ဇိုမီး တိုင်းရင်းသားနာမည် ရရှိရန် ZCD ကြိုးစားသွားမည်

Zomi: Poorest in Myanmar
အဆင်းရဲ အနိမ့်ကျဆုံး ဖြစ်နေတဲ့ ဒေသ တိုးတက်ရေး အတွက်
ပညာရေး နဲ့ ကျန်းမာရေး ကဏ္ဍ တွေ ကို မြှင့်တင် သွားနိုင် ဖို့ ရည်ရွယ် တယ်။
ဇိုမီး ဒီမိုကရေ စီ အဖွဲ့ ချုပ် ဟာ လာမယ့် ၂၀၁၅
ရွေးကောက်ပွဲ အတွင်း တွန်ဇံ နဲ့ တီးတိန် မြို့နယ် တွေ က မဲဆန္ဒနယ် ၉ ခု မှာ ဝင်ရောက် ယှဉ် ပြိုင် မှာ ဖြစ် ပြီး ကလေး မြို့နယ် နဲ့ တခြား ချင်း ပြည်နယ် ထဲ က နေရာ တချို့ မှာ လည်း ဝင်ပြိုင် နိုင်ဖို့ ကြိုးစား နေတယ် လို့ ပါတီ ရဲ့ အတွင်းရေးမှုး ပူးဇမ်ဇမုန် က ပြောပါတယ်။
မြန်မာ နိုင်ငံ မှာ ဇိုမီး ဆိုတဲ့ နာမည် နဲ့ သီးသန့် တိုင်းရင်းသား တစ်မျိုး အဖြစ် ရရှိ လာအောင် ပါတီ အနေနဲ့ လုပ်ဆောင် မှာ ဖြစ် သလို အဆင်းရဲ အနိမ့်ကျဆုံး ဖြစ်နေတဲ့ ဒေသ တိုးတက်ရေး အတွက် ပညာရေး နဲ့ ကျန်းမာရေး ကဏ္ဍ တွေ ကို မြှင့်တင် သွားနိုင် ဖို့ ရည်ရွယ် ထားတယ် ဆိုပြီး တော့လည်း ပူးဇမ်ဇမုန် က ဆိုပါတယ်။
ရွေးကောက်ပွဲ အတွက် မဲဆွယ် လှုပ်ရှား ဖို့ ၂ လ လောက်ပဲ အချိန် ရတဲ့ အပြင် ဒေသတွင်း လမ်းပန်း ဆက်သွယ်ရေး အလွန် ခက်လို့ ဝင်ရောက် ယှဉ် ပြိုင် မယ့် မြို့နယ် တွေ အနှံ့ သွားရောက် ဖို့ အခက် အခဲ မျိုး တွေ ရှိပြီး ဆက်သွယ်ရေး လည်း မကောင်း လှတဲ့ အတွက် မီဒီယာ နဲ့ ထိတွေ့ ဆက်ဆံ မှု လည်း အားနည်း ရတယ် လို့ ပူးဇမ်ဇမုန် က ပါတီ အနေနဲ့ ကြုံတွေ့ နေရ တဲ့ အခက်အခဲ ကို ရှင်းပြ ပါတယ်။
ချင်းပြည်နယ် ရဲ့ သင်္ကေတ တစ်ရပ် ဖြစ်တဲ့ အောက်ချင်းငှက် ရဲ့ ဦးခေါင်းကို ပါတီ အလံ အနေနဲ့ သတ်မှတ် ထားတဲ့ ဇိုမီး ဒီမိုကရေ စီ အဖွဲ့ ချုပ် မှာ ပါတီဝင် အင်အား တစ်သောင်းခွဲ ဝန်းကျင် ရှိ ပြီး UNA လို့ ခေါ်တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့ ရဲ့ အဖွဲ့ဝင် လည်း ဖြစ်ပါတယ်။
Previous
Next Post »
0 Komentar