မြန်မာ့ပထမဆုံး ဗီဒီယိုဖုန်း ၀န်ဆောင်မှုကို ၂၀၁၁ နှစ်ဆန်းပိုင်းမှ စတင်၍ သုံးစွဲနိုင်တော့မည်

ရတနာပုံ တယ်လီပို့၊ Kinetic Myanmar Technology ကုမ္ပဏီနှင့် အခြား ပြည်တွင်း
အိုင်တီကုမ္ပဏီများ စုပေါင်း၍ မြန်မာ့ပထမဆုံး ဗီဒီယိုဖုန်းစနစ်ကို အကောင်အထည်
ဖော်သွားမည်ဟု ကြားသိရသည်။ ထို့ကြောင့် ၂၀၁၁ နှစ်ဆန်းပိုင်းမှ စတင်၍ FTTX
စနစ်သုံး ဖုန်းလိုင်းများတွင် စကားပြောသူ အချင်းချင်း တစ်ဖက်နှင့် တစ်ဖက်
မြင်ရသော ဗီဒီယိုဖုန်း ၀န်ဆောင်မှုကို သုံးစွဲနိုင်တော့မည်ဟု သတင်းရရှိသည်။

အဆိုပါ မြန်မာ့ပထမဆုံး ဗီဒီယိုဖုန်း စနစ်ကို FTTX စနစ်တွင် တွဲဖက်ပါဝင်သည့်
VOIP (Voice Over IP) ဖုန်းအချင်းချင်းသာ အသုံးပြုနိုင်မည် ဖြစ်ပြီး FTTX စနစ်
ရရှိနိုင်သော နယ်မြေများတွင်သာ ရရှိနိုင်မည်ဟု ဆိုသည်။ ၀န်ဆောင်ခ အနေဖြင့်
ဖုန်းသက်သက် ခေါ်ဆိုခ တစ်မိနစ် ၂၅ ကျပ်နှုန်း ဖြစ်ရာ ယခု လတ်တလော ၀ယ်လိုအား
များနေသော CDMA ဖုန်းများထက် ဖုန်းခေါ်ဆိုခ သက်သာသည်ဟု ဆိုနိုင်ပေသည်။
ဗီဒီယိုဖုန်းအဖြစ် တစ်မိနစ် ခေါ်ဆိုခ သတ်မှတ်ရန် အတွက်မူ ညှိနှိုင်းဆောင်ရွက်ဆဲ
ဖြစ်ကြောင်း သတင်းရရှိသည်။

လက်ရှိ မြန်မာပြည်တွင်းတွင် FTTX စနစ် တပ်ဆင်အသုံးပြုနိုင်ပြီ ဖြစ်သော
မြို့များမှာ ရန်ကုန်၊ မန္တလေး နှင့် ပြင်ဦးလွင် မြို့များသာ ရှိသေးရာ  မိသားစု
တစ်စုချင်း တစ်ဦးချင်း အင်တာနက် သုံးစွဲမှု မြင့်မားလာစေရေးနှင့်
ဗီဒီယိုဖုန်းများကို ကျယ်ပြန့်စွာ သုံးစွဲနိုင်ရေးတို့အတွက် FTTX ရရှိနိုင်သော
မြို့များ အရေအတွက် ယခုထက်ပို၍ များပြားလာစေရန် တိုးချဲ့သင့်ကြောင်း
ရန်ကုန်မြို့ခံ လူငယ်တစ်ဦးက *mmDailyNews *သို့ သူ၏အမြင်ကို ပြောပြခဲ့သည်။
Previous
Next Post »
0 Komentar