ဒုတိယ အကြိမ်မြောက် ရန်ကုန် Barcamp

2011 ခုနှစ် အတွင်း ကျင်းပမည့် ဒုတိယ အကြိမ်မြောက် ရန်ကုန် Barcamp ကို February 19 မှ 20 ထိ Myanmar Info-Tech အဆောက်အဦး တွင် နံနက် ၉ နာရီ မှ ညနေ ၆ နာရီ အထိ ကျင်းပ သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Barcamp ဆိုသည် မှာ IT နယ်ပယ် မှ ကျွမ်းကျင် ပညာရှင်များ ၊ လေ့လာလိုက်စား လျှက်ရှိသူများ နှင့် စတင် လေ့လာ လိုက်စားရန် စိတ်အား ထက်သန်သူများ အပြန်အလှန် လွတ်လပ်စွာ ဆွေးနွေး နိုင်သော Meeting လေးတစ်ခု ပဲဖြစ်ပါတယ်။

Barcamp အတွင်း IT နှင့် ပတ်သက်၍ မိမိ ကြိုက်နှစ်သက်ရာ (သို့မဟုတ်) စိတ်ဝင်စားရာ အကြောင်းအရာများ ကို လွတ်လွတ် လပ်လပ် ၀င်ရောက် ဆွေးနွေးသွား နိုင်မှာ ဖြစ်ပါတယ်။

ပထမ အကြိမ် ရန်ကုန် Barcamp ကိုလည်း 2010 ခုနှစ် January လ အတွင်း ကျင်းပခဲ့ပြီး ကမ္ဘာပေါ်တွင် တက်ရောက်မှု အများဆုံး Barcamp တစ်ခု အဖြစ် မှတ်တမ်း တင်ခြင်းခံ ခဲ့ရပါတယ်။

Barcamp အား နိုင်ငံတစ်ဝန်း မှ စေတနာ့ ၀န်ထမ်းများ နှင့် MCPA တို့မှ ပူးပေါင်းကာ Organizer Team ဖွဲ့စည်းပြီး ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ ယခုနှစ် တွင်လည်း ထိုအတူ MCPA နှင့် IT ကို စိတ်ပါဝင်စား သူ မည်သူမဆို ပူးပေါင်းပါဝင်ကာ Barcamp အား အထောက်အပံ့ပေး နိုင်ကြောင်းနှင့် Sponsor ကြေးအဖြစ် Main Sponsor အား ၂၅ သိန်း ၊ Gold Sponsor အား ၁၀ သိန်း နှင့် Silver Sponsor အား ၆ သိန်း အသီးသီးဖြင့် Sponsor ပေးသွား နိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ စိတ်ပါဝင်စားသော လုပ်ငန်းရှင် များ အနေဖြင့် မထိုက်ထိုက်အောင် (Ph-392867 Ext 203) သို့ ဆက်သွယ် နိုင်ကြောင်း လည်း သိရပါတယ်။

Barcamp Yangon 2011 တက်ရောက်သူများ အတွက်လည်း Wireless Internet ရရှိအောင် စီစဉ်ထားကြောင်း နှင့် စိတ်ဝင်စားစရာ လက်ဆောင်ပစ္စည်းများ ကိုလည်း ရရှိနိုင်အောင် ဆောင်ရွက် ထားကြောင်း သိရပါတယ်။

တက်ရောက်လိုသူများ အနေဖြင့်လည်း www.barcampyangon.org တွင် Register လုပ်ထားနိုင်ပြီး မိမိ E-mail အား subscribe လုပ်ထား ပါကလည်း mail ထဲ သို့ နောက်ဆုံး သတင်းများ ကို ပေးပို့ သွားမှာ ဖြစ်ကြောင်း တင်ပြ လိုက်ရပါတယ်။

http://www.myanmarict.com/news/barcamp-yangon-2011-date-confirmed/
Previous
Next Post »
0 Komentar