iTextmm (Slide) ကီးဘုတ်မိတ်ဆက်

ဒီတစ်ခါတော့ iTextmm (Slide) ကီးဘုတ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီကီးဘုတ်လေးမှာတော့ ကီးတစ်ခုဆီက မြန်မာစကားလုံး (၅) လုံးကို ကိုယ်စားပြုပေးမှာဖြစ်ပြီး အသုံးပြုသူတွေအနေနဲ့ ကီးဘုတ် layout တွေကို ခဏခဏပြောင်းပြီး ကိုယ်လိုချင်တဲ့စကားလုံးကိုရှာနေရတဲ့ အချိန်ကိုလျော့ချပေးနိုင်အောင် ရည်ရွယ်ထားပါတယ်။
အသုံးပြုပုံကတော့ ကီးတစ်ခုမှာပါတဲ့အလယ်ကစကားလုံးကိုရိုက်ချင်ရင် အရင်ကီးဘုတ်သုံးသလိုမျိုးဘဲ ဖိနှိပ် (Tap) ပြီးအသုံးပြုရမှာဖြစ်ပါတယ်။ ကီးရဲ့လေးဘက်ဘေးတန်က စကားလုံးတွေအသုံးပြုချင်ရင်တော့ သက်ဆိုင်ရာကီးအပေါ်မှာ ဖိဆွဲ(Slide)လုပ်ပြီးအသုံးပြုရမှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် “ခ”ကိုရိုက်ချင်ရင် အဲ့ဒီကီးအပေါ်မှာ အပေါ်ဖိဆွဲ (Slide Up) နဲ့ အသုံးပြုရမှာဖြစ်ပါတယ်။ “င” ဆိုတဲ့စကားလုံးရိုက်ချင်ရင် ဘေးကိုဖိဆွဲ (Slide Left) ခြင်းအားဖြင့် အသုံးပြုရမှာဖြစ်ပါတယ်။ အလားတူဘဲ ကျန်တဲ့စကားလုံးများလည်း သက်ဆိုင်ရာအလိုက် Slide လုပ်ပြီးအသုံးပြုရမှာဖြစ်ပါတယ်။
အခုမိတ်ဆက်ပေးထားတဲ့ Slide ကီးဘုတ်ကဇော်ဂျီဖောင့်ကိုရိုက်နိုင်အောင်ပြုလုပ်ပေးထားတဲ့အတွက် ပါဉ်ဆင့်စကားလုံးများရိုက်ချင်ရင်တော့ အရင်ကီးဘုတ်လိုမျိုးဘဲ သက်ဆိုင်ရာစကားလုံးမှာ Long Press ဖိနှိပ်ရင်တော့ ပါဉ်ဆင့်စကားလုံးများ Popup keyboard နဲ့ထည့်ပေးထားသလို ယယင့်အမျိုးအမျိုးအတွက်လည်း Popup Keyboard နဲ့ထည့်သွင်းပေးထားပါတယ်။
ယခုမိတ်ဆက်ပေးထားတဲ့ iTextmm(slide) ကီးဘုတ်လေးရဲ့ .apk ကိုလိုချင်ရင်တော့
or
မှာသွားရောက်ဒေါင်းနိုင်ပါတယ်။
ပျော်ရွှင်ပါစေ :D
Previous
Next Post »
0 Komentar