဲဒီက “File Types” ကို ကလစ် နှိပ်ပါ။ (အဲဒီအခါမှာ ဖိုင်ရဲ့ extension တွေတစ်ခုချင်းစီအလိုက် ပေါ်လာပါလိမ့်မယ်။
- အခု ဖုံးကွယ်ထားမယ့် ဖိုင်တစ်ခုကို extension ပြောင်းပေးပါ။ ဥပမာကိုယ်က(.pmd)နဲ့ စာရိုက်ထားတဲ့ page တစ်ခုကို ဖျောက်ထားချင်ရင် အဲဒီ (.pmd) နေရာမှာ(.pdf) စသည်ဖြင့် ပြောင်းလဲပေးလိုက်ပါ။
- ပြီးရင် extension ဖော်ထုတ်ထားတာကို ပြန်ပြီး ဖျောက်ပစ်လိုက်ပါ။
- အဲဒီအခါမှာ ကိုယ့်ဖိုင်ဟာ ကိုယ်ကိုယ်တိုင်တောင်မှ မမှတ်မိ နိုင်တော့တဲ့ဖိုင်အမျိုးအစား တစ်ခုအနေနဲ့ ပြောင်းလဲသွားပါလိမ့်မယ်။
(၁၁) ပရိုဂရမ်ရဲ့ အမြန်နှုန်းတွေကို မြှင့်တင်ပါ။
- Screen
ရဲ့ အောက်ခြေမှာရှိတဲ့ ‘taskbar’ ကို Right click လုပ်ပါ။
- ပေါ်လာတဲ့ box ထဲက ‘Task Manager’ ရွေးပါ။
- ‘Task Manager’ ထဲကမှ ‘process tab’ ကို ရွေးချယ်ပါ။ ကိုယ့် ပီစီထဲမှာ ရှိတဲ့ပရိုဂရမ်တွေ၊ browser တွေ ပေါ်ထွက် လာပါလိမ့်မယ်။
- ကိုယ် မကြာခဏ သုံးစွဲလေ့ရှိတဲ့ ပရိုဂရမ်ပေါ်မှာ “Right Click” နှိပ်ပါ။
- ‘pirority’ ကို High လုပ်လိုက်ပါ။
- ကိုယ်သုံးစွဲတဲ့ ပရိုဂရမ်ဟာ သိသိသာသာ အမြန်နှုန်း မြင့်တက်လာပါလိမ့်မယ်။
(၁၂) Hibernate မလုပ်ပါနဲ့။
Hibernate
ကို ကွန်ပျူတာ သမားတွေ အသိများပါတယ်။ နောက်တစ်နေ့မှာ ကိုယ်သုံးစွဲထားခဲ့တဲ့ပရိုဂရမ်တွေအတိုင်း ပြန်ပေါ်ထွက်လာအောင် စီစဉ်ပေးထားတာပါ။
ဒါပေမယ့် memory ကို အရမ်းစားပြီး hard disk မှာလည်း မတရား နေရာယူလွန်းပါတယ်။
- Control Panel ကိုဖွင့်ပါ။
- Power Options ကို click နှိပ်ပါ။
- Hibernate ကို ရွေးချယ်ပါ။
- ‘Enable hibernation’ ကို ‘Uncheek’ ပြန်လုပ်ပါ။ (ခွင့်မပြုဘူး ဆိုတဲ့ သဘောပါ။)
(၁၃) Memory နည်းပါးနေတဲ့ အခါ
အမြဲလို ကြုံရဘူးပါတယ်။
ဆော့ဖ်ဝဲ နှစ်ခုလောက် အပြိုင်အလုပ်လုပ်တဲ့အခါ ‘MemoryInerupt’ ဆိုပြီး ဆော့ဖ်ဝဲ တစ်ကို ပိတ်သွားတာမျိုး ရှိသူတွေအတွက် လျှော့ချသင့်တဲ့ပုံစံတွေ ရှိပါတယ်။
XP မှာ အသစ်ပေါင်းထည့်ထားတဲ့ feature အသစ်ဟာmomery ကို အလွန် သုံးစွဲသလို “Thames” တွေကလည်း memory ကို သုံးစွဲပါတယ်။
ဒါကြောင့် Style XP လို “Thames” တွေကို memory မြင့်မြင့်မားမား မရှိဘဲနဲ့ install မလုပ်ပါနဲ့။ Window ရဲ့ ဂန္တ၀င် ပုံစံဟာ memoryကို ချွေတာရာရောက်ပြီး အလုပ် များများရှိတဲ့ လူတွေအဖို့ သင့်တော်ပါတယ်။
- Control Panel > System ၊ Advanced tab ရွေးချယ်ပါ။
- ‘Performance’ မှာ ’setting’ ဆိုတာ ပါဝင်ပါတယ်။ အဲဒီ setting ကို ကလစ်နှိပ်ပြီး ‘Adjust for best performance’ ကို ရွေးချယ်ပါ။
နောက်တစ်နည်းနဲ့ Start Menu ကို ဂန္တ၀င် ပုံစံပြောင်းလို့ ရသေးပေမယ့် အခုနည်းက OS ကနေ အလိုအလျှေက် ညှိနှိုင်းဆောင်ရွက်ပေးတဲ့ အတွက် ကောင်းပါတယ်။
(၁၄) Automatic update ကို ပိတ်သင့်ပါသလား။
အင်တာနက် ချိတ်ဆက်ထားတဲ့ ပီစီတွေ အဖို့တော့ Automatic update ကို ပိတ်ထားတာဟာ အဆိုးရော အကောင်းရော ဖြစ်စေပါတယ်။
အဆိုးကတော့ browser မှာ ထည့်သွင်းထားတဲ့ ‘add-ons’ လို update တွေမရနိုင် တော့ပါ။ အကောင်းဘက် ကတော့ memory ကို ပိုမိုများပြားစွာ သုံးစွဲစေပြီး XP ကို ပိုမြန်စေပါတယ်။
- Control Panel > System
- Automatic updating ကို Turn Off လုပ်ပေးပါ။
(၁၅) ပရိုဂရမ်တွေကို Shortcuts တွေ တည်ဆောက်ထားပါ။
- Desktop မှာ New Floder ဖန်တီးပြီး ‘Application’ လို့ အမည်ပေးပါ။ ပြီးရင် ပရိုဂရမ် တွေရဲ့ Shortcuts တွေမှန်သမျှ - ထည့်ပေးပါ။
-Taskbar မှာ Right Click နှိပ်ပြီး toolbar မှာ ‘New toolbar’ ကို သွားပါ။
- အခုန တည်ဆောက်ထားတဲ့ ‘Application’(New Floder)’ ဆီကို ညွှန်းပေးပါ။
- ပီစီဖွင့်တိုင်းမှာ Shortcuts တွေကနေ တစ်ဆင့် အမြန်ဆုံး အလုပ်လုပ်နိုင်ပါမယ်။
(၁၆) ‘Shut-down’ shortcut ဖန်တီးနိုင်ပါတယ်။
- Desktop မှာ Right Click နှိပ်ပါ။ New shotcut ကို ဖန်တီးပါ။ နာမည်မှာ ’shutdown-s-to’ လို့ အမည်ပေးပါ။
- ပြီးရင် properties ကို သွားပါ။ Target နေရာမှာ“C:/Windows/system32/shutdown.exe”ကို ရွေးပေးပါ။ (XP.SP2 - သမားတွေအတွက်တော့ အလွယ်တကူနဲ့ C >Windows > System32 > “shutdown icon” အထိ သွားပြီး shutcut - ဖန်တီးနိုင်ပါတယ်။)
