Android နှင့် iOS ရှိ ဂျီမေးလ်မှ ကြိုးမဲ့ပရင့်ထုတ်နိုင်တော့မည်

ဂျီမေးလ်အသုံးပြုသူများအတွက် ၎င်းတို့၏ iOS နှင့် Android devices မှ Google Cloud Print ကို အသုံးပြုခြင်းဖြင့် document များကို ပရင့်ထုတ်ရန် မကြာမီအချိန်အတွင်း ရရှိနိုင်ပေလိမ့်မည်။



Apple ၏ AirPrint နှင့် HP ၏ ePrint printer များနှင့် ဆင်တူပြီး Cloud Print သည် driver များ ထည့်သွင်းခြင်း သို့မဟုတ် printer တခုကို တည်ဆောက်ပြင်ဆင်ခြင်းအတွက် ပူပင်စရာမလိုဘဲ devices များ သို့ဟုတ် တည်ရှိရာ နေရာမျိုးစုံမှ အသုံးပြုသူများအား ပရင့် လုပ်နိုင်ရန် ပုံစံဆွဲထားခြင်း ဖြစ်သည်။

Google Chrome သည် Cloud Print ကို ဒီဇင်ဘာ၊ ၂၀၁၀ ခုနှစ်တွင် support လုပ်ထားခဲ့သည်။ ယခုတွင် Cloud Print သည် ကနဦးအတွက် Windows များတွင်သာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ သို့သော်လည်း Mac နှင့် Linux အတွက် မကြာမီ ရရှိမည်ဟု ဂူဂဲလ်က ပြောသည်။



Google Cloud Print သို့ printer တခု ဆက်သွယ်ပြီးသောအခါ အသုံးပြုသူ user များသည် iOS သို့မဟုတ် Android မှ gmail.com ၀င်ရောက်ပြီး အဆိုပါ deivice များမှ attachment များ သို့မဟုတ် message များကို တိုက်ရိုက်ပရင့်ရန် လုပ်ပေးနိုင်လိမ့်မည်။ Document အမျိုးအစားများသည် *.PDF နှင့် *.DOC files များကို support သည်။

Google Cloud Print ၏ သေသပ်သော အကြောင်းတခုမှာ သင်သည် တခြားသော နေရာတခု သို့မဟုတ် local network သို့ တိုက်ရိုက်ဆက်သွယ်ထားခြင်း မရှိလျှင်ပင် သင်သည် documents များကို printer တခုသို့ ပို့နိုင်သည်။ ဆိုလိုမှုမှာ သင်သည် ဖိုင်အချို့ကို သင်၏ home printer တွင် print လုပ်လိုသည်။ သို့သော် သင်သည် ရုံးတွင် သို့မဟုတ် ကားထဲတွင် ရှိနေရာ သင့်ဖုန်းမှ ပရင့်လုပ်မှုကို လွှဲပြောင်းနိုင်သည်။
Previous
Next Post »
0 Komentar