Myanmar Unicode Font Embed Using Google Font:Early Access!

Myanmar Unicode
Google ကပေးထားတဲ့ ဒီ google font ဝန်ဆောင်မှုကို သိကြမှာပါ။Web font လှလှ လေးတွေကို ကိုယ် ကြိုက်တဲ့ နေရာမှာ သုံးရတာ အဆင်ပြေပါတယ် ။ Font တင်ဖို့ အတွက်လည်း hosting တွေရှာ နေစရာ မလိုတော့သလို font မပေါ်မှာကို လည်း စိုးရိမ်စရာ မရှိပါဘူး google ကနေပဲ စီစဉ်သွားတာမို့ ကိုယ်က သူတို့ ပြထားတဲ့ ညွှန်ကြားချက် အတိုင်းလိုက်ပြီးတော့ ပြင်ပေးဖို့ ပဲ လိုတာပါ။ Myanmar Unicode Font ကိုသုံးတဲ့ Blog တွေမှာ အခြား user တွေလည်း ဖတ်လို့ ရအောင်လို့ font embed လုပ်ထည့်ရပါတယ်။ကျနော် ဆို hosting တစ်ခုမှာ ရှာပြီးတော့ တင်ရပါတယ်။အဲ့လိုတွေ အလုပ်ရှုပ်လာတော့ Google မှာ မြန်မာ font တွေပါ ထည့်ပေးရင် ကောင်းမယ် လို့ စဉ်းစားမိတယ်။အဲ့တာဆို ပို အဆင်ပြေသွားမှာပါ။ ဘယ်ကတည်းက အထောက်အပံပေးတာလဲ တော့ မသိပါဘူး ကျနော်တော့ အခုမှ မြင်မိတာပါ။ သုံးလို့ရတဲ့ မြန်မာ ယူနီကုဒ် font အမည်တွေကတော့ Myanmar Sans Pro Noto Sans Myanmar Padauk Tharlon တို့ ဖြစ်ကြပါတယ်။ ကျနော် ကတော့ Google ကလုပ်ထားတဲ့ Noto Sans Myanmar Font ကို ဒီလို သုံးလိုက်ပါတယ်။

 https://www.google.com/fonts/earlyaccess

 @font-face { font-family: 'Noto Sans Myanmar'; font-style: normal; font-weight: normal; src: url(//fonts.gstatic.com/ea/notosansmyanmar/v3/NotoSansMyanmar-Regular.eot); src: url(//fonts.gstatic.com/ea/notosansmyanmar/v3/NotoSansMyanmar-Regular.eot?#iefix) format('embedded-opentype'), url(//fonts.gstatic.com/ea/notosansmyanmar/v3/NotoSansMyanmar-Regular.woff2) format('woff2'), url(//fonts.gstatic.com/ea/notosansmyanmar/v3/NotoSansMyanmar-Regular.woff) format('woff'), url(//fonts.gstatic.com/ea/notosansmyanmar/v3/NotoSansMyanmar-Regular.ttf) format('truetype'); } * , html, body, div,p ,post-body-snippet,title,widget-content{font-family:'Noto Sans Myanmar'!important;}

Src: http://www.aungmyokyaw.com/
Previous
Next Post »
0 Komentar