Myanmar Web Font

Myanmar Web Font

Google Web Font ကိုသဘောကျရင်းနဲ့ စဉ်းစားမိတာက မြန်မာ Unicode တွေကော အဲလို လုပ်လို့မရဘူးလားပေါ့။ အဲလိုမျိုး လုပ်ဖို့ စဉ်းစားနေတာ ကြာတော့ ကြာနေပြီ။ ပြဿနာက ဘာလဲဆိုတော့ Mac OS X ပြဿနာပဲ။ Mac မှာက Master Piece ပဲ အလုပ်လုပ်တယ်။ font embed လုပ်လိုက်ရင် အခြား unicode font နဲ့ ရေးထားတာတွေ Mac မှာ ဖတ်လို့မရတော့ဘူး။ နောက်ပြီး iPhone iPad မှာ ဖတ်လို့မရတော့ဘူး။ Mac မှာဆိုရင်တော့ မြန်မာ Unicode အတွက် font embed မလုပ်တာ အကောင်းဆုံးပဲ။ ဘာလို့လည်းဆိုတော့ Rendering တွေ အလုပ်မလုပ်တော့လို့ပါ။ iPhone , iPad မှာဆိုရင် Masterpiece Uni Sans ပဲ အလုပ်လုပ်ပါတယ်။

Firefox မှာ ဆိုရင်တော့ ပြဿနာ တစ်ခုက Cross Domain ပဲ။ Blogspot မှာ ကျွန်တော်ပေးထားတဲ့ Script ထည့်မရဘူးဆိုတာက cross domain ကြောင့်ပါ။ Firefox က domain မတူတာကနေ request လုပ်တဲ့အခါမှာ font ကို မပြပေးဘူး။ အဲဒီတော့ font မမြင်ရတာတွေဖြစ်ကုန်တယ်။ မနေ့က Google App Engine ကို စမ်းရေးကြည့်မယ်ဆိုပြီး ရေးဖြစ်လိုက်တယ်။

http://mywebfont.appspot.com

အဲဒီပြထားတဲ့ CSS အတိုင်း အသုံးပြုရင် iPhone , iPad တွေဆိုရင် Masterpiece နဲ့ ပြောင်းအောင်လည်း လုပ်ထားပေးပါတယ်။ IE ဆိုရင်လည်း EOT ကို font embed ပြန်လုပ်ထားတယ်။ Chrome နဲ့ Mac OS ကိုတော့ support မလုပ်ဘူး။

နောက်ပြီး အကြံပေးချင်တာက Unicode font ကို သုံးမယ်ဆိုရင် Masterpiece ကို ရှေ့ဆုံးမှာ ထားစေချင်တယ်။ ဒါမှ iPhone , iPad မှာ မြင်ရပါလိမ့်မယ်။ နောက်ပြီး Mac OS နဲ့ website ကြည့်တဲ့ သူတွေကို အဆင်ပြေစေပါတယ်။

h1 { font-family:"Masterpiece Uni Sans",Yunghkio,Myanmar3; }

ဇော်ဂျီ သမားတွေအတွက်လည်း Zawgyi ကို font embed လွယ်လွယ် ကူကူ ထည့်လို့ရအောင် လုပ်ထားပေးပါတယ်။ ဇော်ဂျီ font မရှိတဲ့သူတွေလည်း လွယ်လွယ် ကူကူ ကြည့်လို့ရအောင် embed လုပ်နိုင်ပါတယ်။ OFL မဟုတ်တဲ့ font တွေက Embed လုပ်ခွင့်မရှိပါဘူး။ ဒါကြောင့် OFL ရတဲ့ font တွေကိုသာ css link ထုတ်ထားပေးတာပါ။ ဘယ်လို အသုံးပြုလို့ရလဲ ဆိုတာ အောက်မှာ လေ့လာကြည့်လိုက်ပါအုံး။


Code:











Yunghkio မြန်မာစာ
Myanmar 3 မြန်မာစာ
Padauk မြန်မာစာ
Parabaik မြန်မာစာ
နေကောင်းလား

Previous
Next Post »
0 Komentar