(၁၇) Keyboard shotcut တွေကိုသုံးပါ။
Ctrl+A
ဆိုတာ Select All ၊ Ctrl+C ဆိုတာ Copy ၊ Ctrl+V ဆိုတာ Paste အဲဒီလိုမျိုးမြန်ဆန်စေတဲ့ ကီးဘုတ်ဖြတ်လမ်း နည်းလေးတွေကို သုံးစွဲကြည့် နိုင်ပါတယ်။
(၁၈) Fonts တွေကို ခဏ ဖယ်ထုတ်ထားပါ။
ဖြစ်နိုင်ရင်တော့ တချို့  Fonts တွေဟာ ဥပမာအားဖြင့် ကိုယ်ဟာ စာစီစာရိုက် သမားတစ်ယောက်၊ Web designer တစ်ယောက်မဟုတ်ရင် မလိုအပ်တဲ့ font တွေကို အပြီးတိုင်ဖယ်ထုတ်ထားလို့ ရပါတယ်။
Photoshop လို ပရိုဂရမ်မျိုးဟာ ဖွင့်ချိန် အရမ်းကြာမြင့်တာဟာ သူ့ရဲ့ library ထဲကို အသင့်သုံးပစ္စည်းတွေကို ခေါ်ယူနေတာကြောင့်ပါ။
အဲဒီ လိုမျိုးပဲ တခြားပရိုဂရမ်ေ်တွဟာ ကြာနေတတ်တာဟာလည်း အကြောင်းအမျိုးမျိုး ရှိနိုင်ပြီင်္း အဲဒီထဲက အကြောင်းတစ်ခုက ‘Fonts’ တွေကို loading လုပ်နေရလို့ပဲဖြစ်ပါတယ်။
- Control Panel > Fonts ကို ဖွင့်ပါ။
- Folder အသစ်တစ်ခု ဆောက်ပါ။ အသုံးမလိုတဲ့ Fonts တွေကို သီးသန့် ပေါင်း စုထားပြီး၊ control panel ကနေ ခွဲထုတ်နေရာ ရွှေ့  ပစ်လိုက်ပါ။
- ဒါဟာ ပရိုဂရမ်တွေကို မြန်ဆန်စေတဲ့ လျှို့ ဝှက်ချက် တစ်ခုပါပဲ။
(၁၉) Font အရွယ်အစား ပြောင်းလဲ ကြည့်နိုင်ရန်
အင်တာနက် သုံးစွဲ နေတဲ့ အချိန်မှုာ Image ပေါ်မှာ ရေးထားတဲ့ စာလုံးတွေကိုပဲ ဖြစ်ဖြစ် တခြားနေရာ မျိုးစုံက အက္ခရာတွေကိုပဲ ဖြစ်ဖြစ် ပိုမိုသဲကွဲစွာ မြင်နိုင်ဖို့နည်းရှိပါတယ်။
- Ctrl ကို ဖိထားရင်း keyboard အပေါ်တန်းက “+” ကို နှိပ်ပါ။ နှိပ်လေလေ font နဲ့ webpage စာမျက်နှာ ကြီးလာလေလေဖြစ်ပါလိမ့်မယ်။ အရွယ်အစား လျှော့ချဖို့ ကတော့ ‘Ctrl’ နဲ့ အနှုတ်လက္ခဏာကို တွဲဖက်အသုံးပြုပါ။
(၂၀) Shift + Delete ကို သတိထားပါ။
ရိုးရိုး Delete ဟာ ဖိုင်တစ်ခုကို ဖျက်ပစ်လိုက်ပေမယ့် အမှိုက်ပုံးထဲမှာ ကိုယ်စားကျန်ပါသေးတယ်။
Shift Key ကို သတိထားပြီး Delete ခလုတ်ကို နှိပ်ချလိုက်မယ် ဆိုရင်တော့ အပြီးတိုင် ဖျက်ပေးသွားပါလိမ့်မယ်။ မလိုလား အပ်တဲ့ အကျိုးဆက်တွေဖြစ်စေနိုင်တာမို့ ‘Shift + Del’ ကို သတိထားပြီး သုံးစွဲပါ။
(၂၁) Error report ကို ပယ်ဖျက်ပါ။
ပရိုဂရမ်တွေ မျိုးစုံ ဖွင့်နေရင်း တစ်ခါတစ်လေမှာ ပရိုဂရမ် တစ်ခုခုဟာ ကြာမြင့်နေတဲ့ အချိန်မှာhang မသွားခင်မှာ windows ရဲ့ ‘Error report’ box တက်လာတတ်ပါတယ်။ အဲဒါကိုဖျောက်ထားပစ်ပါ။
- Control Panel > System
- ပြီးရင် Advanced ကို click နှိပ်ပါ။အဲဒီထဲကမှ ‘Error Reporting’ Disable ကိုကလစ်နှိပ်ပြီး OK နဲ့ ထွက်ပါ။
(၂၂) ‘Open-with’ ဆိုတာ
ဗီဒီယိုဖိုင်တွေ အတွက်ဆိုရင် ‘Open-with’ ဟာ အလွန်အသုံးဝင်ပါတယ်။ window media player ကိုလက်မခံတဲ့ file extension တွေကို open-with နဲ့ ဖွင့်လှစ်ရပါမယ်။ (အရင်ဆုံး playerတချို့ ကိုတော့ install လုပ်ဖို့ လိုပါလိမ့်မယ်။)
- ဖွင့်ချင်တဲ့ ဖိုင်တစ်ခုကို ‘Right Click’ ထောက်ပြီး ‘open with’ ကိုရွေးချယ်ပါ။
- ‘Browser’ လုပ်လိုက်ရင် ပရိုဂရမ်တွေ အစီအရီ ပေါ်ထွက်လာပါလိမ့်မယ်။စိတ်ကြိုက်တစ်ခုကို ရွေးချယ်ပြီး ဖွင့်လှစ် နိုင်ပါတယ်။ ဘယ်လိုမျှ ဖွင့်ကြည့်လို့မရဘူးထင်တဲ့ Note pad ပုံစံ ပရိုဂရမ်တွေကို word pad နဲ့ ဖွင့်လို့ ရပါတယ်။
(၂၃) Open-with ဟာ ပိုပြီး မြန်ဆန်ပါတယ်။
Photoshop မှာ (.psd) ဆိုတဲ့ ပရိုဂရမ်ပိုင် extension တွေက လွှဲလို့ တခြားပုံရိပ်တွေကိုဖွင့်ကြည့်ချင်ရင် ‘open-with’ က ပိုပြီးမြန်ဆန်ပါတယ်။
Open-with ကနေ ‘Image Viewer’ ကို ရွေးချယ်ပေးပါ။
(၂၄) Filmstrip နဲ့ ရုပ်ရှင် ကြည့်နိုင်ပါတယ်။
ကိုယ့်မှာရှိတဲ့ ပုံရိပ်တွေ အားလုံးကို floder ထဲမှာ တစ်စု တစ်စည်းတည်း ထားလိုက်ပါ။ ဓါတ်ပုံတွေအားလုံးကို ရုပ်ရှင် တစ်ခုကို ကြည့်နေရသလိုမျိုး စီစဉ်ထားနိုင်ပါတယ်။
- Floder ကို ဖွင့်လိုက်ပါ။
- ပြီးရင် Menu bar ထဲက ‘View’ မှာ Filmstrip ကို ရွေးချယ်လိုက်ပါ။
- Ctrl Key ကို ကိုင်ထားပြီး လိုအပ်သလို အကွက်ရွှေ့ လို့ ရပါတယ်။
(၂၅) IE ရဲ့ homepage ကို Blank လုပ်ထားပါ။
IE ကို ဖွင့်ရာမှာ တစ်ခါတလေ စိတ်ပျက်ဖို့ ကောင်းပါတယ်။
မိုက်ကရိုဆော့ဖ် ရဲ့default home page “msn.com” ဟာ ငြီးငွေ့စရာ ကောင်းလောက်အောင်ကို ကြာမြင့်လွန်းတတ်ပါတယ်။
