NLD ကုိ အားကုိးလုိ႔ မျဖစ္ေၾကာင္း ဦးခြန္ထြန္းဦးေျပာ

NLD အစိုးရကို တုိင္းရင္းသားေတြ အားကိုးလို႔မရေတာ့ေၾကာင္းနဲ႔ တိုင္းရင္းသား မဟာမိတ္အဖဲြ႔ေတြနဲ႔ တိုင္းရင္းသား လႊတ္ေတာ္ကုိယ္စားလွယ္ေတြကိုသာ အားကိုးရမွာ ျဖစ္ေၾကာင္း ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖဲြ႔ခ်ဳပ္ ဥကၠဌ ဦးခြန္ထြန္းဦးက ေျပာပါတယ္။
ဒီကေန႔ ရန္ကုန္ၿမိဳ႕ ရွမ္းတုိင္းရင္းသားမ်ား ဒီမိုကေရစီအဖဲြ႔ခ်ဳပ္ SNLD ရံုးခ်ဳပ္မွာ က်င္းပတဲ့ ညီညြတ္ေသာ တိုင္းရင္းသား လူမ်ိဳးမ်ား မဟာမိတ္အဖဲြ႔ UNA အစည္းအေဝးမွာ ဦးခြန္ထြန္းဦးက တက္ေရာက္လာတဲ့ တုိင္းရင္းသားေခါင္းေဆာင္ေတြကို ရွင္းျပခဲ့တာျဖစ္ပါတယ္။
"အားကိုးတႀကီးနဲ႔ မဲထည့္လိုက္တယ္၊ ထည့္လိုက္တဲ့အခါက်ေတာ့ ရလာဒ္က ရခိုင္ကိစၥမွာ ေတာ္ေတာ္ေလးကို သိသိသာသာႀကီးျဖစ္သြားၿပီ၊ အဲ့ဒီေတာ့ ဆိုလိုျခင္းကေတာ့ ဘယ္နည္းနဲ႔မဆို NLD သည္ တိုင္းရင္းသား အေရးအတြက္ကေတာ့ သိပ္အားမကိုးရေတာ့ဘူး၊ တိုင္းရင္းသားေတြအားကိုးစရာဆိုလို႔ UNA ဒါမွမဟုတ္ NBF ရွိခဲ့ရင္လည္း NBF  ျဖစ္လာမွာေပါ့ဗ်ာ၊ ေနာက္ၿပီးေတာ့ က်ေနာ္တို႔ လႊတ္ေတာ္မွာတက္ေနတဲ့ တိုင္းရင္းသား လႊတ္ေတာ္ကိုယ္စားလွယ္ေတြေပါ့ေနာ္"
အဲ့ဒီအစည္းအေဝးမွာ အရင္က အဖဲြ႔ဝင္ ၈ ဖဲြ႔ရိွတဲ့ UNA ကို ေနာက္ထပ္အဖဲြ႔ ၄ ဖဲြ႔ကို လက္ခံလိုက္ၿပီး အခုဆိုရင္ အဖဲြ႔ဝင္ ၁၂ ဖဲြ႔ ရိွပါတယ္။ အသစ္ဝင္ေရာက္လာတဲ့ အဖဲြ႔ေတြကေတာ့ ခူမီး (ခမီ) အမ်ိဳးသားပါတီ၊ ဓႏုတုိင္းရင္းသား လူမ်ိဳးမ်ား ဒီမုိကေရစီ ပါတီ၊ ရခုိင္မ်ိဳးခ်စ္ပါတီ၊ ၿမိဳအမ်ိဳးသား ဒီမုိကေရစီပါတီေတြျဖစ္ပါတယ္။
လက္ရိွ အမ်ိဳးသားလႊတ္ေတာ္ ဒုတိယဥကၠဌ ဦးေအးသာေအာင္က ၂၁ရာစု ပင္လံုညီလာခံက်င္းပရင္ေတာင္ ဖက္ဒရယ္ျပည္ေထာင္စုျဖစ္ဖို႔ အလားအလာ နည္းေနေသးေၾကာင္းနဲ႕ စိတ္မေလ်ွာ့ၾကပဲ ႀကိဳးစားၾကဖို႔ လိုအပ္ေၾကာင္း ေျပာပါတယ္။
ညီညြတ္ေသာ တုိင္းရင္းသား လူမ်ိဳးမ်ား မဟာမိတ္အဖြဲ႔ (UNA) အစည္းအေဝးကုိ ရန္ကုန္ၿမိဳ႕ ၉ မုိင္က ရွမ္းတုိင္းရင္းသား ဒီမုိကေရစီအဖြဲ႔ခ်ဳပ္ (SNLD) ရုံးမွာ က်င္းပခဲ့ပါတယ္။ အဲ့ဒီအစည္းေဝးမွာ UNA အဖြဲ႔ဝင္အျဖစ္ ပါဝင္ခြင့္ရဖုိ႔ တင္ျပထားတဲ့ တုိင္းရင္းသား ႏုိင္ငံေရးပါတီေတြကုိ လက္ခံသင့္၊ မသင့္ ကိစၥနဲ႔ UNA အဖြဲ႔ရဲ႕ ေရွ႕လုပ္ငန္းစဥ္ေတြကုိ ေဆြးေႏြးခဲ့ၾကပါတယ္။
RFA သတင္းေထာက္ ကုိေက်ာ္ထြန္းႏုိင္က တင္ျပထားပါတယ္။

