Chrome ကိုမြန်မာဖောင့် ကောင်းကောင်းရိုက်သုံးနိုင်ရန်..


ခုပို့လေးကိုပြန်မျှခွင့်ရလို့ စရေးတဲ့ အကိုKznTကို ကျေးဇူးတင်ပါတယ်.ကျနော်တို့ မော်ဇီလာကို ဖောင့်တွက်ကြောင့်
သာသုံးနေရပေမယ့် တခါတခါဖွင့်လိုက်ရင် အရမ်းကြာတယ်လေ.ခုတလောကို crash ကလဲ ခဏခဏဖြစ်နေလို့
4.0beta လေးကိုသုံးနေရတယ်.အရင်ကတော့ ကျနော်တို့ chrome မှာ စာဖတ်ကောင်းဖို့လောက်တွက်ပဲ ဖောင့်
တွေကိုပြင်ပြီး သုံးကျတယ်.ခုက စာရိုက်ရတာ အဆင်ပြေအောင်လို့chrome ထဲက အင်စတော foler လေးထဲမှာ
မြန်မာဖောင့်တွက် css လေး တခုကိုလုပ်ပေးလိုက်ရင်ရပါပြီ.ကျနော်လဲ စစဖတ်တုန်းကလိုက်ရှာလို့ ခက်နေတာ
နောက်မှ အဆင်ပြေတော့တယ်.ကဲစလုပ်ကြည့်မယ်.

စစချင်းကျနော်တို့ chrome install လုပ်ထားတဲ့ folder လေးထဲကို ကျနော် အောက်မှာပြထားသလိုသွားပါမယ်.
-
 C:\Users\Account Name\AppData\Local\Google\Chrome\User Data\Default\User StyleSheets
-
အဲ့ကောင်လေးကိုမသွားတတ်ရင် C: ကိုဖွင့်လိုက်ပြိးတော့ စာကြောင်းလေးကို ကူးပြီးရိုက်ထည့်လိုက်ပါ.အနီပြထားတဲ့
နေရာလေးမှာတော့ ကိုယ့်စက်က Account Name နာမည်လေးကိုပြောင်းပေးလိုက်မှရပါမယ်.
နောက် ကျနော်ပြောတဲ့ Folder လေးထဲကို ရောက်ရင် css ဆိုတဲ့ nodepad လေးကိုတခုကိုတွေ့ပါလေ့မယ်
သူ့ကိုဖွင့်လိုက်ပြီး အောက်က ကုတ်လေးကို ထည့်ပေးလိုက်ပါ.
-
* , html, body, div,p {font-family:Zawgyi-One !important;}
-
ပြီးရင် ပြန်ပြီးတော့ save လုပ်ပြီး ပိတ်ပေးလိုက်ပါ.ဒါပြီးရင် chrome ထဲကိုဝင်ပြီးတော့ ကျနော်တို့ zawgyi font
ပြောင်းပေးတဲ့နေရာလေးထဲကိုသွားပြီးတော့ language ဆိုတဲ့ Tab လေးမှာ check spelling ဆိုတာလေးကို
un check လုပ်ပေးပြီး ok နဲ့ပြန်ပိတ်လိုက်ပါ.ပြီးရင် Gmail ထဲကိုဝင်ကြည့်ပြီးတော့ စာလေးတွေရိုက်ကြည့်လိုက်ပါ
စာလုံးလှလှပပလေးတွေနဲ့ zawgyi ကို Chrome brower မှာသုံးနိုင်ပါပြီ.
ဒီအောက်မှာပုံတွေကို အစဉ်လိုက်ကြည့်ရင်နားလည်မှာပါ.






ဒီပုံလေးတွေကိုကြည့်ရင်နားလည်မှာပါ.ဒီပို့လေးတွေကို ကျနော့် အကိုရေးထားတဲ့ ပို့စ်လေးကိုဖတ်ပြီးနားလည်သလို window7 users များတွက်
ပြန်လည်ရေးသားလိုက်တာပါ.မူရင်းလေးကိုဖတ်ချင်တယ်ဆိုရင်
http://www.11dreams.net/2010/12/zawgyi-one-for-google-chrome.html မှာသွားရောက်ဖတ်နိုင်ပါတယ်၊၊

ပျော်ရွင်စရာနေ့ရက်လေးဖြစ်ပါစေဗျာ..
ကောင်လေးငယ်
http://kaunglaynge.net/

အ ပေါ် က ဥစာ က Vista  အ တွက် ပါ။ XP သမား တွေ အတွက် တော့ C:\Documents and Settings\account name\Local Settings\Application Data\Google\Chrome\User Data\Default ထဲကို သွားပြီး User StyleSheets ဆိုတဲ့ folder လေးကို ဆောက်ပါ ။
ပြီးရင် notepad ကိုဖွင့် ပြီး * , html, body, div,p {font-family:Zawgyi-One !important;} ဆိုတာလေး ကို copy ကူပြီး
save as နဲ့ သိမ်းပါမယ် ။သိမ်းတဲ့အခါ မှာလဲ file name  မှာ Custom.css လို.ရိုက် ပြီး Save as Type မှာ All files ကိုရွေးပါ
Encoding မှာတော့ ANSI ပါပဲခင်ဗျ။
သိမ်းရမယ့် လမ်းကြောင်း ကတော့ အပေါ် မှာပြခဲ့သလိုပဲ   C:\Documents and Settings\account name\Local Settings\Application Data\Google\Chrome\User Data\Default\User StyleSheets ထဲမှာပါ
ပြီးသွား ရင်တော့ ကိုကောင်ငယ်လေး ပြောသလိုပဲ Chrome ရဲ့  Option မှာ ဆက်ပြင် သွားရင်ရပါပြီ။
အဆင် ပြေ ကြပါစေ ဗျာ။
Previous
Next Post »
0 Komentar