တကယ်လို့ IE ကို ဖွင့်လိုက်စဉ်တိုင်းမှာ အဖြူထည် စာမျက်နှာ ဖြစ်နေတာဟာပိုပြီး မြန်ဆန် စေပါတယ်။
- IE ကို ဖွင့်ပါ။
- Tools ကို ကလစ်နှိပ်ပါ။ General အောက်မှာ ရှိတဲ့ address box မှာ user blank ကိုကလစ်နှိပ်ပါ။
- Apply ကို ကလစ်နှိပ်ပါ။ OK ကို ကလစ်နှိပ်ပါ။
(၂၆) Domain တွေကို key နဲ့ သုံးပါ။
- www. google.com ကို သွားဖို့ အတွက် အရှည်ကြီး ရိုက်နေဖို့ မလိုပါဘူး။
- google ကို ရိုက်ပါ။
ပြီးရင် Ctrl key ကိုင်ထားပြီး Enter ခေါက်ပါ။
အဲဒီလိုshot-cuts တွေကို လေ့လာရင်း သုံးစွဲရင် ပိုမြန်ဆန် စေပါတယ်။
(၂၇) ‘Animated dog’ ဟာ လေးလံပါတယ်။ ပယ်ဖျက်ထားပါ။
Search box ဟာ အလွန်နှေးပါတယ်။ စက်ကို crash ဖြစ်သွား စေမတတ် ပါဘဲ။ အဲဒီ ခွေးကလေးကို ပယ်ဖျက်ထားပါ။
- Search window ကို ဖွင့်ပါ။
- Change preferences ကို click လုပ်ပါ။
- ‘Without an animated screen character’ ကို ကလစ်နှိပ်ပါ။
- Animated object မရှိတော့တဲ့ အတွက် Search box ဟာ ပိုပြီး မြန်ဆန် လာပါလိမ့်မယ်။
(၂၉) MP3 သီချင်းတွေကို ကလစ်တစ်ချက်တည်းနဲ့ ဖွင့်နိုင်ပါတယ်။
ကိုယ့်ရဲ့ network ဧရိယာ များမှာ ဘယ်သူတွေ ရှိနေသလဲ ဆိုတာ ကြည့်ရှုချင်ရင် MyNetwork places ကနေ ကြည့်ရှုလို့ ရပါတယ်။
ပီစီတစ်လုံးကနေ နောက်တစ်လုံး ဆီကို accessလုပ်ဖို့ ကို တော့ admin ခွင့်ပြုချက် ဒါမှမဟုတ် password ရယူရပါမယ်။ My Networkplaces မှာ ‘view word group computer’ ကိုရွေးလိုက်။
အဆက်အသွယ် တွေ အကုန်လုံးကို တွေ့ရပါလိမ့်မယ်။
(၂၉) MP3 သီချင်းတွေကို ကလစ်တစ်ချက်တည်းနဲ့ ဖွင့်နိုင်ပါတယ်။
-Control panel > Taslbar and Start Menu ကို ရွေးချယ်ပါ။
- Start Menu ကို ကလစ်နှိပ်ပါ။
- Customize ကို ကလစ်နှိပ်ပါ။
- Advanced tab ကို ကလစ်နှိပ်ပါ။
- My Music ကို ရွေးချယ်ပါ။
(၃၀) Print Screen သို့မဟုတ် Capture ဖမ်းယူခြင်း
ကွန်ပျူတာပေါ်က မြင်းကွင်းတစ်ခုခုကို ပုံရိပ်အနေနဲ့ ကူးယူပြီး ကိုယ့်အတွက်ပြန်လည်၍ အသုံးချနိုင်ပါတယ်။
- လိုချင်တဲ့ image ဒါမှမဟုတ် webpage ကို ဖွင့်ပါ။
- Keyboard က ‘print screen preview’ ကို ကလစ်နှိပ်ပါ။ (ဖွင့်ထားတဲ့ ပုံရိပ်အနည်းငယ်သာ လိုချင်ရင် Alt နဲ့ တွဲနှိပ်ပါ။)
- ပြီးရင် Start > Run box မှာ ‘mspaint’ဆိုပြီး စာရိုက်ပါ။ (ရိုးရိုး paintprogram ကို ခေါ်သုံးရင်လည်း ရပါတယ်။)
- paint ပေါ်လာပြီဆိုတာနဲ့ ‘Ctrl+V’ ဒါမှမဟုတ် ‘File menu’ အောက်က ‘paste’ ကိုကလစ်နှိပ်ပါ။ (ဤ paint နေရာမှာအခြား Clipboard ရှိတဲ့ ဓါတ်ပုံ တည်းဖြတ် ဆော့ဖ်ဝဲ တွေ photoshop corel draw စတာတွေ သုံးစွဲ နိုင်ပါတယ်။)
(၃၁) Screen Saver ကို Slide Show လုပ်နိုင်ပါတယ်။
- Control Panel > display
- Display properies box ကျလာရင် ’screen saver tab’ ကို ရွေးချယ်ပါ။
- နောက်ဆိုရင် Screen Saver ဟာ ရုပ်ရှင်တွေ ပြသလိုမျိုး ပုံရိပ်တွေတစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင် ပေါ်လာပါလိမ့်မယ်။
- (My Picture folder ထဲမှာ ကိုယ်လိုချင်တဲ့ Image တွေကို အရင်ဆုံးထည့်ထားရပါမယ်။
Slide Show မှာ ပုံရိပ်တစ်ခု နဲ့ တစ်ခုအကြား ကြာမြင့်ချိန်ကို စိတ်ကြိုက်ရွေးချယ် ပြောင်းလဲ နိုင်ပါတယ်။)
(၃၂) Pop-up တွေကို လက်မခံပါနဲ့။
Firefox browser မှာ pop-up blocker ဆိုပြီး လုံခြုံရေး tool ပါဝင်တဲ့ အပြင်add-ons တွေနဲ့ အထူး ပိတ်ပင် တားဆီးလို့ ရနိုင်ပါတယ်။
IE ရဲ့နောက်ဆုံးထွက်version7.0 ကို install လုပ်လိုက်မယ် ဆိုရင်တော့ pop-up ပြဿနာဟာ ၇၀% လျှော့ကျသွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် browser မှန်သမျှရဲ့ နောက်ဆုံးထုတ် version ကိုရအောင် ယူထားပါ။
(၃၃) Toolbar ပြုပြင်ခြင်း
firefox မှာ Menubar ပေါ်မှာ Right click နှိပ်ပါ။
- အဲဒီထဲက ပေါ်လာတဲ့ customize bar ထဲကို ကိုယ်လိုချင်တဲ့ ‘icon’ တွေကို ပေါင်းထည့်ပေးပါ။ IE အတွက်ကတော့ - IE ကို ဖွင့်ပါ။ - View > toolbar > customize- အဲဒီအထဲကမှ စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။
ဒီလိုပြင်ဆင် ထားတဲ့အတွက်ကိုယ်လိုချင်တဲ့ အချိန်မှာ လိုသလို အသုံးချနိုင်တဲ့ icon တွေ အဆင်သင့် မြန်မြန်ဆန်ဆန် ရှိနေမှာပါ။
