Easy Mp3 Downloader

              ဒီပို့စ်လေးကတော့ Software  အကူအညီနဲ့  Mp3 သီချင်းတွေကို အလွယ်တကူ Download ရယူ နိုင်တယ်၊ တိုက်ရိုက် နာဆင်နိုင်တယ် အဲလို အထောက်အကူ လုပ်ပေးတဲ့ Software လေးတစ်ခုပါ။ ဒီကောင်လေးကို Easy Mp3 Downloader လို့ခေါ်ပါတယ်။   ယခု နောက်ဆုံး Version 4.1.9.8 ပါ။ မိတ်ဆွေ တို့လည်း စိတ်ဝင်စားရင် သုံးကြည့်ဗျာ အဆင်ပြေပါတယ်။  ကိုယ်စက်မှာ မရှိတဲ့ သီချင်းလေး ဒီကောင်လေး သုံးပြီးအလွယ်တကူ နားဆင်နိုင်တယ် ဒေါင်းယူနိုင်တယ်ဗျာ။ မဆိုးပါဘူး သုံးလို့လည်းအဆင်ပြေတယ်။ ဒီ Software ရဲ့  ဖိုင် size ကလည်း  8.91 Mb လေးပဲရှိတယ်။

       စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေ အလွယ်တကူ ဒေါင်းယူ အသုံးပြုနိုင်ပါတယ်။ မကြိုက်ရင် ပြန်ဖြုတ်ပေါ့ဗျာ..ဟီး။ ကျွန်တော် အရမ်းညွန်းလို့သာ အောင့်သက်သက်နဲ့ သုံးနေရတယ် ဖြစ်နေမယ် ...:)  အသုံးပြုလိုတဲ့ သူငယ်ချင်းတွေ ဒီ Software လေးထဲမှာ Patch ဖိုင်လေးပါ ထည့်ပေးထားပါတယ် အဆင်ပြေဆုံးဖြစ်ပါလိမ့်မယ်။  ကျွန်တော် အောက်မှာ ဒီ Software လေးကို အောက်မှာ သုံးပြထားပါတယ်.... 



             အပေါ်က ပုံလေး အတိုင်းပါပဲ ..။ သဘောတခုဗျာ  Lady Gaga သီချင်းတွေ နားထောင်ချင်တယ် ဆိုပါဆို့ အပေါ်က ပုံလေးလို ရှာတဲ့ Box လေး မှာ Lady Gaga လို့ရေးထည့်ပြီ Search button နှိပ်လိုက် သူသီချင်းတွေ အကုန်ကျလာပါလိမ့်မယ်။ တိုက်ရိုက် နားထောင်လို့လည်းရပါတယ်။ အလွယ်တကူ ဒေါင်းယူနိုင်ရန် Download Button လေး နှပ်ပြီး ဒေါင်းယူနိုင်ပါတယ်။ အဲလိုမျိုး မြန်မာသီချင်းတွေ ကိုလည်း တိုက်ရိုက် ရှာလို့ရပါတယ်။ အင်္ဂလိပ်လို မရှာချင်ရင်  Myanmar Font နဲ့ မိမိရှာလိုတဲ့ အဆိုတော် နာမည်လေး ရေးထည့်ပြီး ရှာကြည့်ဗျာ။ သူနဲ့ ပတ်သက်တဲ့ သီချင်းတွေ ကျလာပါလိမ့်မယ်။ မြန်မာဖောင့် မပေါ်ပေမဲ့ ဖောင့်ပြောင်းပြီး မှန်းရေးလိုက်ဗျာ... ဒါဆို အဆင်ပြေသွားပါလိမ်မယ့်.....။



    Software ကို အောက်မှာဒေါင်းယူလိုက်ပါ---->

ဒီမှာဒေါင်းယူပါ

Previous
Next Post »
0 Komentar