Reset Winsock နှင့် အင်တာနက်ပြဿနာ

Ping လုပ်တာရပြီး အင်တာနက်ကိုသင်လို့မရတဲ့သူတွေအတွက်...။

Ping ဆိုတာဘာလဲ?
Ping ဆိုတာကွန်မင်းတခုပဲဖြစ်ပါတယ်။
အင်တာနက်ကွန်ယက်တခုလုံးကို (သို့) website တခုခုကို မိမိစက်ကနေပြီး ဆက်သွယ်မှုရှိမရှိ စစ်ဆေးလို့ရတဲ့ DOS command ပါ။

ဘယ်လို Ping လုပ်မလဲ?
1. Start >> Run >> cmd >> Enter နှိပ်လိုက်ပါ။
2. ping google.com လို့ရိုက်ထည့်လိုက်ပါ။
ပုံမှာဖေါ်ပြထားတဲ့အတိုင်းတွေ့ရပါလိမ့်မယ်။



Time out လို့ပေါ်မယ်ဆိုရင်တော့ ၀က်ဆိုဒ်တခုခုချွတ်ယွင်းနေလို့ပဲဖြစ်ပါတယ်။

Ping လုပ်လို့ရပြီး အင်တာနက်သင်လို့မရဘူးဆိုရင်တော့ အင်တာနက်ကိုချိတ်ဆက်ပေးမဲ့ Winsock တခုခုချွတ်ယွင်းနေလို့ဖြစ်ပါလိမ့်မယ်။
အဲဒီအတွက် Reset Winsock  ကိုပြုလုပ်ရခြင်းပဲဖြစ်ပါတယ်။

1. Start >> Run >> cmd >> Enter နှိပ်လိုက်ပါ။
2. netsh winsock reset လို့ရိုက်ထည့်လိုက်ပါ။
ပုံထဲကအတိုင်းလေးပေါ်လာပါလိမ့်မယ်။

windows reset
ပြီးရင် Windows ကို restart ပြန်လုပ်လိုက်ပါ...အင်တာနက်ကိုအဆင်ပြေစွာအသုံးပြုနိုင်ပါလိမ့်မယ်။
Previous
Next Post »
0 Komentar