(၃၄) Private data ကို လုံခြုံအောင်ထားပါ။
- IE ကိုဖွင့်ပါ။
Tools Menu မှာ ရှိတဲံ့ internet options ကနေ Clear Historyကို ကလစ်နှိပ်ပါ။
‘Cache’ ကိုရှင်းပါ။
ပိုပြီး အန္တရာယ် ကင်းစေချင်ရင် ‘Cookies’ တွေကို ရှင်းပါ။ Firefox ကို ဖွင့်ပါ။ “Options” ကို ကလစ်နှိပ်ပါ။
- Privacy ကို ကလစ်နှိပ်တဲ့အခါမှာ box ရဲ့ အောက်ဆုံးမှာ “private data”တွေ့ရပါမယ်။ “Setting” ကို ၀င်ပြီး အမှန်ခြစ်တွေ ပေးထားပါ။
OK နှိပ်ပြီးပြန်ထွက်ပါ။ “Always Clear my private data when I close firefox” ရှေ့ မှာအမှန်ခြစ်ပေးပါ။ Cyber cafe မှာ သုံးစွဲဖို့ သင့်တော်စေတဲ့ tool တစ်ခုပါ။
(၃၅) Entry တွေကို ရှင်းလင်းပါ။
- Start > Run
- Regedit လို့ရိုက်ပြီး Enter ခေါက်ပါ။
- HKEY_LOCAL_MACHINE ကို ကလစ်နှိပ်ပါ။
- Software ကို ကလစ်နှိပ်ပါ။
- Microsoft ကို ကလစ်နှိပ်ပါ။
- Windows ကို ကလစ်နှိပ်ပါ။
- Current Version ကို ကလစ်နှိပ်ပါ။
- Uninstall ဆိုပြီးပေါ်လာပါမယ်။အဲဒီထဲမှာ ကိုယ် uninstall လုပ်ခဲ့စဉ်တုန်းကအကြောင်း အမျိုးမျိုး ကြောင့် မပျက်ခဲ့တဲ့ ဆော့ဖ်ဝဲ အကြွင်းအကျန်နဲ့ အစအန တွေကိုရှင်းလင်း ထုတ်ပါ။
- Restart ပြန်လုပ်ပါ။
(၃၆) Mouse ကို ချောမွေ့ စွာ ကိုင်တွယ်နိုင်ပါတယ်။
- များသောအားဖြင့် Mouse ရဲ့ default ဆက်တင်ဟာ ပြုပြင်စရာ မလိုအောင် ကောင်းပါတယ်။ တကယ်လို့စိတ်ကြိုက် - ပြင်ဆင်ချင်သေးတယ်ဆိုရင်
-----
- Control Panel > System - Hardware ကို ရွေးချယ်ပါ။ - Device Manager ကိုကလစ်နှိပ်ပါ။
- ‘Mice and other pointing serices ဆိုတာ ရှိပါတယ်။ အဲဒီမှာ mouse ကို rightclick နှိပ်ပြီး properties ကို စိတ်ကြိုက် - ပြောင်းလဲ နိုင်ပါတယ်။
(၃၇) Restore point ကို ဖျက်ပစ်ပါ။
- ကွန်ပျူတာရဲ့ စနစ်မှုာ တစ်ခုခု အမှားအယွင်း ဖြစ်နေခဲ့ရင် အရင်အတိုင်း အခြေအနေ ကောင်းလေးကိုပြန်လည် ရရှိစေနိုင်ဖို့ - System Restore ဆိုတာ ထားရှိပါတယ်။ Memory ကိုရော၊ Harddisk နေရာလွတ် များများကိုရော လိုချင်တယ် ဆိုရင် - အရင် restore point အဟောင်းတွေကိုဖျက်ပစ်ရပါမယ်။
- Start > All Programs > Accessories > System tools > Disk Clean up
> More Options အထိ ဆက်တိုက် သွားပါ။
- အဲဒီ More Options မှာရှိတဲ့ restore point အဟောင်းတွေကို delete လုပ်ပစ်ပေးပါ။
(၃၈) တစ်ပတ်တစ်ခါ defragment လုပ်ပါ။
- Start > All Programs > Accessories > System tools >Disk
Defragmenter ကို ရွေးချယ်ပါ။
- Analyzing လုပ်တာနဲ့ Defragment လုပ်တာ နှစ်မျိုး ရှိပါတယ်။ နာရီဝက်၊ တစ်နာရီလောက် အချိန် ပေးရပါမယ်။
ဒီ tool - ဟာ window နဲ့ ‘built-in’ tool ဖြစ်ပြီးSystem မှာရှိတဲ့ မလိုအပ်တဲ့ ဖိုင်တွေနဲ့ အမှိုက် အစအန တွေကို အထိုက်အလျှောက် - ဖယ်ရှား ပေးတဲ့အတွက် သုံးစွဲ သင့်ပါတယ်။
(၃၉) ‘Virtual memory’ တည်ဆောက်ခြင်းဟာလည်း စနစ်ကို မြန်ဆန်စေပါတယ်။
- ပီစီရဲ့ လိုအပ်တဲ့ ပရိုဂရမ်တွေကို မြန်မြန်ဆန်ဆန် သုံးစွဲနိုင်စေဖို့ ‘Virtualmemory’ တည်ဆောက် နိုင်ပါတယ်။
- My Computer ကို Right Click နှိပ်ပြီး properties ကို ရွေးချယ်ပါ။
- ကျလာတဲ့ box ထဲမှာ Advanced ကို ထပ်မံ ရွေပေးပါ။
- ‘Performance’ မှာရှိတဲ့ ‘Settings’ ကိုရွေးချယ်ပါ။
- Change icon ကို ကလစ်နှိပ်ပါ။
- ပြီးရင် “customize” box ကို ‘on’ ပြီးတဲ့ အခါမှာ C.D.E ရှိတဲ့ drive တစ်ခုချင်းစီကို လိုသလောက် virtual memory ထပ်မံ - တိုးဖြည့်ပေးထားလို့ ရပါတယ်။ ပြီးရင် setcommand ကို ကလစ်နှိပ်ပြီး OK နဲ့ ထွက်ပါ။
(၄၀) မြန်မြန်ဆန်ဆန် Lock လုပ်နည်း
‘Ctrl + Alt + Del’ ကို တွဲဖက်နှိပ်ရင် ‘Task Manger’ ပေါ်လာပါလိမ့်မယ်။ အဲဒီအထဲကမှ “Log-Off” ကို ရွေးချယ်ပြီး အမြန် Lock လုပ်နိုင်ပါတယ်။
အဲဒီထက် ကောင်းတဲ့ နည်းကတော့-
- Kkeyboard က windows Logo Key လေးကို ဖိထားပါ။ ‘L’ ကို နှိပ်ပါ။- Shutdown icon ကို တွေ့ရမှာ ဖြစ်သလို လိုအပ်သလို ပြန်လည် ၀င်ရောက်နိုင်တဲ့Log-on buttom ကလေးလည်း ပါဝင်ပါတယ်။
ဟစ်တိုင်မှကူးယူ ဖော်ပြထားပါတယ်။
Ubuntu ဆိုတာဘာလဲ?
