How to install Zawgyi on JailBroken iPod/iPhones

This guide only applies to Jailbroken iPod Touch & iPhones.
အခုရေးမယ့် Guide က Jailbroken လုပ်ထားတဲ့ iPod Touch နဲ့ iPhones တွေပေါ်မှာ Zawgyi Font ကို install လုပ်တဲ့ နည်းဖြစ်ပါတယ်။ Zawgyi font နဲ့ ရေးထားတဲ့ webpages တွေကို ဖတ်လို့ရအောင်ပါ။ အခု guide က Windows ပေါ်မှာ လုပ်နည်းကိုပဲ ရေးသွားပါမယ်။ iPod/iPhone ကတော့ ဘယ် generation မဆို JB ဖြစ်ရင် လုပ်လို့ရပါတယ်။
Font ကို install လုပ်ဖို့ iPod ပေါ်မှာ OpenSSH တင်ထားဖို့ လိုပါမယ်။ OpenSSH ကို Cydia ကနေ install လုပ်လိုက်ပါ။ ပြီးရင် Windows အတွက် WinSCP ကို ဒီကနေ download လုပ်ပြီး Install လိုက်ပါ။ iPod ရဲ့ FontCache file ကို edit လုပ်ဖို့ pledit.exe ကိုလဲ ဒီကနေ download လုပ်ထားပါ။ တင်မယ့် Zawgyi font file ကိုလဲ အဆင်သင့် လုပ်ထားပါ။ တစ်ခု သတိထားရမှာက font extension က .ttf လိုမျိုး အကုန်လုံး အသေးနဲ့ ဖြစ်ရပါမယ်။ .TTF ဖြစ်နေရင် rename လုပ်ထားလိုက်ပါ။
Step by step ကို Screen shot ရိုက်ပြီး ပြချင်ပေမယ့် ကျွန်တော့် iPod ကို မနေ့ကပဲ Original Firmware ပြန်တင်ထားလို့ SSH နဲ့ ၀င်လို့မရတော့ပါဘူး။
WinSCP ကို သုံးပြီး iPod ထဲကို ၀င်ဖို့ Wireless Connection တစ်ခုရှိဖို့ လိုပါမယ်။ Access Point (or) Ad-Hoc နဲ့ Connection တစ်ခု လုပ်လိုက်ပါ။ iPod ရဲ့ IP ကိုလဲ မှတ်ထားပါ။
WinSCP ကို run လိုက်ပါ။ Hostname: ဆိုတဲ့ နေရာမှာ iPod ရဲ့ IP address ကို ထည့်ရပါမယ်။ Port က တော့ 22 ပါပဲ။ Username နေရာမှာ “root” နဲ့ password က “alpine” လို့ ထည့်ပေးလိုက်ပါ။ (quotes ” ” တွေ မပါပဲထည့်ရမှာပါ) ပြီးရင် Login ကို နှိပ်ပေးလိုက်ပါ။
Login successful ဖြစ်သွားရင် WinSCP ထဲက ညာဖက်မှာ iPod ရဲ့ System file တွေကို တွေ့ရမှာပါ။ ဘယ်ဖက်က PC ထဲက ဖိုင်တွေ ဖြစ်ပါတယ်။ အဲဒီ ညာဖက်က file directory တွေအပေါ်နားမှာ Directory ပြောင်းတဲ့ Dropdown button လေးတစ်ခု ရှိပါတယ်။ သူ့ကို နှိပ်ပြီး “\” ကို ရွေးပေးလိုက်ပါ။ ဒါဆိုရင် iPod ရဲ့ root ထဲကို ရောက်သွားပါပြီ။
Capture
System ဆိုတဲ့ folder ကို လိုက်ရှာပြီး /system/library/fonts/cache အထိ ၀င်လိုက်ပါ။ ပြီးရင် Zawgyi.ttf ကို အဲဒီထဲကို ကူးထည့်လိုက်ပါ။
/fonts ကို ပြန်ဝင်လိုက်ပြီး CGFontCache.plist ဆိုတဲ့ ဖိုင်ကို စက်ထဲကို ကူးထည့်လိုက်ပါ။ အဲဒီ ဖိုင်ကို edit မလုပ်ခင်မှာ backup အရင် လုပ်ထားလိုက်ပါ။
pledit.exe နဲ့ CGFontCache.plist ကို ဖွင့်လိုက်ပါ။ ကျွန်တော်တို့ Zawgyi အတွက် entry ၂ ခု လုပ်ပေးဖို့ လိုပါမယ်။ Zawgyi ဆိုတော့ Z နဲ့စလို့ List ရဲ့ အောက်ဆုံးက Z နေရာမှာ ထည့်ရမှာပါ။ (နမူနာ CGFOntCache.plist ကို download လုပ်ဖို့ ထည့်ပေးထားပါတယ်။) အောက်မှ ပြထားတဲ့ code ကို ရှာလိုက်ပါ။
<key>Zapfino</key>
<string>/System/Library/Fonts/Cache/Zapfino.ttf</string>
ပြီးရင် သူ့ရဲ့အောက်မှာ ကပ်ပြီး အဲဒီ ပုံစံအတိုင်းပဲ အပေါ်က Key ကွင်းထဲမှာ Zawgyi-One လို့ ထည့်ပြီး အောက်က String နေရာမှာက Zawgyi ရဲ့ path ကို ထည့်ပေးလိုက်ပါ။ ဒါဆိုရင် ဒီလို ဖြစ်သွားပါပြီ။
<key>Zapfino</key>
<string>/System/Library/Fonts/Cache/Zapfino.ttf</string>
<key>Zawgyi-One</key>
<string>/System/Library/Fonts/Cache/Zawgyi-One.ttf</string>
Capture2
နောက် တစ်ဆင့်ကို ဆက်သွားပါမယ်။ အပေါ်က အတိုင်းလိုပါပဲ CGFontCache ရဲ့ အောက်ဆုံးမှာ entry တစ်ခု ထည့်ပေးရပါမယ်။ အောက်မှာပြထားသလို ရှာပြီး ဖြည့်လိုက်ပါ။
<key>Zapfino</key>
<dict>
<key>Plain</key>
<string>Zapfino</string>
</dict>
<key>Zawgyi-One</key>
<dict>
<key>Plain</key>
<string>Zawgyi-One</string>
</dict>
တစ်ခု သတိထားရမှာက အခု code ရဲ့ အောက်ဆုံးက </dict> အပြီးမှာ နောက်ထပ် </dict> ၂ ခု နဲ့ </plist> ဆိုတာ တစ်ခု ရှိသေးတာပါ။
Capture3
Edit ပြီးသွားရင်တော့ ပြင်ထားတဲ့ အခု CGFontCache ကို iPod ထဲက CGFontCache နဲ့ replace လုပ်ပြီး iPod ကို reboot ချလိုက်ရင် ဇော်ဂျီကို install လုပ်တာ ပြီးပါပြီ။ တခြား မြန်မာ ဖောင့်တွေကိုလဲ ဒီနည်းနဲ့ စမ်းပြီး Install လုပ်ကြည့်လို့ရပါတယ်။ တစ်ခုခု မှားသွားလို့ရှိခဲ့ရင်လဲ backup လုပ်ထားတဲ့ CGFontCache ကို ပြန်ထည့်လိုက်ရုံပါပဲ။
Previous
Next Post »
0 Komentar