ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းတင်သွင်းရန် လိုအပ်သည့် လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းကျော်၏ ထောက်ခံမှုရရှိ

===================
ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရန် ဥပဒေမူကြမ်း ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ကာ ပြည်ထောင်စုလွှတ်တော်ကိုယ် စားလှယ် ၂၀ ရာခိုင်နှုန်းကျော်က ဇွန်လ ၉ ရက်တွင် လာရောက်တင်ပြကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက် နှာမှတစ်ဆင့် သတင်းထုတ်ပြန် သည်။
ဇွန်လ ၉ ရက် ညနေက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ‘‘ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ကာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းကျော်က ယနေ့မိမိထံတင်ပြကြသည်’’ဟု ရေးသားထားခြင်း ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်လိုပါက ပြင်ဆင်ရေး ဥပဒေမူကြမ်းကို လွှတ်တော်သို့တင် သွင်းရမည်ဖြစ်ကာ ယင်းဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းက တင်ပြလာလျှင် ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမည်ဟု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းဆိုင်ရာ အခန်း ၁၂ ၏ ဖော်ပြချက် အရ သိရသည်။
ယခုရက်သတ္တပတ်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးဆိုင်ရာ ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရန် ရှိနေသည်။
ယခုနာယကထံ တင်သွင်း သော ဥပဒေမူကြမ်းအပေါ် လွှတ် တော်ကိုယ်စားလှယ် ၂၀ ရာခိုင် နှုန်း၏ ထောက်ခံမှုတွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်အပါအ ၀င် လွှတ်တော်တွင်းရှိ နိုင်ငံရေးပါ တီများမှ လွှတ်တော်ကိုယ်စား လှယ်များ၏ ထောက်ခံမှုများ လည်း ပါဝင်နေကြောင်း ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဦးတင်မောင်ဦးက ပြော သည်။
လက်ရှိ လွှတ်တော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် ၄၀ ရာခိုင်နှုန်းကျော်ရှိသောကြောင့် ပြင်ဆင်ရေးဥပဒေမူကြမ်းကို တစ်ပါ တီတည်းက တင်သွင်းနိုင်သည်။
သို့သော် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတစ် ပါတီတည်းမှ တင်သွင်းမည် မဟုတ်ဘဲ လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီများ၏ ထောက်ခံ မှုများနှင့် ပူးပေါင်းတင်သွင်းမည် ဟု ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်နိုင်ရေး အကောင်အထည် ဖော်မှု ကော်မတီအဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက ပြောသည်။
လွှတ်တော်ကိုယ်စားလှယ် များ၏ ၂၀ ရာခိုင်နှုန်းထောက်ခံ မှုရရှိရန် ဆောင်ရွက်မှုတွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ် တော်ကိုယ်စားလှယ်များက လည်း ထောက်ခံလိုက်ကြောင်း ယင်းပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင် ကြည် ညွန့်က ပြောသည်။
လက်ရှိ ကျင်းပနေဆဲ (၁၂) ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးမူ  ကြမ်းကို တင်သွင်းမည်ဖြစ်ပြီး ယင်းဥပဒေမူကြမ်းတွင် ပုဒ်မ ၅၉(စ)နှင့် ပုဒ်မ ၄၃၆ တို့လည်း ပါဝင်နိုင်ကြောင်း မေလအတွင်းက လွှတ်တော်၌ ပြုလုပ်ခဲ့သည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးသိန်းဆွေက ပြောကြားထားသည်။
၂၀၁၅ အထွေထွေရွေး ကောက်ပွဲကို ယခုနှစ်အောက်တို ဘာအကုန် (သို့မဟုတ်) နိုဝင်ဘာလဆန်းပိုင်းတွင် ကျင်းပပေး မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာထားပြီး ရွေးကောက်ပွဲမကျင်းပမီ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်နိုင်ရေးကို ဒီမို ကရက်တစ်အင်အားစုများက တောင်းဆိုထားကြသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို လက်ရှိ ကျင်းပဆဲ (၁၂)ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယ က သူရဦးရွှေမန်းက ပြောကြား ထားသည်။
============
Src: 7Day News Journal
Previous
Next Post »
0 Komentar