Ubuntu ဆိုတာဘာလဲ?
Ubuntu ဆိုတာဘာလဲ? Ubuntu ဆိုတာ Linux distro တစ်ခုပါ Linux distro ပေါင်းများစွာအနက်အသုံးအများဆုံး Linux distro ဟာ ubuntu ဖြစ်ပါတယ် သို့ သော် ubuntu ကို အကောင်းဆုံး linux distro လို့ တော့ပြောလို့ မရပါဘူး အဘယ်ကြောင့်ဆိုသော် Linux distro တစ်ခုနဲ့ တစ်ခုထုတ်လုပ်ရသော ရည်ရွယ်ချက်များ မတူညီကြသဖြင့် တစ်ခုနဲ့ တစ်ခု နှိုင်းယှဉ်ရန်ခက်ခဲပါသည်။ ubuntu သည် မူလ Debian distribution ကိုပြန်ကာ develop လုပ်ထားခြင်းဖြစ်သည်။ payment ဖြင့်သုံးရသော် Linux OS ကို distribution ဟုခေါ်ပြီး free ရသော Linux OS ကို distro ဟုခေါ်သည်။ သာမန် window user များအနေနဲ့  Linux ကိုပြောင်းလဲအသုံးပြုလို ပါက အခက်အခဲအနည်းဆုံးဖြင့်အသုံးပြုနိုင်သော OS မှာ ubuntu ဖြစ်သည်။ ubuntu တွင် Desktop Environment သုံးခုရှိသည်။
ထိုသုံးခုသည် အခြား linux distro အတော်များများတွင်လည်းအသုံးပြုကြသည်။ ထိုသုံးခုမှာ GNOME , KDE , Xfce တို့ ဖြစ်သည်။ ubuntu တွင်သုံး DE (Desktop Environment) သုံးခုကို install လုပ်ကာအသုံးပြုနိုင်သည်။ install မလုပ်ချင်ပါကလည်း GNOME ကိုအသုံးပြုလိုပါက Ubuntu , KDE အတွက် Kubuntu , Xfce အတွက် Xubuntu တို့ ကို install လုပ်ကာအသုံးပြုနိုင်ပေးသေးသည်။ သာမန် user အနေဖြင့် ubuntu ရိုးရိုး GNOME ကိုအသုံးပြုသင့်ပြီး advanced user များအတွက်မှုကြိုက်နှစ်သက်ရာ DE များကိုအသုံးပြုနိုင်သည်။ Hardware Requirement အလွန်နည်းသောစက်များတွင်မှု Xubuntu ကိုအသုံးပြုနိုင်ပေသည်။ Ubuntu ကိုအသုံးပြုနိုင်ရန် hardware requirement အများကြီးမလိုအပ်ပေ။ XP ကိုအသုံးပြုနေသော်စက်များပင်လျှင် အသုံးပြုနိုင်ပေသည်။
Ubuntu ကို install လုပ်ရာတွင်လည်း အလွန်အမင်းခက်ခဲလှခြင်းမရှိပေ instruction များကို ကြည့်၍ install လုပ်နိုင်သည်။ အကယ်လို့  partition မပိုင်းလိုသောသူများ format မချလိုသောသူများအတွက် WUBI (Window Ubuntu Binary Installer) ကိုအသုံးပြုကာလွယ်ကူစွာ install လုပ်နိုင်ပါသည်။ Wubi ဖြင့် Ubuntu install လုပ်ခြင်းသည် 15 မိနစ်ခန့် သာကြာ၍ window version များဖြင့်နှိုင်းစာလျှင် လျင်မြန်သည်ဟုပြောရမည်။ window တင်ပြီးပါက application software များ , utilities များကို မမောနိုင် မပန်းနိုင် install လုပ်ရသော်လည်း Ubuntu တွင် install လုပ်ပြီးပါက software အတော်များများ install လုပ်ပြီးသားပါရှိပါသည်။ ထိုအပြင် window ကဲ့ registry , မရှိသဖြင့် register cleaner များမလိုပါ။ ထိုအပြင် ubuntu ဇ။် file system သည် window ဇ။် file system နှင့် မတူညီသဖြင့် Defragment လုပ်စရာမလိုပါ။ window ဖ၊် file system မှာ NTFS (window NT File System ) ဖြစ်၍ Linux မှာမူ EXT3 0r EXT4 file system ဖြစ်သည်။ သို့ သော်ညားလည်း utilities များအသုံးပြုချင်ဆိုပါက Ubuntu-tweak ကိုအသုံးပြုနိုင်သည်။
Ubuntu သုံးမည်ဆိုပါက တစ်ခုမှတ်သားသင့်သည်မှာ window တွင်ရှိသော software များရှိချင်မှရှိပေမည်။ ထို့ ကဲ့သို့ စွမ်းဆောင်နိုင်သောအလားတူ software များသာပိုများလိမ့်မည်။ ဥပမာ Microsoft Office ကိုအသုံးပြုချင်တယ်ဆိုပါစို့  Ubuntu တွင် Microsoft Office တော့မရှိပါ ၄င်းနှင့်အလားတူ Open Office ရှိပါသည် ထိုအတူ Photoshop အစား GIMP (Graphic Interface Manipulation Program ) ရှိပေမည်။ ထို့ ကြောင့် Linux အတွက် software များရှာပါက “Photoshop” ဟုရှာခြင်းထက် “Photo Editing tools in Linux ” ဟုရှာခြင်းက ပို၍မြန်ဆန်ပေမည်။ သို့ သော်ညားလည်း window မှ software ကိုသာမဖြစ်မနေအသုံးပြုရမည်အခြေအနေဆိုပါက Wine (Window Installer for Ubuntu ) , PlayOnLinux , Crossover တို့ ကိုအသုံးပြုနိုင်ပေသည်။ ထိုသုံးခုတွင် Wine တစ်ခုသည် Free OS (OpenSource ) Software ဖြစ်သဖြင့် အခကြေးငွေပေးစရာမလိုပေ။ Crossover မှာမူ Commercial OS Software