Captain Mang Tung Nung Tangthu


ပါလီမန်ခေတ် ချင်း(ဇိုမီး) နိုင်ငံရေးသမားကြီး ကပ္ပတိန်မန်တုံးနှုံး (Capt. Pu Mang Tung Nung)
ယနေ့ မြန်မာ့နိုင်ငံရေးအကူးအပြောင်းအတူ ပါတီနိုင်ငံရေး ရေစီးကြောင်း
အတွင်း တိုင်းရင်းသားအသီးသီးက နိုင်ငံရေးပါတီများထူထောင်ကာ
နိုင်ငံ့အရေး၊ လူမျိုးအရေးတို့အတွက်အင်တိုက်အားတိုက်ပါဝင်လာကြပြီ
ဖြစ်သည်။မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းကို ပြန်လှည့်ကြည့်ပါက နိုင်ငံ
အတွင်း မှီတင်းနေထိုင်ကြသည့်ချင်းလူမျိုးတို့၏ နိုင်ငံရေးလှုပ်ရှားမှုမှာ
လည်း သမိုင်းကြောင်း အထင်အရှားရှိခဲ့သည်ကို တွေ့ရပေသည်။ ယင်းသို့
ချင်းလူမျိုးတို့၏ နိုင်ငံရေးလှုပ်ရှားမှုသမိုင်းကို လေ့လာမည်ဆိုပါက
အထင်ကရရှိခဲ့သည့် Capt. Pu Mang Tung Nung  (မန်တုံးနှုံး)အကြောင်း
ကို ချန်ရစ်ထား၍ ရမည်မဟုတ်ပါ။


ကပ္ပတိန်မန်တုံးနှုံးသည် ပါလီမန်ခေတ်ကာလက ချင်းအမျိုးသားနေ့
ဖြစ်ပေါ်စေသော ဖလမ်းညီလာခံအား ဦးဆောင်ကျင်းပခဲ့သူ တဦးဖြစ်သည်။
ထိုခေတ်အခါက ပါလီမန်အစည်းအဝေးများတွင် အနောက်တိုင်းဝတ်စုံကို
ဝတ်ဆင်လေ့ရှိသော တဦးတည်းသောပုဂ္ဂိုလ်အဖြစ်လည်း လူသိ
များသူဖြစ်သည်။
မန်တုံးနှုံးကို ၁၉၀၁ ခုနှစ်တွင် တီးတိန်မြို့နယ် Muizawl ရွာဇာတိဖြစ်ပြီး
၁၉၀၉ ခုနှစ်တွင် တီးတိန်မြို့မှ မူလတန်းအောင်မြင်ခဲ့သည်။ ထိုခေတ်
ထိုကာလက ပထမဆုံး ပညာသင်ယူသူများထဲတွင် တဦးအပါအ၀င်
ဖြစ်သည်။ ၁၉၂၁ ခုနှစ် နိုဝင်ဘာလ (၃၀) တွင် Burma Rifles
တပ်သို့ ၀င်ခဲ့သည်။
၁၉၂၁ တွင် Jemadar အဆင့်ဖြင့်လည်းကောင်း ၁၉၃၆ တွင် Subedar
ရာထူးဖြင့်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၃၇ တွင် အမှတ် (၄)
Burma Rifles ၌ Subedar Major အဖြစ် ရာထူးတိုးမြှင့်ခြင်းခံရသည်။
ထို့ပြင် ၁၉၄၀ တွင် Honorary Lieutenant ရာထူး၊ ၁၉၄၃ တွင် Second
Lieutanant ရာထူးနှင့် ၁၉၄၄ ခုနှစ်တွင် ကပ္ပတိန်ရာထူးတို့သို့ အဆင့်ဆင့်
တိုးမြင့် ရရှိခဲ့သူဖြစ်သည်။ ၁၉၄၅ ခုနှစ်တွင် မေဂျာရာထူးအား ရရှိခဲ့
သည်။ မေဂျာရာထူးအဆင့်အထိ ရောက်ရှိခဲ့သော်လည်း ထိုခေတ်ထိုအခါ
လူအများစု ပါးစပ်တွင် Captain ဟူသော စကားလုံးနှင့်အခေါ်အဝေါ်မှာ
နှုတ်ကျိုးနေသဖြင့် ကပ္ပတိန်မန်တုံးနှုံးဟုသာ အမည်တွင်ခဲ့သည်။ ၁၉၄၆
ခုနှစ် ပင်စင်ယူခဲ့သည်အထိ စစ်တပ်အတွင်း ၂၅ နှစ်ကြာ တာဝန်
ထမ်းဆောင်ခဲ့သည်။
၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြုလွှတ်တော်အတွက် ချင်းဝိသေသတိုင်းမှ
လွှတ်တော်အမတ် (၆) နေရာရရှိခဲ့ရာ တီးတိန်နယ်မှ ရွေးချယ်ခြင်း
ခံခဲ့ရသည်။ ၁၉၄၈ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ လွတ်လပ်ရေး
ရရှိခဲ့ပြီး ကပ္ပတိန်မန်တုံးနှုံးသည် Ministry of Chin Affairs ၏
အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင်
ကပ္ပတိန်မန်တုံးနှုံးသည် ထိုင်းနိုင်ငံသို့ Goodwill Mission အဖြစ်လည်း
သွားရောက်ခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် "မဟာသရေစည်သူ"ဘွဲ့ ချီးမြှင့်ခြင်း
ခံခဲ့ရသည်။
Previous
Next Post »
0 Komentar