Unicode
NLD အစိုးရကို တိုင်းရင်းသားတွေ အားကိုးလို့မရတော့ကြောင်းနဲ့ တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေနဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေကိုသာ အားကိုးရမှာ ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးက ပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ရုံးချုပ်မှာ ကျင်းပတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA အစည်းအဝေးမှာ ဦးခွန်ထွန်းဦးက တက်ရောက်လာတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို ရှင်းပြခဲ့တာဖြစ်ပါတယ်။
"အားကိုးတကြီးနဲ့ မဲထည့်လိုက်တယ်၊ ထည့်လိုက်တဲ့အခါကျတော့ ရလာဒ်က ရခိုင်ကိစ္စမှာ တော်တော်လေးကို သိသိသာသာကြီးဖြစ်သွားပြီ၊ အဲ့ဒီတော့ ဆိုလိုခြင်းကတော့ ဘယ်နည်းနဲ့မဆို NLD သည် တိုင်းရင်းသား အရေးအတွက်ကတော့ သိပ်အားမကိုးရတော့ဘူး၊ တိုင်းရင်းသားတွေအားကိုးစရာဆိုလို့ UNA ဒါမှမဟုတ် NBF ရှိခဲ့ရင်လည်း NBF  ဖြစ်လာမှာပေါ့ဗျာ၊ နောက်ပြီးတော့ ကျနော်တို့ လွှတ်တော်မှာတက်နေတဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေပေါ့နော်"
အဲ့ဒီအစည်းအဝေးမှာ အရင်က အဖွဲ့ဝင် ၈ ဖွဲ့ရှိတဲ့ UNA ကို နောက်ထပ်အဖွဲ့ ၄ ဖွဲ့ကို လက်ခံလိုက်ပြီး အခုဆိုရင် အဖွဲ့ဝင် ၁၂ ဖွဲ့ ရှိပါတယ်။ အသစ်ဝင်ရောက်လာတဲ့ အဖွဲ့တွေကတော့ ခူမီး (ခမီ) အမျိုးသားပါတီ၊ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ ပါတီ၊ ရခိုင်မျိုးချစ်ပါတီ၊ မြိုအမျိုးသား ဒီမိုကရေစီပါတီတွေဖြစ်ပါတယ်။
လက်ရှိ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးအေးသာအောင်က ၂၁ရာစု ပင်လုံညီလာခံကျင်းပရင်တောင် ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့ အလားအလာ နည်းနေသေးကြောင်းနဲ့ စိတ်မလျှော့ကြပဲ ကြိုးစားကြဖို့ လိုအပ်ကြောင်း ပြောပါတယ်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အစည်းအဝေးကို ရန်ကုန်မြို့ ၉ မိုင်က ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ရုံးမှာ ကျင်းပခဲ့ပါတယ်။ အဲ့ဒီအစည်းဝေးမှာ UNA အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ရဖို့ တင်ပြထားတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေကို လက်ခံသင့်၊ မသင့် ကိစ္စနဲ့ UNA အဖွဲ့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။

Src: RFA
Previous
Next Post »
0 Komentar