ဖြစ်သဖြင့် အခကြေးငွေဖြင့်အသုံးပြုရပါသည်. Wine တွင် လူသုံးများသော application တော်တော်များများနှင့် ဂိမ်းအတော်တော်များများကို အသုံးပြုနိုင်သည် သို့ သော် application အကုန်ကိုတော့ အသုံးပြုနိုင်မည်မထင်ပါ။ သို့ သော်ညားလည်း နောက်ပိုင်းတွင် software company တော်တော်များများသည် Linux အတွက် package များ အခမဲ့ဖြန်ချိခြင်း ထုတ်လု့ပ်ရောင်းချခြင်းများကိုပြုလုပ်နေကြပြီဖြစ်သည်။ ubuntu ဇ။် မူလသဘောတရားအရ window နှင့် platform မတူသဖြင့် window မှ exe file များ မ run နိုင်သဖြင့် window မှ virus များဖျက်စီးနိုင်မည်မဟုတ်ပေ။ ထိုအပြင် window မှာကဲ့သို့  C: .D: ဟိုခေါ်ဝေါ်အသုံးပြုသည်မဟုတ်ပဲ / , /dev0 /dev1 ဟိုခေါ်ဝေါ်အသုံးပြုခြင်းကြောင်း virus coding များသည် execute လုပ်နိုင်မည်မဟုတ်ပေ ထိုအပြင် window မှာကဲ့သို့  registry editor မရှိပေ သို့ သော် Linux အတွက်သီးသန့် ရေးထားသော virus များကိုမူ run ကောင်း run နိုင်သည်
သို့ သော် window မှာရှိသော virus နှင့် Linux မှာရှိသော virus အကောင်အေ၇အတွက်မှာ ထောင်နဲ့ ချီ၍ကွာခြားပါသည် ထို ကြောင့် Linux သည် window ထက်စိတ်ချရသောအခြေအနေကိုဖြစ်ပေါ်လာပါသည်။ သို့ သော် Linux OS တော်တော်များများ ဇ။် အားနည်းချက်မှာ internet connection လိုအပ်ခြင်းဖြစ်သည်။ offline installation များရှိသော်လည်း window မှာကဲ့သို့  အရမ်းအဆင်မပြေလှပေ။ . deb နဲ့ စသော package များမှာမူ လွယ်ကူစွာ install လုပ်နိုင်သောလည်း အချို့ သော package များမှာ newbie များသွင်းနိုင်ရန်အတွက် အခက်အခဲများရှိနိုင်ပါသည်။ သို့ သော် Linux OS ကိုအမှန်တကယ်စိတ်ဝင်စားသောသူ အခက်အခဲများစိန်ခေါ်မူကိုအရှုံးမပေးသူတို့ အတွက်မူ Linux ကို ကျွမ်းကျင်စွာသုံးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
ဓာတ်ပုံတွေကို အွန်လိုင်းမှာပဲ တည်းဖြတ်ဖို့ ကောင်းနိုးရာရာ ဆိုဒ်များ စုစည်းမှု
ဓာတ်ပုံတွေကို အွန်လိုင်းမှာပဲ တည်းဖြတ်ဖို့ ကောင်းနိုးရာရာ ဆိုဒ်များ စုစည်းမှု
အဲ့ဒါဆို Photo Shop ကို ခဏမေ့ပြီး အွန်လိုင်းမှာပဲ Photo Shop လောက်နီးပါး tools တွေ အသုံးပြုလို့ရတဲ့ ဆိုဒ်လေး တစ်ခုကို အရင် မိတ်ဆက်ပေးပါ့မယ်... ။ အဲ့ဒါကတော့ ...
Pixlr (Photo Editor Online)
ဆိုဒ်လေးပါပဲ.. ။ ဖွင့်ကြည့်လိုက်တာနဲ့ .. Photo Shop လောက်နီးပါး ကို အသုံးပြုလို့ ရတယ် ဆိုတာတွေရ့တတ်ပါလိမ့်မယ် ။ ဓာတ်ပုံသမားတွေ အတွက်တော့ ... အထူးစပယ်ရှယ် Website လေး တစ်ခု ဖြစ်ပါလိမ့်မယ် ... ။
Dumpr (Photo Fun)
ဆိုတဲ့ ဆိုဒ်လေး ဖြစ်ပါတယ် ။ အဲ့ဆိုဒ်လေးကတော့ ... အရင်တုန်းက တင်ခဲ့တဲ့  Pizap လိုမျိုးရုပ်ပြောင်လေးတွေလုပ်လို့ ရတဲ့ ဆိုဒ်လေးပါ ။ ဒါပေမဲ့သူကတော့ သူ့ effect တွေ အတိုင်း တစ်ခါတည်း ဓာတ်ပုံကို ပြောင်းပေးတာပါ.. ။ အဲ့ဆိုဒ်လေးလည်း ကောင်းပါတယ် ။
Picascii (Picture To Ascii)
ဓာတ်ပုံနဲ့ ပတ်သတ်ပြီးး လူတိုင်း နီးပါးလိုလိုအကြိုက်တွေ့ နေတဲ့ ဆိုဒ်လေးကတော့...
Effects (Photofunia)
ပါ ... ။ အဲ့ဆိုဒ်လေးကတော့ လက်ရှိ လူတော်တော်များများ သိပြီး တော်တော်များများလည်းအသုံးပြုနေကြပါတယ် ။ သူ ပေးထားတဲ့ template effect တွေအတိုင်း မိမိ ဓာတ်ပုံ ကို အော်တို ထည့်ပေးသွားတာပါ ။ အရမ်း မိုက်ပါတယ် ။ (ဒေါ်လာတောင် ကိုယ့်ပုံနဲ့ ဖြစ်ချင်ဖြစ်သွားပြီး ၊ ပဲရစ်ဟီတန်တောင် ကိုယ့်ဓာတ်ပုံကို ကြော်ငြာ ပေးနေရသေးတာ ...)
Image Chef (Customize Photp , Clip Art)
imagechef ဆိုဒ်လေးကတော့ gtalk avatar တင်မဲ့ သူတွေ အကြိုက်တွေ့ စေမှာပါ .. ။ သူပေးထားတဲ့ template တွေထဲမှာ မိမိရေးချင်တဲ့ စာသားလေး ကို ရေးပေးလိုက်ရတာပါ ။ ဖွင့်ကြည့်လိုက်ရင် သိပါလိမ့်မယ် ... ။
ဒီဆိုဒ်ငါးခုကတော့ ကျွန်တော် လက်ရှိ အသုံးအများဆုံး ဆိုဒ်ငါးခုပါ .. ။ တစ်ခြား ကျွန်တော် မသိသေးတဲ့ အွန်လိုင်း ဓာတ်ပုံ ဆိုဒ် ကောင်းကောင်းလေးတွေကို လည်း ဆက်လက် မျှဝေပေးကြပါဦးလို့ .. ဖိတ်ခေါ်ရင်းးးး ....
အားလုံးးး အဆင်ပြေကြပါစေဗျာ .... ။
Google ရဲ့ API သစ်
Google ရဲ့ API သစ်
ဂူဂဲလ်သည် ၎င်း၏ URL shortenr goo.gl ကို နောက်တဆင့် တိုးချဲ့မှုအနေဖြင့် goo.gl API ကို လွင့်တင်ခြင်းဖြင့် third-party apps ထဲသို့ ပေါင်းစပ်လိုက်သည်။
ဂူဂဲလ်၏ URL အတိုကောက်သည် developer များအား goo.gl ကို အသုံးပြုခြင်းဖြင့် URLs များကို တိုစေခြင်း သို့မဟုတ် ဆန့်ခြင်းနှင့် ထို URL ၏ history နှင့် analytics များကို ရယူပေးနိုင်စွမ်းကို ပေးသည်။
"သင်ဟာ ဒီ application ရဲ့ ကျယ်ပြန့်တဲ့ ထွေပြားမှု features များကို သုံးနိုင်လိမ့်မယ်။ အဲဒါတွေက တွီတာနဲ့ Google Buzz တွေအတွက် အလိုအလျောက် အတိုကောက်များကို ပြုလုပ်နိုင်စွမ်းရှိပြီး သင့်ရဲ့ အတိုကောက်လင့်တွေရဲ့ statisitics များနှင့် traffic patterns များကိုလည်း ကြည့်ရှုနိုင်မယ်" ဟု API ကြေငြာမှု blog post တွင် ဂူဂဲလ်၏ Ben D'Angelo က ပြောသည်။
Gtalk မှာ Conference ပြော နည်း။
ဒီလုပ်နည်းလေးကတော့ gtalk မှာ သူငယ်ချင်းတွေ စုပြီး conf...(အုပ်စုဖွဲ့ ပြောနည်း)လုပ်ပြီး ပြောချင် သူတွေအတွက် ပါ.. ကိုယ့် Gtalk မှာ service@gtalk2voip.com ကို add
လိုက်တယ်.....မိမိနဲပြောချင်တဲ့သူတွေ ကလည်း အဲဒီ gtalk address ကို add
ထားဖိုလိုပါတယ်.......အရင်ဆုံးစပြောချင်တဲ့သူက တော့ master ပေါ့....master
လုပ်မဲ့သူက ပထမဆုံး စောစောက gtalk nick ကိုခေါ်ပြီး text ရေးရမဲ့နေရာမှာ
CONF လို့ ရိုက်လိုက်ပါ.... call back ပြန်လာပါလိမ့်မယ်... yes
ပေးလိုက်ပါ... accept ပေးပြီးတာနဲ Conference cookie ပေးပါလိမ့်မယ်....အဲဒီ
cookie ကို မိမိနဲ့ Conference လုပ်ချင်တဲ့သူ တွေဆီကို copy
လုပ်ပြီးပေးလိုက်ပါ.... အဲဒီ cookie ကို တစ်ဖက်လူ ကလည်းသူ့မှာစောစောက add
ထားတဲ့ service@gtalk2voip.com ရဲ့ text box မှာ paste ပေးလိုက်တာနဲ့
Conference လုပ်လို့ရပါပြီ...  PS;; ::
MZ မှ ပြန်လည်ဖော်ပြသည်။  အပေါ်က
ရေးထားတာက စာတွေကြီးပဲ ဖြစ်နေတော့ အဆင်မပြေမှာ ဆိုးလို့ လိုက်ရှာလိုက်တာ
တွေပြီတွေပြီ..အောက်မှာ ပုံနှင့် တကွ ရှင်းပြထား.ပါတယ်..
လုပ်နည်းတွေက အများကြီးပဲ ..အလွယ်ဆုံးနည်းကို ပြောပြမယ် ….
service@gtalk2voip.com ကို ကိုယ့် Gtalk ထဲကို Add လိုက်ပါ …. ကိုယ်နဲ့
ပြောချင်တဲ့ သူတွေလဲ service@gtalk2voip.com ကို အကုန်လိုက် Add ပါ …
ပြီးရင် …Master လုပ်မည့် သူရဲ့ အလုပ်ကို အရင်ပြောမယ် … Master လုပ်မည့်သူက
… service@gtalk2voip.com ကို ချက်ဘောက်ထုတ်ပြီး .. conf လို ရိုက်
..ပြီးရင် Enter ခေါက် .. ။ ဒီလိုလေး
ပီးရင် Service ကနေ Master လုပ်တဲ့ သူဆီကို Misscall ၀င်လာမယ် … Answer လိုက်ပါ … ။
ပြီးရင်. ..Service ကနေ cookies code ပေးလာလိမ့်မယ် …..
အဲဒီ Code ကို ကိုယ်နဲ့ တူတူပြောချင်တဲ့ သူတွေကို ပေးရလိမ့်မယ် ….. ပေးတဲ့ နေရာမှာ ထပ်ဖြည့်ပေးစရာရှိတယ် ..ဘာလဲဆိုတော့ … code ရဲ့ ရှေ့မှာ …. join/
ဆိုတာလေး ထည့်ပေးရမယ် …. ။ အပေါ်က ပုံထဲက code ကို ဥပမာပြမယ် …ဒီလိုလေး …
join/ FPDMJCD0IC19YAD2 အထူးသတိပြုရမှာက join/ ပြီးရင် Spacebar တစ်ချက်ကို
ခြားပေးရမယ် … မခြားလို့ မရဘူးနော် …. ခြားပြီးမှာ code ကို ဆက်ရေး …..
အဲဒါကို တစ်ဖက် ကိုယ်နဲ့ ပြောမည့်သူကိုပေးလိုက် …. တစ်ဖက်လူက ဘာလုပ်ရမလဲဆို
….( အရမ်းပင်ပန်းတယ် … လျှာထုတ်ပြလိုက်မယ် လျှာထုတ်ပြလိုက်မယ်
လျှာထုတ်ပြလိုက်မယ်) Master လုပ်တဲ့ သူက ပေးတဲ့ code လေးကို
service@gtalk2voip.com ချက်ဘောက်မှာ ထည့်ပြီး ( copy , paste ) ပေးပြီး
Enter ခေါက်လိုက် ….
Gtalk မှ Conference Chatting စတင် နေ ပါ ပြီ။
ကျနော် ဒီည မအိပ် ဖြစ် တာ နှင့် Application တစ်ခု ဆောက် ဖြစ် ခဲ့ တယ်။ Yahoo Messenger မှာ ရှိပေမဲ့ Gtalk မှာ မရှိသေး တာ ကြောင့် သူငယ်ချင်း တွေကို မသိပေး ရင်း နှင့် မိတ်ဆက် ချင် ပါ တယ်။
ဘာတွေ နှင့် အ သုံးပြုလို့ ရ လဲတို တော.
What are the commands I can use?
  • /leave - leave the room
  • /list [filter] - show members of room, optionally filtered to only matching members
  • /help - shows this
  • /alias name - rename yourself to 'name'
  • /score target - see the score of 'target' in plusplusbot
  • /reasons target - see why target's score was changed
  • /me - describe what you're doing in the third person
  • /share http://example.com/ [annotation] - shares a URL with the room
  • /inviteonly - Set the room to invite-only
  • /togglelogging - Enable or disable logging for a room.
  • /invite email1@foo.com, email2@bar.com ... - Invite a list of email addresses to this room
  • /kick - Remove a user or invitation from this room
  • /status - show what room you're in
  • /summon - summons a person in the room by sending them an email.
  • /undo - undo the pluspluses and minusminuses from your last message
  • /graph-score ... - prints a link to a graph of the changes to up to three targets' scores.
  • /snooze (20s|45m|1h|2d) - snooze for a specified amount of time in seconds, minutes, hours, or days.
  • /bug - returns a link to a pre-populated form to file a bug.
  • search and replace handler - use s/foo/bar to replace foo with bar
  • plusplusbot: handles ++'s and --'s
တကယ်လို့ များ အခက်အခဲ ကြုံ ခဲ့ ရင် /help လို. ရိုက် ထည့်ရင် တွေ့ရ မှာ ပါ။ သုံး/လိုချင် သူများ အတွက် မြန်မာ လှူုငယ် အသင်း ကို mm_fan_club@partychapp.appspotchat.com နှင့် ITZomi (Zokam tawh gelh nang)  itzomi@partychapp.appspotchat.com ကိုကိုယ့် Gtalk Chat မှာ Invite  လုပ်ပေး ရင် ရ ပါ ပြီ။
သင်သိသင့်သော အင်တာနက်မှ ဆောင်ရန် ရှောင်ရန်
သင်သိသင့်သော အင်တာနက်မှ ဆောင်ရန် ရှောင်ရန်
ပထမဆုံး email အသုံးပြုသူများ အတွက် အကောင့်အား လုံခြုံမှု့ရှိစွာ အသုံးချနေဖို့ ရှင်းပြပေးပါ့မယ်ခင်ဗျာ ။
အများဆုံ အသုံးပြုနေကြတဲ့ Google ရဲ့ Gmail က မြန်မာတွေ လက်စွဲပါ ..
ကမ္ဘာသုံး email ပေါင်းများစွာရှိပါတယ် ထိုအထဲမှာ အများဆုံးထင်ရှားတာကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်
  GMAIL 
2010 ခုနှစ် November လအတွင်း ကမ္ဘာတစ်ဝန်း Gmail အသုံးပြုသူ သန်းပေါင်း 176 သန်းကျော် ရှိခဲ့ပါတယ်
ဝန်ဆောင်မှု့ နဲ့ တွဲဘက် လုပ်ဆောင်ချက်များ ကောင်းမွန်းလာသောကြောင့် ယနေ့ ကမ္ဘာ့လူသုံး အများဆုံး email တစ်ခု ဖြစ်နေဆဲဖြစ်ပါတယ် ။
Gmail ရဲ့ ၀န်ဆောင်မှု့တွေထဲမှာ 2010 April လက (ကျွန်တော်ရေးတင်ခဲ့ပြီးသား)စတင်တဲ့ Verify with personal Data Action အားထည့်သွင်းခဲ့ပြီး Gmail သက်တမ်းတစ်လျှောက်မှာ တော့ ကျွန်တော်တို့ အနှစ်သက်ဆုံး အချက်လို့ ပြောနိုင်ပါတဲ့ Recovery Option ကြောင့် လုံခြုံမှု့ ရှိလာတဲ့ ထိပ်တန်း email အမည်တစ်ခု ဖြစ်လာပါတယ်  ။
သိရှိပြီးသား သူများရှိသော်လည်း မသိရှိသေးသော သူများ အတွက်တော့ ဒီဘလော့က အကျိုးရှိမယ်ထင်ပါတယ် ။ အဆင့်ဆင့်ရှင်းလင်းအောင် ကြိုးစား ရေးသားပေးပါတယ် ။
မိမိ ပိုင်ဆိုင်တဲ့ email အကောင့်အတွက် သူတစ်ပါး အလွဲသုံးစားယူသုံးမယ် ၊ Phasing နည်းပညာ (Hacking) အသုံးပြီး မိမိပိုင်အကောင့်အား ခိုးယူသုံးစွဲမယ်ဆိုပါက ပြန်လည်ရယူသော နည်းဖြစ်ပါတယ် ။ ပြုလုပ်ပုံမှာအောက်ပါ အတိုင်းဖြစ်သည် ။
  1. မိမိ gmail ကို ဖွင့်ပါ ၊ Setting ကို ကလစ်ပါ ၊ ထိုမှတစ်ဆင့် Setting စာမျက်နှာရှိ Account and Import နေရာကို ရှာကလစ်ပါ ပြီးက Google Account Setting ကို ကလစ်ရန်လိုပါတယ်  အောက်ပါ ပုံကို ကြည့်ပါ ။
အထက်ပါအတိုင်း တစ်ဆင့်ဆီကလစ်သွားပါ
2. Google Account Setting အား ကလစ်ပီးပါက နောက်စာမျက်နှာတစ်ခု ပွင့်လာမည်ဖြစ်ပြီး သင့်ကိုယ်ပိုင် Profile                                      အား တွေ့ပါလိမ့်မည် ထို စာမျက်နှာတွင် Password Recovery Option အားကလစ်နိုင်ပါတယ် အောက်ပါပုံကိုကြည့်ပါ 
အထက်ပါနေရာ ကလစ်ပြီးပါက အောက်ပါ အဆင့်ကို လုပ်ပါ ။
3. ထိုနေရာကို ကလစ်ပြီးပါက ရောက်ရှိမည့် စာမျက်နှာတွင် Secondary Email လိပ်စာ နှင့် ဖုန်းနံပတ်အား သေချာစွာ                                      မှတ်သားပြီး ဖြည့်စွက်ထားရန်လိုအပ်ပါတယ် ထိုသို့ဖြည့်စွက်ထားရမည့် နေရာများကို အောက်ပါ ပုံအမှတ် ၃ အား                                            ကြည့်၍ သေချာရန်လုပ်ထားဖို့လိုအပ်ပါတယ် ။
ထို ပုံအရ Your Recovery Email Address နေရာမှာ သင်စိတ်ချ ရတဲ့ ကိုယ်ပိုင် အကောင့် 1 ခုအား ထပ်မံဖြည့်စွက်ရမည် ။
မြန်မာနိုင်ငံအတွက် ဖုန်းဖြင့်ဝန်ဆောင်မှု့ပေးသော Recovery လုပ်ဆောင်ချက်မရှိသော်လည်း နိုင်ငံတစ်ကာရှိ Mobile Phone ရှိသောသူများအတွက်မူ ဖုန်းနံပတ်နေရာတွင် တိုင်းပြည်ကုတ်နှင့် မှန်အောင်ဖြည့်စွက်နိုင်ပါက အလုံခြုံဆုံးဖြစ်ပါတယ်ခင်ဗျာ။
ထို အဆင့် များလုပ်ဆောင်ပြီးပါက Save လုပ်ရန်လိုပါတယ်
ပြီးပါက သင့် email အတွက် တစ်ယောက်ယောက် ခိုးယူသုံးစွဲခြင်း ၊ မသမာသောနည်းဖြင့် အကောင့်အား သုံးစွဲနေခြင်းရှိလာပါက
အချိန်မရွေး ပြန်လည်ရယူ နိုင်မည် ဖြစ်ပါတယ် ။ သင်နေထိုင်သော နေရာဒေသ မဟုတ်ပဲ တစ်ခြားနေရာတွင် အကောင့်အား
Password ပြောင်းလိုက်မည်ဆိုပါ က သင်အသုံးပြုသည်နှင့်တစ်ပြိုင်နက် သင့်ထံ အသိပေး မည်ဖြစ်ပါတယ် ။
သင့် ဒုတိယ email နှင့် ဖုန်း SMS သို့ ထဲသို့ Verify Number များ ပို့သောအခါ သင်မှတ်သားထားရန်လိုအပ်ပါတယ်
နမူနာ Verify နံပတ်များကို အောက်ပါ အတိုင်း သင့်ဒုတိယ ပေးထားသော email အကောင့်ထဲသို့Gmail Team လိပ်စာဖြင့်
စာ ရောက်လာပါလိမ့်မည် ။
Congratulations on creating your brand new Gmail address, XXXXXXXX@gmail.com.
Please keep this email for your records, as it contains an
important verification code that you may need should you ever
encounter problems or forget your password.
You can login to your account at http://mail.google.com/
Enjoy!
The Gmail Team
Verification code: 883511fe-d9fcc90a-5322285bed
If you didn't create this Gmail address and don't recognize this email,
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အထက်ပါ Verification Code နံပတ်မှာ သင် သေချာ မှတ်ထားရမည့် နံပတ်ဖြစ်ပြီး အကောင့်အား Verify လုပ်ရမည့်အချိန်တွင် သင်အသုံးပြုရမည့် နံပတ်ဖြစ်ကြောင်း ။